ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌအဖြစ် သရုပ်ဆောင် ဇင်ဝိုင်း ပြန်လည် ရွေးချယ်ခံရ

5-8-2020-yyl-024.jpg

သရုပ်ဆောင် ဇင်ဝိုင်းဟာ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌအဖြစ် ၂၀၁၁-၂၀၁၂ ခုနှစ်က တာဝန်ထမ်းဆောင်ခွင့် ရခဲ့သော်လည်း ကျန်းမာရေး အခြေအနေကြောင့် ဥက္ကဋ္ဌ သက်တမ်းအပြည့် တာဝန် ထမ်းဆောင်နိုင်ခြင်းမရှိခဲ့ပါဘူး။

စက်တင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အစည်းအဝေးခန်းမမှာ ကျင်းပ ပြုလုပ်တဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ အစည်းအဝေးအပြီး သရုပ်ဆောင် ဇင်ဝိုင်းကို ဥက္ကဋ္ဌအဖြစ် ရွေးချယ်ပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဇင်ဝိုင်းနဲ့ ခန့်စည်သူတို့နှစ်ဦးကို ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ရာထူးအတွက် အဆိုပြုလွှာတင်သွင်းခဲ့ရာ သရုပ်ဆောင် ဇင်ဝိုင်းက မဲ အနိုင်ရရှိသွားတာပဲ ဖြစ်ပါတယ်။

အသစ်ဖွဲ့စည်းလိုက်တဲ့ ရုပ်ရှင်အမှုဆောင် အဖွဲ့ဆိုရင်တော့ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ် ဇင်ဝိုင်းက ရွေးချယ်ခံခဲ့ရတာ ဖြစ်ပြီး ဒုတိယဥက္ကဋ္ဌအဖြစ် ဦးအေးကြူလေးနဲ့ ဦးဇော်မင်း (မင်္ဂလာ)၊ အတွင်းရေးမှူးအဖြစ် ဦးညီညီထွန်းလွင်၊ ဦးဇော်မြင့်ဦးနှင့် ဦးဇော်မင်း (ဟံသာမြေ) တို့ အပြင် အခြား အမှုဆောင် အဖွဲ့ဝင်များကို လည်း ရုပ်ရှင် လောက ကဏ္ဍအသီးသီး၊ အလွှာအသီးသီးမှ ဝိုင်းဝန်း ရွေးချယ် ခဲ့ကြတာပဲဖြစ်ပါတယ်။
Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top