နာမည်ကြီးကိုရီးယားအမျိုးသားအဆိုအဖွဲ့ 2PM အဖွဲ့ဝင် ထယ်ဂျွန်ဟာ ဧပြီလ ၂၄ ရက်နေ့ကျ ဆိုးလ်မြို့မှာ ၁၀ နှစ်ကြာတွဲခဲ့တဲ့ ချစ်သူကောင်မလေး (အနုပညာအသိုင်းအဝိုင်းကမဟုတ်တဲ့သူ) နဲ့ လက်ထပ်တော့မှာဖြစ်ပါတယ်။
မင်္ဂလာပွဲနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်အားလုံးကို သတို့သမီးလောင်း (အနုပညာလောကသားမဟုတ် ) အတွက်ထည့်သွင်းစဉ်းစားပြီးတော့ လျှို့ဝှက်ထားမှာဖြစ်တယ်လို့ ထယ်ဂျွန်ရဲ့အေဂျင်စီ 51K က ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
သတို့သမီးလောင်းက အသက် ၃၈ နှစ် ထယ်ဂျွန်ထက် ၄ နှစ်ငယ်ပြီး သူတို့ရဲ့ဆက်ဆံရေးကို ၂၀၂၀ ခုနှစ်က ပရိသတ်တွေကို အသိပေးခဲ့တာပါ။
ပါရီမှာ လက်ထပ်ခွင့်တောင်းခဲ့တဲ့ ထယ်ဂျွန်ရဲ့ဓာတ်ပုံတွေကို ဓာတ်ပုံဆရာက အင်စတာဂရမ်မှာ ၂၀၂၄ ခုနှစ် ဧပြီလမှာ တင်ခဲ့ပေမဲ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီကျမှသာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ အဲ့ဒီတုန်းက သူ့ရဲ့အေဂျင်စီကတဆင့် မကြာခင် လက်ထပ်ဖို့အစီအစဉ်မရှိသေးဘူးလို့ ပြောကြားခဲ့တာပါ။ အေဂျင်စီက အဲ့ဒီဓာတ်ပုံတွေဟာ ထယ်ဂျွန်ရဲ့ကောင်မလေးမွေးနေ့ကို ဂုဏ်ပြုဖို့ ရိုက်ကူးခဲ့တာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
၂၀၂၅ ခုနှစ် နိုဝင်ဘာမှာတော့ ထယ်ဂျွန်က အင်စတာဂရမ်မှာ သူ့ရဲ့မင်္ဂလာသတင်းကို လက်ရေးစာတစ်စောင်နဲ့ ကြေညာခဲ့ပါတယ်။ “အချိန်အကြာကြီးကျွန်တော့ကို နားလည်ယုံကြည်ပေးတဲ့သူနဲ့ ကျွန်တော့်ဘဝရဲ့ကျန်ရှိတဲ့အချိန်တွေကို ကုန်ဆုံးသွားမယ်လို့ ကတိပေးထားတယ်”လို့ ထယ်ဂျွန်က ရေးသားခဲ့တာပါ။
Ref: 2PM’s Taecyeon to marry girlfriend of 10 years in April
WL (ရိုးရာလေး)

