လာမယ့်ရာသီမှာ ရေသောက်နားချိန် ပေးမှာကို ဂွာဒီယိုလာ မလိုလား

8-7-2020-yyl-047.jpg

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရေသောက်နားချိန် ခွင့်ပြုပေးထားပေမဲ့ လာမယ့်ရာသီမှာတော့ အဲဒီလိုခွင့်ပြုပေးမှာကို မလိုလားဘူးလို့ မန်စီးတီးနည်းပြ ဂွာဒီယိုလာက ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ၃ လကြာ ရပ်နားပြီး ပြန်စချိန်မှာ ပထမပိုင်းမှာရော၊ ဒုတိယပိုင်းမှာပါ ကစားသမားတွေကို ရေဓာတ်ဖြည့်ဖို့ ပွဲရပ်နားပြီး ရေသောက်ချိန်ပေးထားပါတယ်။ အဲဒီအခွင့်အရေးကို အသုံးပြုပြီး နည်းပြတွေက သူတို့ရဲ့အသင်းသားတွေကို နည်းဗျူဟာပိုင်းဆိုင်ရာ ညွှန်ကြားမှုတွေ လုပ်နေကြပါတယ်။

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုရက်စ်ကလည်း ဂွာဒီယိုလာကို ထောက်ခံခဲ့ပြီး ရေသောက်နားခွင့်ပေးဖို့ မလိုလားဘူးလို့ ဆိုပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရေသောက်နားခွင့်ပေးထားသလို အခုလို ပွဲကျပ်များတဲ့ကာလမှာ ကစားသမားတွေ ထိခိုက်ဒဏ်ရာရမှု လျော့နည်းစေဖို့အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကစားသမား ၅ ယောက်အထိ လူစားလဲခွင့်ပေးထားပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top