တိရစ္ဆာန်ရုံကနေ ပျောက်ဆုံးသွားခဲ့တဲ့ အနီရောင် ပန်ဒါဝက်ဝံလေးကို ပြန်တွေ့

24-7-2020-yyl-041.jpg

အိုဟိုင်းအိုးပြည်နယ်၊ ကိုလံဘတ်စ်မြို့ တိရစ္ဆာန်ရုံကနေ ပျောက်ဆုံးသွားတဲ့ အနီရောင်ပန်ဒါဝက်ဝံမလေးကို ပြန်တွေ့ပါပြီ။ ခိုရာလို့ အမည်ပေးထားတဲ့ ၂ နှစ်သားအရွယ် ပန်ဒါဝက်ဝံမလေးကို ပြီးခဲ့တဲ့ကြာသပတေးနေ့ညနေက ပြန်တွေ့ခဲ့တာပါ။ ထူးခြားပြီး မြွေပါပုံစံရှိတဲ့ အနီရောင်ပန်ဝါဝက်ဝံလေး ခိုရာဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ပျောက်ဆုံးသွားခဲ့တာပါ။ ခိုရာဟာ သိပ်မကြာသေးခင်က သားပေါက်နှစ်ကောင် မွေးထားပြီး ရင်သွေးတွေကို စောင့်ရှောက်ပေးနေဆဲဖြစ်လို့ သူ့ဘာသာသူ ပြန်ရောက်လာလိမ့်မယ်လို့ တိရစ္ဆာန်ရုံ အစောင့်အကြပ်တွေက ထင်မှတ်ခဲ့ကြပါတယ်။

ဒါပေမဲ့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ ကြံ့တွေ ကျက်စားတဲ့နေရာနဲ့ တိရစ္ဆာန်ရုံဝင်ပေါက်ကြား ရွက်ကြွေတွေကြားကနေ ဧည့်သည်တွေက ခိုရာကို ပြန်တွေ့ခဲ့တာပါ။ တိရစ္ဆာန်ရုံ အစောင့်အကြပ်တွေက လာခေါ်ချိန်မှာတောင် ခိုရာက လွယ်လွယ်နဲ့ပြန်မလိုက်ခဲ့ဘဲ အနီးနားမှာရှိတဲ့ သစ်ပင်ပေါ် တက်သွားခဲ့ပါတယ်။ အဲဒါကြောင့် အစောင့်အကြပ်တွေက သူ ကြိုက်တတ်တဲ့ စားစရာတွေနဲ့ များခေါ်ခဲ့ပေမဲ့ အလုပ်မဖြစ်ခဲ့ပါဘူး။ နောက်ဆုံးမှာ တိရစ္ဆာန်ရုံ အစောင့်အကြပ်တွေက သူ့ကလေးတွေကို ခေါ်လာပြီး ကလေးတွေ ငိုသံကြားချိန်မှာ ခိုရာက လှုပ်လှုပ်ရှားရှား ဖြစ်လာပေမဲ့ သစ်ပင်ပေါ်က ဆင်းမလာပါဘူး။ မိုးရိပ်တွေ တက်လာချိန်မှာတော့ အစောင့်အကြပ်တွေက ခိုရာကို မေ့ဆေးသေနတ်နဲ့ပစ်ဖမ်းပြီး အကျမနာစေဖို့ သစ်ပင်အောက်ကနေ ပိုက်ကွန်နဲ့ ခံထားပေးခဲ့တာပါ။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top