Lifebuoy က ကလေးငယ်တစ်ထောင်ကို လက်ဆေးခြင်းအသိပညာပေး

yyl-24-016.jpg

ကမ္ဘာ့လက်ဆေးရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ Unilever ရဲ့ ကျန်းမာရေးဆပ်ပြာအမှတ်တံဆိပ်ဖြစ်တဲ့ Lifebuoy က အောက်တိုဘာ ၂၃ ရက်နေ့မှာ အလုံမြို့နယ်၊ အထက(၄)ကျောင်းက ကျောင်းသားကျောင်းသူ ကလေးငယ် ၁၀၀၀ ကို လက်ဆေးခြင်းအသိပညာပေးခဲ့ပါတယ်။

”Lifebuoy အနေနဲ့ ကမ္ဘာတစ်ဝန်းက လူအယောက် တစ်ဘီလီယံရဲ့ လက်ဆေးတဲ့ အမူအကျင့်တွေကို တိုးတက်အောင် ကူညီဆောင်ရွက်နိုင်ခဲ့ပြီ”လို့ Unilever EAC Myanmar ရဲ့ Marketing Director (BPC) Myanmar, Cambodia & Laos ဖြစ်သူ Mr.Nipun Talwar က ပြောပါတယ်။

Lifebuoy က ကျောင်းသားကျောင်းသူတွေအကြား ရိုးရှင်းတဲ့လက်ဆေးအလေ့အထနဲ့ ကျွမ်းဝင်စေဖို့ အခုလို School of 5 အစီအစဉ်ကို နှစ်စဉ်နှစ်တိုင်း ဆောင်ရွက်ပြီးတော့ လက်ဆေးခြင်းရဲ့အရေးပါပုံကို အသိပညာ ပေးမြှင့်တင်နေတာဖြစ်ပါတယ်။

ကမ္ဘာ့လက်ဆေးရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အရေအတွက် ကန့်သတ်ထုတ်လုပ်ထားတဲ့ ဆပ်ပြာဗူး တစ်ဗူး ဝယ်ယူမှုတိုင်းအတွက် Lifebuoy က အခုလို School of 5 အစီအစဉ်မှာ ၂၀၀ ကျပ် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

”ဆပ်ပြာနဲ့ လက်ကို စင်ကြယ်အောင်ဆေးကြောခြင်းက ဝမ်းလျှောတာတို့ အဆုတ်ရောင်တာတို့ကို အထိ ရောက်ဆုံးနဲ့ ဈေးအသက်သာဆုံး ကာကွယ်နိုင်မယ့် နည်းလမ်းဖြစ်ပါတယ်”လို့ Lifebuoy ရဲ့ အမှတ်တံဆိပ် သံတမန်ဖြစ်သူ သရုပ်ဆောင်အဆိုတော် ချစ်သုဝေက ပြောပါတယ်။

လက်ကို ဆပ်ပြာနဲ့ သေချာစွာဆေးကြောခြင်းဟာ စားရိတ်အကုန်အကျမများဘဲ ဝမ်းပျက်ဝမ်းလျောနဲ့ နာတာရှည်အသက်ရှူလမ်းကြောင်းရောဂါတွေကို ထိရောက်စွာ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် Lifebuoy အနေနဲ့ လက်ကိုဆပ်ပြာနဲ့ သန့်ရှင်းစင်ကြယ်စွာဆေးကြောသင့်တယ်ဆိုတဲ့ အရေကြီးတဲ့ သတိပေးချက်ကို ၂၀၂၀ ပြည့်နှစ်အရောက်မှာ မြန်မာနိုင်ငံက လူဦးရေ သန်း ၂၀ အထိ မျှဝေနိုင်ဖို့ မျှော်မှန်းထားပါတယ်။

ကမ္ဘာ့လက်ဆေးရေးနေ့ကို လက်ကို ဆပ်ပြာနဲ့ ဆေးကြောခြင်းရဲ့ အရေးပါမှုကို လူအများ နားလည် သဘောပေါက်လာပြီး ဂရုပြုမိစေဖို့ ရည်ရွယ်ပြီး နိုင်ငံပေါင်း ၁၀၀ ကျော်မှာ နှစ်စဉ် အောက်တိုဘာ ၁၅ ရက်နေ့မှာ ကျင်းပလေ့ရှိပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top