နှစ်သစ်မှာ မိဘတွေကို ကန်တော့ကြရအောင်

မြန်မာ့လူမျိုးတွေရဲ့ ဓလေ့ထုံးစံ အရ နှစ်ဟောင်းကုန်ပြီး နှစ်သစ်ကို ကူးပြောင်းပြီ ဆိုတာနဲ့ လူကြီး မိဘ ဆရာသမားတွေကို ကန်တော့ ကြရပါတယ်။ အရေးအကြီးဆုံးကတော့ မိဘတွေပေါ့။ ကန်တော့ဖို့ အတွက် လှူဖွယ်ပစ္စည်းတွေ များများ ရှိရှိမရှိရှိ မိဘတွေကိုတော့ ကန်တော့ ဖြစ်အောင် ကြိုးစားပါ။

မိမိအနေဖြင့် မိဘတင် မဟုတ်ဘဲ လူကြီးတွေ၊ ကျေးဇူးရှိခဲ့သော သူတွေကိုလည်း တတ်နိုင်သလောက် ကန်တော့သင့်ပါတယ်။ ကန်တော့အောင် သွားရင်လည်း မိမိတစ်ယောက်တည်း မဟုတ်ဘဲ ညီလေး၊ ညီမလေးတွေ၊ အကိုတွေ အမတွေ အားလုံး စုပြီး ကန်တော့ခြင်းဖြင့်လည်း ပိုပြီး ပီတိဖြစ်စရာ ကောင်းပါတယ်။

ဒါ့အပြင် ယခုလို မြန်မာ့နှစ်သစ်ကူးမှာ ကန်တော့ကြတဲ့ သူတွေဟာ ရေကို ဆောင်ယူသွားကြတာ ရှိပါတယ်။ မြို့ပြမှာတော့ ရေကို ကန်တော့တာ နည်းပါတယ်။ ကျေးလက်တောရွာမှာဆိုရင် ရေအိုးကို ခေါင်းပေါ်မှာရွက် အခြား လှူဖွယ်ပစ္စည်းတွေ ကိုင်ပြီး ကန်တော့ကြတဲ့ ဓလေ့ဟာ ခုထိ ရှိနေဆဲပါ။ ဘယ်လိုပဲ ကန်တော့ ကန်တော့ နှစ်သစ်မှာ မိဘများကို ကန်တော့ ဖြင်းဖြင့် ကျေးဇူးဆပ်နိုင်ကြပါစေ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top