မာဝီကျွန်းမှ မီးဘေးသင့်ပြည်သူတွေကို လစဉ် ဒေါ်လာ ၁၂၀၀ စီ ထောက်ပံ့ပေးမယ့် ဒွိန်းဂျွန်ဆင်နဲ့ အော်ပရာဝင်းဖရေး

6.9.23-yyl-10.jpg

နှစ် ၁၀၀ ကျော်အတွင်း အမေရိကန်နိုင်ငံမှာ လူသေဆုံးမှုအများဆုံး မီးလောင်မှုဖြစ်တဲ့ မာဝီကျွန်း တောမီးလောင်ကျွမ်းမှုမှာ ထိခိုက်နစ်နာခဲ့တဲ့ မီးဘေးသင့်ပြည်သူတွေကို လစဉ်လတိုင်း ဒေါ်လာ ၁၂၀၀ စီ ထောက်ပံ့သွားဖို့အတွက် ဒွိန်းဂျွန်ဆင်နဲ့ အော်ပရာဝင်းဖရေးတို့က သူတို့ရဲ့ကိုယ်ပိုင်ပိုက်ဆံနဲ့ အထူးရန်ပုံငွေတစ်ရပ် ထူထောင်ခဲ့ကြပါတယ်။

တောမီးလောင်ကျွမ်းမှုမှာ ထိခိုက်ဒဏ်ရာရသူ(သို့) အဆောက်အအုံ ပျက်စီးဆုံးရှုံးခဲ့သူတွေကို ပံ့ပိုးကူညီဖို့ ဒွိန်းဂျွန်ဆင်နဲ့ အော်ပရာဝင်းဖရေးတို့က The People’s Fund of Maui ရန်ပုံငွေအတွက် အမေရိကန်ဒေါ်လာ ၁၀ သန်း မတည်ခဲ့ကြတာပါ။

” ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ မီးဘေးသင့်ဒေသက လူတွေနဲ့ ကျွန်မ ဆုံခဲ့တယ်။ သူတို့အတွက် အဓိကလိုအပ်ချက်က ဘာလဲ၊ ကျွန်မ ဘယ်လိုကူညီပေးနိုင်မလဲလို့ မေးတဲ့အခါ ငွေကြေးအခက်အခဲရှိနေတာ တွေ့ရပါတယ်။ ရပ်ရွာလူထုက အံ့အားသင့်စရာ စည်းလုံးမှုမျိုး ပြသခဲ့ပါတယ်။ အဲဒီလူတွေအတွက် ကျွန်မ ကူညီပေးချင်ပါတယ်” လို့ အော်ပရာဝင်းဖရေးက ဆိုပါတယ်။

တောမီးလောင်ကျွမ်းမှု ကြုံခဲ့ရပြီးနောက် ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရက ထောက်ပံ့ကူညီမှုတွေ လုပ်ခဲ့သလို GoFundMe ပေ့ချ်တွေကနေ ရန်ပုံငွေ ကောက်ခံခဲ့ကြပြီး Upcounty နဲ့ Lahaina မှ မီးဘေးသင့်ပြည်သူတွေအတွက် ရန်ပုံငွေ ဒေါ်လာ ၁၀ သန်းကျော် ရရှိခဲ့ပါတယ်။

Ref: Oprah And Dwayne Johnson Giving $1,200 Per Month To Maui Wildfire Survivors

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top