ခြေဖျားလက်ဖျားအေးတတ်သူများအတွက် ကုသနည်း

yyl-061.jpg

အခုလိုအေးချမ်းလှတဲ့ဆောင်းရာသီမျိုးမှာ စောင်ထဲဝင်ပြီး ကွေးရတာက ကျွန်တော်တို့ ကြိုက်နှစ်သက်ဆုံးအရာဖြစ်နေမှာပါ။ အပြင်မှာနေရင် အရမ်းချမ်းတာကြောင့် စောင်ထဲကွေးနေရတာက နွေးထွေးပြီး သက်တောင့်သက်သာရှိနေလို့ပါပဲ။ ဒါပေမဲ့ စောင်ထဲမှာ အချိန်အကြာကြီးရှိနေတာတောင် ခြေဖျားလက်ဖျားအေးနေသလို ခံစားရနေတဲ့လူတွေရှိကြပါတယ်။ ဘာလို့အဲဒီလိုဖြစ်ရတာလဲဆိုတဲ့အကြောင်းအရင်းနဲ့ ကုသနည်းတွေကို ဒီဆောင်းပါးလေးကနေ ဖော်ပြပေးလိုက်ရပါတယ်။

ကျွန်တော်တို့ ခြေထောက်နဲ့လက်တွေကိုရောက်ရမယ့် အောက်ဆီဂျင်နဲ့ သွေးတွေက လုံလုံလောက်လောက်မရှိတဲ့အခါ ခြေဖျားတွေလက်ဖျားတွေ အေးလာရပါတယ်။ တစ်ခါတရံ ပြင်းပြင်းထန်ထန်အေးလာသလိုခံစားရတာက အမျိုးမျိုးသော ကျန်းမာရေးပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အခြားသူတွေထက် ပိုအေးသလိုခံစားရရင် ခြေအိတ်လက်အိတ်တွေဝတ်ထားတာတောင် မနွေးထွေးဘူးလို့ ခံစားရရင် ဆရာဝန်နဲ့ ပြကြည့်သင့်ပါတယ်။ ခြေဖျားလက်ဖျားအေးတာက အမြဲတမ်းမဖြစ်ဘူးဆိုရင်အောက်က အိမ်တွင်းနည်းလမ်းတွေကို လုပ်ကြည့်လို့ရပါတယ်။

လိမ်းဆေးဆီနွေးနွေးလေးနဲ့ နှိပ်နယ်ပေးပါ

နှိပ်နယ်ပေးတာက သင့်လက်ဖျားခြေဖျားတွေ နွေးလာအောင် လုပ်ဆောင်ပေးမဲ့ အရိုးရှင်းဆုံးနည်းလမ်းပါပဲ။ ခြေဖျားလက်ဖျားတွေကို ပွတ်ပြီး နှိပ်နယ်တာကသွေးလည်ပတ်မှုကို လှုံ့ဆော်ပေးပြီး အောက်ဆီဂျင်ထောက်ပံ့ပေးမှုကို တိုးလာစေပါတယ်။

ဆားရည်နဲ့ ရေစိမ်ပေးပါ

အိုင်အိုဒင်းဆားထည့်ထားတဲ့ ရေပူပူထဲကို ခြေထောက်နဲ့လက်တွေကို ရေစိမ်ပေးလို့လည်းရပါတယ်။ ရေရဲ့အပူချိန်က သင့်ခြေထောက်ကို နွေးထွေးစေနိုင်သလို ဆားရည်ကလည်း မဂ္ဂနီစီယမ်ဓာတ်နဲ့ သင့်ခန္ဓာကိုယ်ကို ထောက်ပံ့မှုတွေလုပ်ပေးမှာဖြစ်ပါတယ်။

သံဓာတ်ကြွယ်ဝတဲ့အစားအစာတွေကို စားသုံးပါ

သံဓာတ်ချို့တဲ့တာကလည်း ခြေဖျေားလက်ဖျားတွေအေးရခြင်းအကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ အဲဒါကို တိုက်ဖျက်ဖို့အတွက်ဆိုရင် ပဲနို့ရည်၊ ဒေါက်ခွရွက်၊ ပန်းသီးလို သံဓာတ်ကြွယ်ဝတဲ့အစားအစာတွေကို နေ့စဉ်စားသုံးပေးသင့်ပါတယ်။

ခြေဖျားလက်ဖျားအေးတာက ပုံမှန်ပေမဲ့ တချို့အရာတွေနဲ့အတူဖြစ်လာရင် ဆရာဝန်နဲ့ ပြဖို့လိုအပ်ပါတယ်။ အောက်မှာဖော်ပြထားတဲ့လက္ခဏာရပ်တွေနဲ့အတူ ခြေဖျားလက်ဖျားတွေအေးလာရင် ဆရာဝန်နဲ့ ပြကြည့်သင့်ပါတယ်။

    • ပင်ပန်းနွမ်းလျခြင်း
    • ကိုယ်အလေးချိန်ကျတာ (သို့) ကိုယ်အလေးချိန်တတ်တာ
    • ဖျားနားခြင်း
    • အဆစ်အမြစ်ကိုက်ခဲခြင်း
    • ကုသဖို့ရာ ပုံမှန်ထက်အချိန်အကြာကြီးယူရတဲ့ခြေဖျားလက်ဖျားနာကျင်ခြင်း
    • အသားရေမှာ အဖုအပိမ့်အနီးကွက်ထခြင်း

သင့်ခြေထောက်က ထိကြည့်ရင် မအေးပေမဲ့ စိတ်ထဲကအေးသလိုခံစားရရင် အာရုံကြောပျက်စီးတာဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ ပြကြည့်သင့်ပါတယ်။

Ref: Home remedies for cold feet and palms

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top