အဖွဲ့ဖွဲ့စည်းခြင်း ၁၅ နှစ်ပြည့်နှစ်ပတ်လည်အတွက် အဖွဲ့ဝင် ၄ ဦးလုံး ပြန်လည်စုဝေးခဲ့ကြတဲ့ 2NE1

17.5.24-yyl-4.jpg

မြန်မာပရိသတ်တွေရဲ့အားပေးနှစ်ခြိုက်မှုကို အခိုင်အမာရရှိခဲ့တဲ့ 2NE1 အဖွဲ့ဟာဆိုရင် ၁၅ နှစ်ပြည့်မြောက်သွားခဲ့ပါပြီ။ ၁၅ နှစ်ပြည့်နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ 2NE1 အဖွဲ့ဝင် ၄ ဦးဟာ ပြန်လည်စုဝေးခဲ့ကြပါတယ်။ သူတို့အဖွဲ့စတင်ဖွဲ့စည်းခြင်း ၁၅ နှစ်ပြည့်နှစ်ပတ်လည်နေ့အတွက် အဖွဲ့ဝင် ၄ ဦးလုံးဟာ ပြန်လည်ဆုံစည်းပြီးတော့ ဓာတ်ပုံရိုက်ကူးမှုပြုလုပ်ခဲ့ကြပါတယ်။

အဖွဲ့ ဝင် ၄ ဦးက သူတို့ရဲ့ဆွဲဆောင်မှုရှိတဲ့ဓာတ်ပုံတွေကို အင်စတာဂရမ်အကောင့်မှာ တင်ပြီးတော့ ၁၅ နှစ်တာလုံး အားပေးခဲ့ကြတဲ့ သူတို့ရဲ့ပရိသတ်တွေကို ချစ်ခြင်းမေတ္တာတွေ ပြသခဲ့ကြပါတယ်။

အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ CL ကလည်း သူ့ရဲ့ပရိသတ်တွေကို ကိုရီးယားလိုရော အင်္ဂလိပ်လိုပါ စာရေးသားခဲ့ပါတယ်။ “2NE1 ဆိုတာက လူတွေနဲ့ ချစ်ခြင်းမေတ္တာ၊ ပျော်စရာတွေ၊ ဖန်တီးမှုတွေ၊ ချိတ်ဆက်မှုတွေ လွတ်လပ်စွာ ခံစားစေခဲ့တဲ့ ငါ့ရဲ့အိမ်လေးတစ်လုံးဖြစ်ခဲ့တာပါ။ ဒီနေ့ 2NE1 က မင်းတို့ရဲ့အလင်းရောင်တွေကို ခံစားမိစေဖို့ သတိပေးရာရောက်ဖို့ မျှော်လင့်ပါတယ်။ အမြဲတမ်း ကျေးဇူးတင်နေပါတယ်”လို့ ရေးသားခဲ့တာပါ။

Ref: 2NE1 Reunites For 15th Anniversary

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top