Life Hack သို့မဟုတ် လွယ်ကူရိုးရှင်းသော ဖြေရှင်းနည်းလေးများ

cheerful-woman-with-hairs-on-her-face-PGBGKT7.jpg

နေ့စဉ်နဲ့အမျှ ကျွန်ုပ်တို့ဟာ ရိုးရှင်းတဲ့ကိစ္စတစ်ချို့အတွက် ခေါင်းကိုက်နေတဲ့အခါတွေ ရှိတတ်ပါတယ်။

တစ်ခါတစ်လေ သိသလိုလိုနဲ့ မေ့နေတတ်တဲ့အခါတွေလည်းရှိတတ်ပါတယ်။ သိ်ပ်အရေးမကြီးဘူးထင်တဲ့အရာလေးတွေက တစ်ခါတစ်လေ ခေါင်းစားစေတတ်တာမို့ ဖြေရှင်းနည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ဆံပင်မှာ မတော်တဆများ ပီကေတွေ ကပ်နေလို့ စိတ်ညစ်နေပါသလား။ မြေပဲထောပတ်အနည်းငယ်ယူပြီး ကပ်နေတဲ့အနားတစ်ဝိုက်သုတ်လိမ်းပေးလိုက်ပါ။ ပြီးရင် သွားတိုက်တံလေးနဲ့ ဖြည်းဖြည်းချင်း ဖြီးချပေးလိုက်ပါ။ ဆံပင်မပျက်စီးသလို ပီကေလည်း အလွယ်တကူပါသွားပါလိမ့်မယ်။

၂။ သုတေသနပြုချက်တွေအရ စာမေးပွဲဖြေစဉ် ဒါမှမဟုတ် တစ်ခုခုစဉ်းစားနေခ်ျိန်အတွင်းမှာ ပီကေအရသာတစ်မျိုးထဲကို ဆက်တိုက်စားနေခြင်းက ခေါင်းစဉ်အပေါ်မှာ အာရုံစိုက်ရတာပိုလွယ်ကူပါတယ်တဲ့။ ဒါ့ကြောင့် ပီကေတစ်ထုတ်ဆောင်ထားကြပေါ့နော။

၃။ သော့တွဲတစ်ခုထဲ သော့တွေအများကြီးချိတ်ပြီး မမှတ်မိဖြစ်နေရင် လက်သည်းနီလေးနဲ့ လက်ကိုင်လေးတွေကို တစ်ရောင်စီခြယ်ပေးလိုက်ပါ။ စာတွေ သင်္ကေတတွေ အများကြီးလိုက်ရေးစရာ မလိုတော့ဘူးပေါ့။

၄။ တောင့်နေတဲ့ကော်လံတွေကို မီးပူတိုက်ရတာခက်ခဲနေတယ်ဆိုရင် အိမ်သုံးဆံပင်ဖြောင့်စက်လေးနဲ့ စက်ဆွဲပေးနိုင်ပါတယ်။ သပ်သပ်ရပ်ရပ် စမတ်ကျကျနဲ့ ပုံမပျက်လှနေစေမှာပါ။

၅။ ကားရှေ့မီးလုံးတွေကို တောက်တောက်ပြောင်ပြောင်လေး ဖြစ်သွားချင်ပါက သွားတိုက်ဆေးနဲ့ သေချာ ပွတ်တိုက်ဆေးကြောပေးနိုင်ပါတယ်။ လင်းလက် တောက်ပြောင်သွားစေပါမယ်။

၆။ လေ့ကျင့်ခန်းလုပ်တိုင်း အရမ်းပင်ပန်းနေတယ်လို့ ခံစားနေရပါသလား။ လေ့ကျင့်ခန်းမလုပ်ခင်မှာ လိမ္မော်သီးတစ်လုံးစားလိုက်ပါ။ လိမ္မော်သီးက ရေဓာတ်ဆုံးရှုံးမှုကို ထိန်းပေးထားနိုင်ပါတယ်။ ဒါ့အပြင် ကြွက်သားနာကျင်မှုတွေကိုလည်း လျော့နည်းစေပါတယ်။

၇။ ကြက်ဥပြုတ်စဉ်မှာ မုန့်ဖုတ်ဆော်ဒါနှစ်ဇွန်းကိုပါ ခပ်ထည့်ပေးလိုက်ပါ။ အားစိုက်စရာမလိုပဲ အခွံတွေကို အလွယ်တကူခွာနိုင်ပြီး ကြက်ဥကိုလည်း ပုံမပျက်ရရှိနိုင်ပါတယ်။

၈။ သစ်သီးဖျော်စက်ကို ဆေးကြောရခက်နေရင် အရင်ဆုံးမဆေးသေးပဲနဲ့ ရေ၊ ဆပ်ပြာဆီတွေထည့်ပြီး တစ်ခါလောက်ဖျော်လိုက်ပါ။ ပြီးမှဆေးပါ။ ဒါဆိုရင် အထူးတလည်တိုက်ချွတ်နေစရာ မလိုတော့ဘူးပေါ့။

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top