ချစ်သူကောင်မလေးရဲ့လက်ကိုတွဲပြီး ပွဲတစ်ပွဲကို တက်ရောက်ခဲ့တဲ့ မင်းသားကြီးကီနူးရိဗ်

5.11.23-yyl-1.jpg

John Wick မင်းသားကြီး ကီနူးရိဗ်ဟာ စနေနေ့က the Los Angeles County Museum of Art (LACMA) Art + Film Gala ပွဲကို သူ့ချစ်သူ အလက်ဇန်ဒရာဂရန်နဲ့အတူ တက်ရောက်ခဲ့တာပါ။ သူတို့နှစ်ဦးက ပြုံးပြုံးရွှင်ရွှင်နဲ့ လက်ချင်းတွဲပြီး အဲဒီပွဲကို တက်ရောက်ခဲ့တာကို ဓာတ်ပုံထဲမှာ တွေ့ရမှာပါ။ Gala ရဲ့အနက်ရောင်ကော်ဇောထက်က ဆင်တူအနက်ရောင်ဝတ်စုံတွေကို ဝတ်ဆင်ထားတဲ့ သူတို့စုံတွဲရဲ့ပုံတွေက လူတွေရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။

သူတို့စုံတွဲက ဂျနီဖာ လိုပက်ဇ်၊ ဘင်အက်ဖလက်ခ်၊ ကင်မ် ကာဒါရှန်၊ လူပီတာ နယောင်အို၊ အန်ဒရူးဂါဖီးဒ် အပါအဝင် အခြားအနုပညာရှင်တွေနဲ့အတူ တက်ရောက်ခဲ့ကြတာပါ။ ကီနူးရိဗ်နဲ့ ဂရန်တို့စုံတွဲဟာ ချစ်သူတွေမဖြစ်ခင်က သူငယ်ချင်းတွေဖြစ်ခဲ့ကြတာပါ။ ၂၀၁၁ခုနှစ်က အလုပ်လည်း အတူတူတွဲလုပ်ခဲ့ကြတာပါ။

၂၀၁၉ ခုနှစ်မှာ သူတို့က စုံတွဲအနေနဲ့ LACMA Art + Film Gala ပွဲကို တက်ဖြစ်ခဲ့ပါတယ်။ သူတို့တွဲနေတယ်ဆိုတာကို သိုသိုသိပ်သိပ်နေခဲ့ကြပေမဲ့ နောက်ပိုင်းကျမှ ဂရန်က ကီနူးရိဗ်နဲ့ ဆက်ဆံရေးအကြောင်းကို ဖွင့်ဟခဲ့တာပါ။

Ref: Keanu Reeves and Girlfriend Alexandra Grant Hold Hands While Attending LACMA Art + Film Gala

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top