နောက်စေ့မှာ မျက်စိရှိနေကြာင်း ဂျပန်သုတေသနပညာရှင်တွေ သက်သေပြ

2-6-2020-yyl-046.jpg

“Eyes in the back of the head” (နောက်စေ့မှာမျက်စိပါသည်။) ဆိုတဲ့ အဓိပ္ပာယ်ကို “သင်၏ အနီးနားတွင် ဖြစ်ပျက်သောအရာအားလုံးကို သိမြင်သည်” လို့ ကိန်းဘရစ်ခ်ျအဘိဓာန်မှာ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။

ဒီအီဒီယမ် ဖြစ်ပေါ်လာရတဲ့သမိုင်းကြောင်းနဲ့ အရင်းအမြစ်တွေကိုတော့ မသိရှိရပေမဲ့ ဂျပန်နိုင်ငံက လေ့လာချက်အသစ်တစ်ခုအရ နောက်စေ့မှာ မျက်စိပါတယ်ဆိုတဲ့ စကားရပ်က မျိုးဆက်တစ်ဆက်က တစ်ဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ ဓလေ့သုံးစကားတစ်ခုထက် ပိုတဲ့ ရှုမြင်တွေးခေါ်မှုဖြစ်ကြောင်း ဆိုပါတယ်။

ဂျပန်နိုင်ငံရှိ တိုဟိုခုတက္ကသိုလ် (Tohoku University) က ပါမောက္ခ ဆာတိုရှိ ရှိအိုအိရိ (Satoshi Shioiri) ဦးဆောင်တဲ့ သုတေသနအဖွဲ့ဟာ “ကြည့်ရှုသူ ဝန်းကျင်များ၏ ကွာဟမှု ပုံစံများ” ခေါင်းစဉ်ရှိတဲ့ လေ့လာမှုတစ်ခုကို ရေးသားခဲ့ကြပါတယ်။

လေ့လာသူ ၂၆ဦး ပါဝင်တဲ့ အုပ်စု (က)နှင့် ၂၉ဦး ပါဝင်တဲ့ အုပ်စု (ခ) တို့နဲ့ စမ်းသပ်ချက်တစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။ ပါဝင်သူတွေအားလုံးက တိုဟိုခုတက္ကသိုလ်က ကျောင်းသားတွေဖြစ်ပြီး ဒီလေ့လာချက်ရဲ့ ရည်ရွယ်ချက်ကို မသိရှိထားသူတွေ ဖြစ်ပါတယ်။

ကွန်ပျူတာဖန်သားပြင် ၆ခုရဲ့ အလယ်ဗဟိုမှာ သူတို့ကို ရပ်စေပါတယ်။ ဖန်သားပြင် ၆ခုပါဝင်တဲ့ မျက်နှာပြင်ဟာ သူတို့ရဲ့ ပတ်ပတ်လည် ၃၆ဝဒီဂရီမှာ ရှိနေပါတယ်။ ဖန်သားပြင်တစ်ခုစီပေါ် တစ်ချိန်တည်းမှာပဲ စာလုံး ၆လုံးစီ ပေါ်လာပါတယ်။ လေ့လာခံသူတွေကို ပစ်မှတ်ထားမယ့်စာလုံးတစ်ခု မေးမြန်းခဲ့ပါတယ်။ ဖန်သားပြင် ၆ခုအကြားမှာ ပစ်မှတ်စာလုံးနဲ့ အာရုံအပြောင်းအလဲတွေကို အလျဉ်းသင့်သလို ဖော်ပြပေးပါတယ်။ စာလုံးကို ရှာဖွေမှုကြာချိန်ကိုလည်း မှတ်တမ်းယူထားပါတယ်။

လေ့လာခံသူတွေက ပစ်မှတ်စာလုံး တည်နေရာကို တိကျသေချာစွာ မသိရှိဘဲ ပိုပြီးလျင်မြန်စွာ ရှာဖွေနိုင်ခဲ့ပါတယ်။ ဒါအပြင် ပုံစံတူ အကွာအဝေးအပြင်အဆင်တွေကို ပြုလုပ်ပြီးနောက်မှာ ပစ်မှတ်ထားထားတဲ့ စာလုံးကို နောက်ဘက်မှာ ထားရှိလိုက်တာတောင် ပစ်မှတ်ကို အမြန် ရှာဖွေနိုင်တာကို တွေ့ခဲ့ရပါတယ်။

ဒီလိုပြသမှုဟာ ပထမဆုံးအကြိမ်အဖြစ် အမြင်အာရုံစွမ်းဆောင်မှု မြင်ကွင်းနယ်ပယ်က အကန့်အသတ်မရှိနေကြောင်းကို ပြသလိုက်တာဖြစ်ပါတယ်။ တကယ်တော့ မြင်ကွင်းစွမ်းဆောင်ရည်ဟာ များစွာ ပိုမိုကျယ်ပြန့်တဲ့ နယ်ပယ်တစ်ခုဆီအထိ ရောက်နိုင်ပါတယ်။

ဒီလေ့လာချက်ရဲ့ ရလဒ်တွေကတော့ လူတွေရဲ့ဦးနှောက်တွေဟာ အနီးပတ်ဝန်းကျင်မှာရှိတဲ့ ပုံစံတွေကို ဖန်တီးနိုင်စွမ်း ရှိကြပြီး အမှန်တကယ် နောက်ကို လှည့်မကြည့်ဘဲနဲ့ နောက်ကို ခန့်မှန်းသိရှိဖို့ လူတွေက ဒီပုံစံတွေကို အသုံးပြုကြပါတယ်။ လူတွေရဲ့ဦးနှောက်ဟာ ၃၆ဝဒီဂရီ ကမ္ဘာလောကတစ်ခုကို ဖွဲ့စည်းတည်ဆောက်ထားပါတယ်။

ဦးနှောက်လုပ်ငန်းဆောင်ရွက်ချက်ဟာ သိမြင်နားလည်မှုနဲ့ လှုပ်ရှားမှုတွေကို ချိတ်ဆက်နေကြောင်းကို ဒီလေ့လာချက်က ဖော်ပြနေကြောင်း ဂျပန်သုတေသနပညာရှင်တွေက ပြောကြားလိုက်ပါကြောင်း…

Ref : Top Buzz “We Have ‘Eyes In The Back Of The Head,’ Study Shows”

Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top