သြစတြေးလျကမ်းရိုးတန်းမှာ ဝေလငါး ၂၇၀ သောင်တင်နေပြီး အကောင်ရေ ၉၀ သေဆုံး

22-9-2020-yyl-007.jpg

သြစတြေးလျနိုင်ငံ တက်စမန်နီယာပြည်နယ် ကမ်းရိုးတန်းမှာ ဝေလငါး ၂၇၀ သောင်တင်ခဲ့တဲ့အနက် အနည်းဆုံး အကောင် ၉၀ သေသွားခဲ့ပြီး နောက်ထပ်ဝေလငါးတွေ သေမှာကို စိုးရိမ်နေတယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့က တက်စမန်နီယာကျွန်းရဲ့ အနောက်ဘက် ကမ်းရိုးတန်းမှာ ဝေလငါးတွေ အစုလိုက်အပြုံလိုက် သောင်တင်နေတာကို တွေ့ရှိခဲ့တာပါ။

တက်စမန်နီယာပြည်နယ်မှာ ဝေလငါးတွေ မကြာခဏ သောင်တင်လေ့ရှိပေမဲ့ အကောင်ရေ ၂၀၀ ကျော် သောင်တင်နေတာမျိုးကိုတော့ ဆယ်စုနှစ်တစ်ခုကျော်အတွင်း မကြုံဖူးခဲ့ပါဘူး။ ဝေလငါးတွေ ဘာကြောင့် သောင်တင်နေရတာလဲဆိုတဲ့ အကြောင်းရင်းကိုလည်း မသိရသေးပါဘူး။ လက်ရှိအချိန်မှာ ရေကြောင်းဇီဝဗေဒပညာရှင်တွေက အသက်ရှင်ကျန်ရှိနေတဲ့ ရေကြောင်းပြဝေလငါးတွေကို ကယ်တင်နိုင်ဖို့ တက်သုတ်ရိုက်ကြိုးပမ်းနေပြီး ရက်တော်တော်ကြာ အချိန်ယူရဖို့ ရှိနေပါတယ်။

လှေဆိပ်နားမှာရှိတဲ့ သဲသောင်ခုံပေါ်မှာ ဝေလငါး အကောင် ၂၀၀ လောက် သောင်တင်နေပြီး မီတာ ရာချီ ကွာဝေးတဲ့နေရာမှာ နောက်ထပ် ဝေလငါးအကောင် ၃၀ သောင်တင်နေပါတယ်။ သမုဒ္ဒရာကမ်းခြေရဲ့ ကုန်းတွင်းပိုင်းမှာ နောက်ထပ် အကောင် ၃၀ လောက် သောင်တင်နေခဲ့တာပါ။ လေ့ကျင့်သား ပြည့်ဝနေတဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင် ၄၀ က ဝေလငါးတွေကို သဲသောင်ခုံကနေ ရေနက်ပိုင်းထဲ တွန်းပို့ပေးနိုင်တဲ့ ကိရိယာတွေ အသုံးပြုပြီး ဝေလငါးတွေ ကူးခတ်နိုင်အောင် လုပ်ပေးနေပါတယ်။

Ref: BBC ” Australia whales: 90 dead in mass stranding off Tasmania”

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top