ခန္ဓာကိုယ်အသားပေးလွန်းတဲ့ဝတ်စုံကြောင့် အပေါစားဆန်တယ်လို့ဝေဖန်ခံနေရတဲ့ ကိုရီးယားအဆိုတော် ဟွန်းန

hyunah.jpg

တောင်ကိုရီးယားနိုင်ငံက အဆိုတော် ဟွန်းန (HyunA) ကို ရိုးရာလေးစာဖတ်ပရိသတ်တွေ သိကြမှာပါ။ သူက ပုရိသေတော်တော်များများ ကြိုက်နှစ်သက်တဲ့အဆိုတော်မလေးဖြစ်သလို သူ့ရဲ့ဖက်ရှင်အလန်းစားတွေကြောင့် မိန်းကလေးပရိသတ်တွေ အားကျနေရတဲ့ အနုပညာရှင်လည်းဖြစ်ပါတယ်။ မကြာသေးခင်ကမှ ဟွန်းနက အင်တာနက်အသုံးပြုသူတချို့ကို စိတ်ပျက်သွားစေခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဆိုးလ်မြို့ရဲ့ ဂီတဖျော်ဖြေပွဲမှာ ဖျော်ဖြေတင်ဆက်စဉ်က သူ့ရဲ့ အဝတ်အစားရွေးချယ်မှု မှားယွင်းခဲ့တာကြောင့် အခုလို အင်တာနက်အသုံးပြုသူတချို့ စိတ်ပျက်သွားခဲ့ရတာပါ။

အဲဒီပွဲမှာ ဟွန်းနက ပါးလွှားလွန်းတဲ့ ပန်းရောင်ဘရားအင်္ကျီအတို၊ ဘောင်းဘီအတိုဝမ်းဆက်ကို ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။ အဲဒီဝတ်စုံက သူ့ကို “အပေါ်စားဆန်တဲ့သူ” အဖြစ် အင်တာနက်အသုံးပြုသူတွေကို အမည်တပ်စေခဲ့ပါတယ်။ စတိတ်စင်ပေါ်မှာလည်း မပေါ်တပေါ့်အပြုအမူတွေနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ပါသေးတယ်။

အင်တာနက်အသုံးပြုသူတွေက “သူ့ရဲ့ဘောင်းဘီက ပါးပြီး မတိုလွန်းဘူးလား”, ” Gym မသွားတဲ့အတွက် ခန္ဓာကိုယ်က ကြည့်မကောင်းတော့ဘူး”အစရှိတဲ့ ကွန်မန့်တွေ ရေးသားဝေဖန်ခဲ့ပါတယ်။ သူ့ရဲ့ပါးလွှာတဲ့ဝတ်စုံက ပွဲကြည့်ပရိသတ်ကလေးငယ်တွေအတွက် သင့်တော်လား၊ မသင့်တော်လားဆိုတာကို ဂရုမစိုက်တဲ့သူအဖြစ်လည်း ဟွန်းနကို ဝေဖန်ပြောဆိုထားပါတယ်။

Ref: AsiaOne “Korean singer HyunA labelled as ‘cheap’ after she wore seductive clothing on stage”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top