ဟွန်ဒူးရပ်စ်သမ္မတကတော်ဟောင်း ထောင်ဒဏ်(၅၈)နှစ် ချမှတ်ခံရ

yyl69030.jpg

ဟွန်ဒူးရပ်စ်သမ္မတကတော်ဟောင်း ဘိုနီလာကို လိမ်လည်မှု၊ ရန်ပုံငွေ မဆင်မခြင်သုံးစွဲမှု စတဲ့စွဲချက်တွေနဲ့ ဟွန်ဒူးရပ်စ်နိုင်ငံ အမြင့်ဆုံးတရားရုံးက ထောင်ဒဏ် ၅၈ နှစ်ချမှတ်လိုက်ပါတယ်။ သမ္မတဟောင်း လိုဘိုရဲ့ဇနီး ဘိုနီလာဟာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလကတည်းက ထိန်းသိမ်းခံထားရသူပါ။ သူ့ရဲ့အမှုသည် ဘိုနီလာမှာ အပြစ်မရှိလို့ အထက်တရားရုံးချုပ်ကို အယူခံဝင်သွားမယ်လို့ တရားပြိုင်ရှေ့နေက ပြောပါတယ်။ အဲဒီအယူခံဟာ ဘိုနီလာအတွက် နောက်ဆုံးအခွင့်အရေး ဖြစ်ပါတယ်။

ဘိုနီလာဟာ ၂၀၁၀ ပြည့်နှစ်ကနေ ၂၀၁၄ ခုနှစ်ကာလအတွင်း လူမှုစီမံကိန်းတွေအတွက် အသုံးပြုမယ့် နိုင်ငံတကာလှူဒါန်းငွေနဲ့ ပြည်သူ့ရန်ပုံငွေထဲကနေ အမေရိကန်ဒေါ်လာ ၇၇၉၀၀၀ ကို အလွဲသုံးစားလုပ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။ သူဟာ ဆေးကုစရိတ်၊ လက်ဝတ်ရတနာဝယ်ယူမှု၊ သားသမီးတွေ ကျောင်းစရိတ်နဲ့
ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် ငွေကြေးအလွဲသုံးစားလုပ်ခဲ့တယ်လို့ ရှေ့နေချုပ်ရုံးက ပြောပါတယ်။

ဘိုနီလာရဲ့ အပေါင်းအပါ ဆာအူလ်ကိုလည်း လိမ်လည်မှု၊ ပြည်သူ့ရန်ပုံငွေ အလွဲသုံးစားလုပ်မှုနဲ့ တရားရုံးက ထောင်ဒဏ် ၄၈ နှစ် ချမှတ်ခဲ့ပါတယ်။ သူတို့အနေနဲ့ အယူခံဝင်ခဲ့လို့ မအောင်မြင်ခဲ့ဘူးဆိုရင်လည်း ထောင်ဒဏ်နှစ် ၃၀ ပဲ ချမှတ်ခံရမှာပါ။ ဟွန်ဒူးရပ်စ်နိုင်ငံရဲ့ ဥပဒေအရ ပြစ်မှုကျူးလွန်သူတွေကို အများဆုံး ထောင်ဒဏ် နှစ် ၃၀ ပဲ ချမှတ်ခွင့်ရှိပါတယ်။
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top