ရိုးရာလေးတိုတိုထွာထွာ

17.5.24-yyl-8.jpg

ကမ္ဘာပေါ်မှာ ဧရာမကျောက်တုံးကြီးတွေကို ထောက်တိုင်အဖြစ် အသုံးပြုပြီး တည်ဆောက်ထားတဲ့ ရှေးအကျဆုံး အဆောက်အအုံတွေကတော့ တူရကီနိုင်ငံမှာရှိတဲ့ Göbekli Tepe ရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ ရှိပါတယ်။ ခရစ်တော်မပေါ်ခင် နှစ်ပေါင်း ၉၅၀၀ ကနေ အနည်းဆုံး နှစ်ပေါင်း ၈၀၀၀ ကတည်းက အဲဒီနေရာမှာ လူ့အဖွဲ့အစည်းတစ်ရပ် အခြေချ နေထိုင်ခဲ့ကြတယ်လို့ သတ်မှတ်ထားပါတယ်။

ဧရာမ ကျောက်တုံးကြီးတွေကို သုံးပြီး စက်ဝိုင်းပုံ တည်ဆောက်ထားတဲ့ အဆောက်အအုံတွေကြောင့် Göbekli Tepe က နာမည်ကျော်ကြားပါတယ်။ ကျောက်တိုင်ကြီးတွေမှာ လူ၊ နတ်ဘုရား၊ တိရစ္ဆာန်တွေရဲ့ ပုံတွေ၊ ဝတ်စားဆင်ယင်မှုတွေကို ရေးထွင်းထားကြပြီး အဲဒီကာလမှ ဘာသာရေးယုံကြည်မှုနဲ့ အနုပညာတွေကို လေ့လာနိုင်စရာ ဖြစ်ပါတယ်။

Ref: Göbekli Tepe

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top