ရှားပါးရောဂါကြောင့် ကမ္ဘာ့ရုပ်အဆိုးဆုံး အမျိုးသမီးလို့ သတ်မှတ်ခံခဲ့ရသူ

3-1-2023-yyl-36.jpg

AUSTIN, TX - MARCH 15: Lizzie Velasquez attends 'A Conversation With YouTube Celebrities iJustine And Lizzie Velasquez' during the 2015 SXSW Music, Film + Interactive Festival at Austin Convention Center on March 15, 2015 in Austin, Texas. (Photo by Travis P Ball/Getty Images for SXSW)

အရွယ်မတိုင်မီ အိုမင်းပြီး ခန္ဓာကိုယ်အတွက် ရှိသင့်ရှိထိုက်တဲ့ အဆီဓာတ်တွေ မထိန်းသိမ်းနိုင်တဲ့ ရှားပါးရောဂါတစ်မျိုးကြောင့် အမေရိကန်အမျိုးသမီး လစ်ဇီဗီလက်စ်ကွက်ဇ်ဟာ ကမ္ဘာ့ရုပ်အဆိုးဆုံးအမျိုးသမီးလို့ သတ်မှတ်ခံခဲ့ရတယ်။ မွေးရက်မစေ့ခင် ၄ ပတ် စောမွေးခဲ့ပြီး မွေးခါစမှာ ခန္ဓာကိုယ်အလေးချိန် ၂ ပေါင် ၁၁ အောင်စတောင် မပြည့်ခဲ့ပါဘူး။

Marfanoid–progeroid–lipodystrophy ဆင်ဒရုန်း ခံစားခဲ့ရတဲ့ လစ်ဇီဟာ ခန္ဓာကိုယ်အဆီဓာတ်ကို ထိန်းသိမ်းနိုင်ဖို့အတွက် တစ်နေ့လုံး အဆာပြေမုန့် မပြတ်တမ်း စားပေးရပါတယ်။ သူ့ရဲ့ ရုပ်ဆင်းသွင်ပြင်ကြောင့် ကျောင်းမှာ လှောင်ပြောင်၊ အနိုင်ကျင့်မှုတွေ ရင်ဆိုင်ခဲ့ရပေမဲ့ ဘဝကို အရှုံးမပေးခဲ့ပါဘူး။ တက္ကဆက်တက္ကသိုလ်မှာ သတင်းစကား ဆက်သွယ်ရေးဘာသာရပ် သင်ယူခဲ့ပြီး သူ့အမေနဲ့အတူ သူ့ရဲ့ အတ္တုပ္ပတ္တိစာအုပ် ရေးသားခဲ့ပါတယ်။

စိတ်ဓာတ်ခွန်အားပေးတဲ့ ဟောပြောသူ၊ စာရေးသူ၊ YouTuber အဖြစ် လူသိများပြီး သူ့ရဲ့ YouTube ဗီဒီယိုတွေကို ကြည့်ရှုသူ သန်းရာချီ ရှိခဲ့ပါတယ်။ သူ့အသက်ကတော့ ၃၃ နျစ်ပဲ ရှိပါသေးတယ်။

Ref: Lizzie Velásquez

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top