မိုးရာသီမှာ ခြေထောက် အနံ့ဆိုးတွေကို ဖယ်ရှားပေးမယ့် ခြေထောက်ရေစိမ်နည်းများ

8-7-2020-yyl-048.jpg

မိုးတွင်းကာလဆိုတော့ မိုးကလည်း နေ့တိုင်းလိုလို သည်းကြီးမည်းကြီးရွာသွန်းလို့နေပါတယ်။ အပြင်ထွက်တာနဲ့ ထီးအမြဲဆောင်ထားရပြီး လမ်းလျှောက်ရင်တောင် မိုးရေတွေကြား စိုစိစိုစိဖြစ်နေတတ်ပါတယ်။ တချို့လူတွေကတော့ မိုးရာသီကို ကြိုက်ကြပေမယ့် တချို့ကတော့ မိုးရွာထဲ သွားရလာရတာ အဆင်မပြေတဲ့အတွက် မကြိုက်ကြပါဘူး။ အဲဒီလိုစိုစွတ်တဲ့ရာသီမှာ ခြေထောက်အနံ့ထွက်တာမျိုးလည်း ဖြစ်တဲ့အတွက် တချို့လူတွေ စိတ်ကသိကအောက်ဖြစ်ရပါတယ်။ ခြေထောက်အနံ့ဆိုးတွေ ပျောက်ဖို့ Beauty Salon ကိုလည်း မသွားချင်ဘူးဆိုတော့ သူတွေအတွက် အိမ်မှာပဲ ခြေထောက်အနံ့အသက် တွေပျောက်သွားစေမယ့် ခြေထောက်ရေစိမ်နည်းတွေကို စမ်းကြည့်လိုက်ကြနော်။

နှင်းဆီပွင့်ဖက်နဲ့ ခြေထောက်ရေစိမ်နည်း

မိုးရာသီမှာ သင့်ခြေထောက် အနံ့အသက်ကောင်းဖို့ဆိုရင် ရေဇလာထဲကို နှင်းဆီပွင့်ဖက်တွေထည့်လိုက်ပါ။ နှင်းဆီပွင့်ဖက်အနည်းငယ်ကို ချေမွပေးပြီး သံပုရာသီးစိပ်၊ အိုင်အိုဒင်းဆားအနည်းငယ်တို့နဲ့ ရေထဲထည့်ပေးပါ။ အသားရေကို ရေဓာတ်ဖြည့်ပေးဖို့အတွက် နှင်းဆီအဆီအနည်းကိုလည်း ထည့်ပေးသင့်ပါတယ်။ ပြီးသွားရင် အဲဒီရေဇလာထဲ သင့်ခြေထောက်ကို မိနစ် (၂၀) လောက် စိမ်ပေးလိုက်ရုံပါပဲ။ အဲဒီနောက်မှ ခြေထောက်ကို ရေခြောက်သွားအောင် သုတ်ပေးရမှာဖြစ်ပါတယ်။

ဗင်နီဂါနဲ့ ခြေထောက်ရေစိမ်နည်း

သင့်ခြေထောက်ကို နှံ့နှံ့စပ်စပ်ဆေးကြောပြီး ရေခြောက်အောင်သုတ်ပေးပါ။ ရေဇလာတစ်ခုကို ယူပြီး ရေနွေးနွေးနဲ့ ဗင်နီဂါတို့ကို ဖြည့်လိုက်ပါ။ ပြီးရင် အဲဒီရေဇလာထဲကို ခြေထောက်ကို ရေစိမ်ပေးလိုက်ရုံပါပဲ။ ဗင်နီဂါက ခြေထောက်အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်ပြီး ရောဂါပိုးကူးစက်နိုင်ချေကိုလည်း လျော့ချပေးနိုင်တာကြောင့် ကောင်းတဲ့အပြင် ဈေးမကြီးတဲ့ကုသနည်းပါပဲ။

မရှိမဖြစ်ဆီတစ်မျိုးနဲ့ ခြေထောက်ရေစိမ်နည်း

ခြေထောက်အနံ့ဆိုးတွေ ဖယ်ရှားဖို့အတွက် ဒီနည်းကလည်း အသုံးဝင်ပါတယ်။ လိမ္မော်ဆီ၊ စပါးလင်ဆီ၊ လာဗင်ဒါဆီလို မရှိမဖြစ်ဆီတွေကိုအသုံးပြုပြီးတော့ ခြေထောက်ရေစိမ်မယ်ဆိုရင် မိုးရာသီအတွင်းဖြစ်တတ်တဲ့ ခြေထောက်အနံ့ထွက်တာတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ရေဇလာထဲကို မရှိမဖြစ်ဆီတစ်မျိုးမျိုးနဲ့ ရေထည့်ပြီး ခြေထောက်ရေစိမ်ပေးမယ်ဆိုရင် အနံ့ထွက်တာသက်သာသွားစေနိုင်ပါတယ်။ Tea Tree ဆီအနည်းငယ်နဲ့လည်း ခြေထောက်ရေစိမ်ပေးလို့ရပါတယ်။ အဲဒီဆီက ဘတ်တီးရီးယားနဲ့ မှိုတွေကို သဘာဝအလျောက်သတ်ပေးပြီး ခြေထောက်အနံ့ပျက်သွားအောင်လည်း ကူညီပေးနိုင်ပါတယ်။

Ref: 3 Foot soaks to get rid of smelly feet in the monsoon

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top