ရုရှားစားဖိုမှူးတစ်ဦး လက်စွမ်းပြ ဖန်တီးထားတဲ့ ကမ္ဘာ့ဖလားကစားသမားတွေရဲ့ ပုံတူပန်းချီ ပီဇာ

yyl-018.jpg

ကမ္ဘာ့ဖလားနဲ့ ပတ်သက်လာရင် ခံစားနှစ်သက်စရာတွေက မကုန်နိုင်ပါဘူး။ အခုလည်း ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ခံကျင်းပနေတဲ့ အိမ်ရှင် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့က HopHead Tap Room ဆိုတဲ့ ဘားမှာ

ရုရှားစားဖိုမှူး မက်ခ်ဆင်ချစ် (Maksimchik) ရဲ့အနုပညာမြောက်တဲ့ ပီဇာဖန်တီးမှုကို မြင်တွေ့ခံစားရမှာပါ။

သူက ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ထိပ်သီးကစားသမားတွေကို ဂုဏ်ပြုပြီး ကစားသမားတွေရဲ့ ပုံတူပန်းချီနဲ့ ပီဇာကို ဖန်တီး လက်စွမ်းပြထားတာ ဖြစ်ပါတယ်။

ပေါ်တူဂီနဲ့ ဥရုဂွေးပွဲစဉ် မတိုင်ခင်ကလည်း အဲဒီပွဲကို အားပေးတဲ့အနေနဲ့ စီရော်နယ်ဒိုနဲ့ ဆွာရက်ဇ် တို့ရဲ့ ပုံတူပီဇာတွေကို လက်စွမ်းပြ ဖန်တီးခဲ့ပြီး ကစားသမားတွေရဲ့ အမာခံပရိသတ်တွေက အတော်လေးနှစ်ခြိုက်ခဲ့ကြပါတယ်။ ပုံတူပီဇာတစ်ချပ်ကို ပန်းချီပုံရေးပြီး ဖုတ်ဖို့ အချိန်၂နာရီလောက်ယူရတယ်လို့ ဆိုပါတယ်။

“ဒါက ကျွန်တော့်ရဲ့ ဘောလုံးအားကစားကို အားပေးတဲ့ နည်းလမ်းပါပဲ။ ကျွန်တော့်ဝါသနာအရ ပီဇာလုပ်ရတာကို သိပ်နှစ်သက်ပါတယ်။ ဒါကိုပဲ ပရော်ဖက်ရှင်နယ်အလုပ်အဖြစ်နဲ့ လုပ်လာခဲ့တာပါ။ ကျွန်တော့်အတွက် အရမ်းကျေနပ်ရတဲ့ ခံစားမှုကို ရတယ်လေ” လို့ စားဖိုမှူးက ဆိုပါတယ်။

စားဖိုမှူးကြီးဟာ ရုရှားနည်းပြနဲ့ ရုရှားတိုက်စစ်မှူး ဇူဘာ (Dzyuba) တို့ရဲ့ ပုံတူပီဇာကိုလည်း လက်စွမ်းပြထားပါသေးတယ်။

အိမ်ရှင်ရုရှားအသင်းသာ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ရင် ရုရှားဘောလုံးသမားအားလုံးအတွက် ပုံတူပီဇာတွေကို ဖန်တီးသွားဖို့လည်း သူက ကတိပေးခဲ့ပါတယ်။

 

Ref: bbc “World Cup 2018: Russian chef serves player pizza portraits”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top