ကိုယ်လုံးတီး အိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူး

SleepLarge.jpg

အမေရိကန်မှာ စစ်တမ်းအရ ကိုယ်လုံးတီး အိပ်စက်သူဟာ ၁၈ ရာခိုင်နှုန်းပဲ ရှိပါတယ်။ မြန်မာပြည်မှာဆိုရင်တော့ အဲ့ဒီထက် မာ်းစွာ နည်းပါလိမ့်မယ်။ ကိုယ်လုံးတီး အိပ်စက်ခြင်းဟာ ကျန်းမာရေး အကျိုးကျေးဇူး များစွာ ရှိကြောင်း ဆေးပညာရှင်များမှ သက်သေပြထားပါတယ်။

ည အိပ်စက်တဲ့အခါ အဝတ်အစား မဝတ်ထားပဲ အိပ်ရင် body ကို လေဝင်လေထွက်ဖို့အတွက် အခွင့်အလမ်းပိုပေးတာကြောင့် အပူချိန် ထိန်းညှိပေးရာမှာ အင်မတန် သင့်လျော်ပါတယ်။ ဒါကြောင့်မို့ ညအိပ်နေတုန်း လန့်နိုးတာမျိုး မဖြစ်ကြောင်း ဆိုပါတယ်။ ဒါ့အပြင် နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ကြောင်း ဆိုပါတယ်။ metabolism ကို မြင့်တင်ပေးပါတယ်။

yeast အပြင် အခြားသော ဘက်တီးရီးယားများကို ကိုယ်တွင်းမှာ ပိုအောင်းဖို့အတွက် အခွင့်အရေးပေးစေတာက ညအိပ်အဝတ်အစားများ ဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးများဆိုရင် အင်္ဂါနားတစ်ဝိုက်မှာ အဝတ်အစားများ လွမ်းခြုံထားမှုကြောင့် ဘက်တီးရီးယား မှီခို မွေးဖွားမှုကို ပိုမို ဖြစ်စေတာကြောင့် သားအိမ်လမ်းကြောင်းနဲ့ ဆက်စပ်တဲ့ ရောဂါကို အဝတ်အစား ဝတ်ပြီး အိပ်ခြင်းက ပို အားပေးနိုင်ကြောင်း ဆိုပါတယ်။

အမျိုးသားကော၊ အမျိုးသမီးကော အဝတ်မပါပဲ အိပ်ခြင်းက ပိုလို့ ကျန်းမာရေး ကောင်းကျိုး ရှိကြောင်း ဆိုပါတယ်။ စိတ်ပိုင်းဆိုင်ရာ အားဖြင့်လည်း မိမိကိုယ်ကို ယုံကြည်မှု မြင့်တက်စေကြောင်း ဆိုပါတယ်။ ဒါ့အပြင် အိမ်ထောင်ရှင်များ အနေဖြင့် ကိုယ်လုံးတီး အိပ်စက်ခြင်းကြောင့် skin to skin ထိတွေ့မှု ရရှိခြင်း love ဟိုမုန်း မြင့်တက်စေတာကြောင့် ပျော်ရွှင်တဲ့ မိသားစု ဘဝကို ပိုမို ရရှိစေကြောင်း ဆိုပါတယ်။

Ref: dailymail
ဇီးကွက် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top