လူမှုရေးကို အားတက်သရော လုပ်တဲ့ ဗြိတိန်တော်ဝင် မင်းသားဟယ်ရီ

harry-0.jpg

ဗြိတိန်တော်ဝင်မင်းသား ဖြစ်တဲ့ မင်းသားဟယ်ရီဟာ အားလပ်ရက်မှာ နီပေါနိုင်ငံ သွားရောက်ပြီးတော့ ရွာပြန်လည်တည်ဆောက်ရေးမှာ လုပ်အားပေးခဲ့ ပါတယ်။ ဗြိတိန် တော်ဝင် ဘုရင်မိသားစုဟာ နိုင်ငံရေး ကိစ္စတွေမှာ ပါဝင်ရမှု နည်းပြီး အလှူအတန်းနဲ့ ပရဟိတဆိုင်ရာတို့မှာ ပိုပြီးတော့ အချိန်ပေးရ ပါတယ်။ဗြိတိန်ဟာ ၎င်းတို့ရဲ့ မြင့်မြတ်တဲ့ မျိုးနွယ်ဂုဏ်ကို ဆက်လက်ထိန်းသိမ်းရန် အတွက် ခေတ်သစ်မှာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသော်ငြားလည်း ဘုရင့်မိသားစုကို ဆက်လက်ထားရှိစေပါတယ်။ ဘုရင်မိသားစုမှာ လက်ရှိ ဘုရင်မကြီးအဖြစ် အယ်လီဇဘတ်မှာ ရာထူးယူထားပါတယ်။ မင်းသားဟယ်ရီဟာ သူ့ရဲ့ အဖေဟာ ဘုရင်ဖြစ်ပြီးရင် နောက်ထပ် ဘုရင်ဖြစ်လာမယ့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ ဒါကြောင့်မို့ သူ့ကို ဗြိတိန်နိုင်ငံသားတို့က ချစ်ကြပြီး အမြဲစောင့်ကြည့်ကြပါတယ်။ တစ်ချိန်တုန်းက ဗြိတိန်ကို ကမ္ဘာမှာ အင်ပါယာ တည်ထောင်နိုင်လောက်အောင် ဖော်ဆောင်ပေးခဲ့တဲ့ ဘုရင့်မိသားစုကို ဗြိတိန်တို့ အင်မတန် ရိုသေ လေးစားကြပါတယ်။

မင်းသားဟယ်ရီဟာ တော်ဝင်လေတပ်သို့ ဝင်ရောက်ပြီး အာဖဂန်နစ္စတန်မှာ စစ်မှုထမ်းခြင်းလည်း ပြုလုပ်ခဲ့ပြီး အခြားသော အောက်ခြေသိမ်း ပရဟိတနဲ့ လူမှုရေးလုပ်ငန်းများကိုလည်း အမြဲ ပြုလုပ် ပါတယ်။ ယခုဆိုရင် မင်းသားဟယ်ရီဟာ နီပေါနိုင်ငံရှိ ဟိမဝန္တာတောနဲ့ နီးတဲ့ ရွာတစ်ရွာကို သွားရောက်လို့ ကူညီကယ်ဆယ်နေခြင်း ဖြစ်ပါတယ်။ ဗြိတိန်မှ Rubicon အမည်ရ ပရဟိတအဖွဲ့မှ မြေငလျင်ကြောင့် ပျက်ဆီးသွားတဲ့ တစ်ရွာလုံးကို ပြန်လည်တည်ဆောက်ပေးလျက် ရှိပါတယ်။ ယင်းတည်ဆောက်ပေးမှု စီမံကိန်းဟာ ငွေများ၊ ပစ္စည်းများ သွားရောက် လှူဒါန်းခြင်းသာ ပြုလုပ်ခြင်းမဟုတ်ပဲ မိမိခြေလက်များဖြင့် တိုက်တာများ ပြန်လည်တည်ဆောက်ခြင်းတို့ ပါဝင်ပါတယ်။ ယင်းလုပ်ဆောင်ချက်ဟာ တော်ရုံလူများ မလုပ်နိုင်တာကြောင့် ပရဟိတအဖွဲ့တောင် စစ်ပြန်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။

မင်းသားဟယ်ရီဟာ ထင်းခုတ်ခြင်း၊ သံတူများဖြင့် ရိုက်ခြင်း၊ မြေတူးခြင်း အစရှိသဖြင့် ခက်ခဲကြမ်းတမ်းတဲ့ လုပ်ဆောင်ချက်များကို သရုပ်ဆောင်ပမာ လုပ်ဆောင်ခြင်းမဟုတ်ပဲ တကယ်လက်တွေ့ လုပ်ကိုင်ခဲ့တာကြောင့် ဗြိတိန်နိုင်ငံသားတို့ရဲ့ အသဲကျော် ဖြစ်လာပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top