ဂျပန်မှာရေကြီး မြေပြိုမူတွေဖြစ်လို့ လူ ၆၀ ကျော် သေဆုံး

36811463_1880182665371198_2237748282715537408_n.jpg

ဂျပန်နိုင်ငံအနောက်ပိုင်းမှာ ရေကြီး မြေပြိုမူတွေ ဖြစ်ခဲ့တာကြောင့် လူ ၆၀ ထက်မနည်း သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ သေဆုံးသူအများစုဟာ ဟီယိုရှီးမား စီရင်စုကဖြစ်ပြီး ပြီးခဲ့တဲ့ ကြာသပတေးနေ့တည်းက အဲဒီဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းနေခဲ့တာ ဖြစ်ပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမူကြောင့် နေအိမ်ရာချီ ပျက်စီးဆုံးရှုံးခဲ့ရကာ လက်ရှိမှာ လူပေါင်း ၁ ဒသမ ၅ သန်းကျော်ကို အိမ်ကနေ အခြား ဘေးလွတ်ရာကို ထွက်ခွာဖို့ အမိန့်ပေးထားပါတယ်။ အခုရေကြီးမြေပြိုမူဟာ ဂျပန်နိုင်ငံအတွက် ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံးဖြစ်စဉ် တစ်ခု ဖြစ်လာဖွယ်ရှိတယ်လို့ ဂျပန်အာဏာပိုင်တွေက ပြောခဲ့ပါတယ်။

လူတွေကိုကယ်တင်ဖို့နဲ့ ဘေးလွတ်ရာကို ရွှေ့ပြောင်းနိုင်ဖို့ ကယ်ဆယ်ရေးသမားတွေဟာ အချိန်လုပြီး လုပ်နေရကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်၊ စစ်သားနဲ့ မီးသတ်သမားထောင်ချီတို့ဟာ ရှာဖွေ ကယ်ဆယ်မှုတွေကို ဆက်တိုက်လုပ်နေကြပါတယ်။ မြေပြိုမှုတွေကြောင့် မြေကြီးထဲ နစ်မြှပ်သွားသူတွေလည်း ရှိတယ်လို့ ဂျပန်သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုတွေ ဆက်ဖြစ်လာနိုင်ဖွယ်ရှိနေပြီး ဟီယိုရှီးမားမြို့ အရှေ့ပိုင်း ကျိုတိုမြို့မှာလည်း မိုးသန်းထန်စွာ ရွာသွန်းနေခဲ့ပါတယ်။ မုန်တိုင်းရာသီ စတင်ပြီဖြစ်တာကြောင့် မြစ်အနီးအနားမှာ နေထိုင်တဲ့လူတွေ မရှိသင့်ဘူးလို့ ဒေသခံ မာနာဘူ တာနက် ဟီတာက ပြောပြခဲ့ပါတယ်။

Ref: BBC “Japan floods: At least 60 killed in deluges and landslides”

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top