ခန္ဓာကိုယ်အမွေးအမှင်ထူလွန်းတာကြောင့် သမန်းဝံပုလွေလို့ အခေါ်ခံခဲ့ရတဲ့ အမျိုးသား

19-10-2022-yyl-27.jpg

ကယ်လီဖိုးနီးယားပြည်နယ်က အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ခန္ဓာကိုယ်အမွေးအမှင်တွေက ပုံမှန်ထက် ထူနေတာကြောင့် တကယ့်ဘဝက သမန်းဝံပုလွေအဖြစ် အခေါ်ခံခဲ့ရပါတယ်။ သူက “မစ္စတာတယ်ဒီဘဲယား”(Mr Teddybear) လို့ပဲ ခေါ်တာကို ကြိုက်နှစ်သက်ခဲ့ပေမဲ့ အခုတော့ သမန်းဝံပုလွေလို့ အခေါ်ခံရတာကို အသားကျနေပါပြီ။

မစ္စတာတယ်ဒီ အသက် ၁၃ နှစ်အရွယ်မှာ ခန္ဓာကိုယ်အမွေးအမှင်တွေစပြီး သန်လာခဲ့တာပါ။ အဲဒီကတည်းက အမွေးအမှင်တွေသန်လာတာက ဘယ်တော့မှ မရပ်တန့်ခဲ့တာပါ။ သူ အသက်ကြီးလာတော့ သူ့ရဲ့ခန္ဓာကိုယ်အမွေးအမှင်ကြောင့် ရှက်သလိုခံစားခဲ့ရတယ်။ သူ့ရဲ့ရည်းစားဟောင်းတွေက သူ့ကို မကြာခဏအရှက်ခွဲပြီး သူ့ရဲ့အမွေးအမှင်တွေကို ရိတ်ပစ်ဖို့ ဖိအားပေးခဲ့ကြပါတယ်။ သူ ရှက်တဲ့စိတ်ဖြစ်လာတဲ့အချိန် လွန်ခဲ့တဲ့နှစ်တွေတုန်းက သူ့ရဲ့ခန္ဓာကိုယ်အမွေးအမှင်တွေကို ဖယောင်းနဲ့အမွေးချွတ်တယ်။ လေဆာနဲ့ဖျောက်တာတွေ အားလုံးလုပ်ခဲ့တယ်။

ဒါပေမဲ့ အမွေးအမှင်တွေကို ဖယ်ရှားပြီးသွားရင် (၃) နာရီအတွင်း ပြန်ပေါက်လာပါတယ်။ အမွေးအမှင်ဖယ်ရှားတာ အဆင်မပြေကတည်းက သူဟာ အရှိကိုအရှိတိုင်း လက်ခံလိုက်ဖို့ ကြိုးစားခဲ့ပါတယ်။ အခုတော့ မစ္စတာတယ်ဒီက အမွေးအမှင်ဖယ်ရှားတာကို မလုပ်တော့ဘဲ စွန့်လွှတ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် သမန်းဝံပုလွေအဖြစ် လက်ခံလိုက်ပါပြီ။

သမန်းဝံပုလွေတစ်ကောင်အဖြစ် လက်ခံလိုက်တာက သူ့အတွက် အဆင်ပြေသွားပါတယ်။ သူ့ကို အားပေးတဲ့သူတွေက follower 141k ရှိတဲ့ သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ တင်တဲ့ သူ့ရဲ့အကြောင်းနဲ့အမွေးအမှင်ထိန်းသိမ်းနည်းတွေအကြောင်းကို နှစ်သက်နေကြပါတယ်။ မစ္စတာတယ်ဒီက သူ့ရဲ့အမွေးအမှင်အတွက် အသုံးပြုဖို့ ကိုယ်ပိုင်ထုတ်ကုန်ကိုတောင်လုပ်ထားပါတယ်။

Ref: Man Called ‘Mr Teddybear’ Has Body Hair So Thick He Has Been Dubbed A ‘Real Life Werewolf’

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top