ကိုးကိုးလီရဲ့ပိုင်ဆိုင်မှုအများစုကို အသက် ၈၆ နှစ်အရွယ် မိခင်ဖြစ်သူအတွက် ချန်ထားခဲ့တယ်လို့ သတင်းထွက်

12.7.23-yyl-6.jpg

နာမည်ကြီးဟောင်ကောင်အဆိုတော် ကိုးကိုးလီဟာ သူ့ခင်ပွန်း ကနေဒါနိုင်ငံသားဘီလျံနာနဲ့ ကွာရှင်းဖို့ ပြင်ဆင်နေခဲ့ပေမဲ့ ကွာရှင်းမပြီးခင် သေဆုံးသွားခဲ့တယ်။ သူ့ရဲ့ပိုင်ဆိုင်မှုအားလုံးကို အသက် ၈၆ နှစ်အရွယ် မိခင်ဖြစ်သူအတွက် ချန်ရစ်ထားခဲ့တယ်လို့ သတင်းထွက်ရှိခဲ့ပါတယ်။

ကိုးကိုးက ဟောင်ကောင်မှာ အိမ်ရာအဆောက်အအုံ ၇ ခုပိုင်ဆိုင်ထားပြီး အားလုံးက ဈေးကောင်းတဲ့နေရာတွေမှာ တည်ရှိတဲ့ အိမ်ကြီးတွေနဲ့ စီးပွားဖြစ်အဆောက်အအုံတွေပါ။ သူ့ရဲ့အိမ်ခြံမြေအစုစုက စုစုပေါင်း ဟောင်ကောင်ဒေါ်လာ သန်း ၂၂၀ တန်ကြေးရှိတယ်လို့ သိရပါတယ်။

အိမ်ရာအဆောက်အအုံ ၇ ခုမှာ ၄ ခုက ကိုးကိုးနဲ့သူ့အမေတို့ ပူးတွဲပိုင်ဆိုင်တာပါ။ အခြားအိမ်ရာအဆောက်အအုံတွေထဲကတစ်ခုက ကိုးကိုး၊ သူ့အမေနဲ့ သူ့အစ်မ ၂ ယောက်ရဲ့နာမည်နဲ့ မှတ်ပုံတင်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။ ကိုးကိုးကပဲ အားလုံးအတွက် ငွေပေးချေခဲ့တာပါ။

ကိုးကိုးရဲ့အိမ်တွေထဲကတစ်အိမ်က Barker Road မှာ တည်ရှိတဲ့ ဇိမ်ခံအိမ်ကြီးပါ။ ဒါဟာ ၁၉၈၈ ခုနှစ်က ဈေးကွက်မှာ ဟောင်ကောင်ဒေါ်လာ ၃.၅ သန်းတန်ကြေးရှိခဲ့တာပါ။ အခုဆို မူရင်းဈေးထက် ၁၆ ဆ ဟောင်ကောင်ဒေါ်လာ သန်း ၆၀ တန်ကြေးရှိနေပါပြီ။ သူ့အမေနဲ့ ရှယ်ယာဝင်ထားတဲ့ ကုမ္ပဏီက စီးပွားဖြစ်ရုံးခန်းအဆောက်အအုံတစ်ခုမှာ ယူနစ် ၂ ခုပိုင်ဆိုင်ထားပါတယ်။ အဲဒါတွေကို ၂၀၁၁ ခုနှစ်က ဝယ်ယူခဲ့ပြီး အခုဆို ဈေးကွက်တန်ဖိုး ဟောင်ကောင်ဒေါ်လာ ၁၂ သန်းရှိနေပါပြီ။

ကိုးကိုးနဲ့ သူ့အမေကလည်း Central Mid-levels ခရိုင်မှာ အိမ် ၃ လုံးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ကိုးကိုး၊ သူ့အမေနဲ့ အစ်မဖြစ်သူတွေ ပူးတွဲပိုင်ဆိုင်တဲ့ ပိုင်ဆိုင်မှုတွေက ဟောင်ကောင်ဒေါ်လာ ၂၉ သန်းရှိပါတယ်။

ဇူလိုင်လ ၁၁ ရက်နေ့အစောပိုင်းမှာ ထွက်ရှိလာတဲ့သတင်းကတော့ ကိုးကိုးရဲ့ခင်ပွန်းက သူနဲ့ကိုးကိုးတို့ မျှဝေပြီးပိုင်ဆိုင်မှုတွေအတွက် ချေပဖို့ တရားရင်ဆိုင်သွားတော့မယ်ဆိုတာပါပဲ။ ဒါပေမဲ့ ကိုးကိုးက သူ့ရဲ့ပိုင်ဆိုင်မှုအားလုံးကို သူ သေဆုံးပြီးတဲ့နောက် မိခင်ထံ အလိုအလျောက်လွှဲပြောင်းပေးမယ်ဆိုတာကို ဖော်ပြထားတဲ့ ပိုင်ဆိုင်မှုစာချုပ်မှာ လက်မှတ်ရေးထိုးထားတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

Ref: Coco Lee Said To Have Left Majority Of Her Properties, Worth A Reported S$37mil, To Her 86-Year-Old Mum

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top