အန္တာတိကနဲ့ပတ်သက်ပြီး သိကောင်းစရာ

yyl-24-001.jpg

တိုက်ကြီး (၇) တိုက်ထဲမှာ အန္တာတိကတိုက်က သေချာပေါက် လျှို့ဝှက်ဆန်းကြယ်ဆုံးဖြစ်မှာပါ။ အဲဒီတိုက်မှာ လူဦးရေမရှိသလို အခြေချနေထိုင်သူလည်းမရှိဘူးလို့ လေ့လာတွေ့ရှိထားပါတယ်။ ဒါပေမဲ့ အဲဒီနေရာမှာ စိတ်ဝင်စားစရာကောင်းတဲ့ အရာများစွာရှိပါတယ်။ အန္တာတိကမှာ အခြေချနေထိုင်တဲ့သူတွေမရှိပေမဲ့လည်း နှစ်အကြာကြီး အကြောင်းအမျိုးမျိုးကြောင့် လာတဲ့သူတွေတော့ရှိပါတယ်။ အထူးသဖြင့် သုတေသနပညာရှင်တွေ၊ ခရီးသွားဧည့်သည်တွေပါပဲ။ အခုနောက်ပိုင်းမှာ အန္တာတိကတိုက်ကို သွားရမယ့်အလုပ်ကို လိုချင်နေကြတဲ့သူတွေရှိနေပါပြီ။

တချို့လူတွေက သုတေသနာလုပ်ချင်လို့ အခြေချနေထိုင်တာရှိသလို တချို့ကတော့ နွေရာသီမှာသာ လာနေကြတာလည်းရှိပါတယ်။ ခရီးသွားဧည့်သည် ထောင်ပေါင်းများစွာကတော့ နှစ်တိုင်း တောင်ဘက်ပိုင်းကို အလည်လာရောက်ကြပါတယ်။ တောင်ပိုင်းကို သွားတဲ့သူများများလာလေလေ အဲဒီဒေသမှာ လူတွေက အံ့အားသင့်စရာအမှတ်အသား ချန်ထားခဲ့ကြပါတယ်။ ဒါ့အပြင် အန္တာတိကတိုက်ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့အရာတွေကိုလည်း သိရှိခဲ့ကြပါတယ်။ အဲဒီအရာတွေကလည်း ဘာတွေဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြရအောင်..။

ချီလီနိုင်ငံ နဲ့ အာဂျင်တီးနားနိုင်ငံတို့က အန္တာတိကတိုက်ပေါ်မှာ မြို့ငယ်လေးတွေ တစ်ခုစီရှိကြပါတယ်။ ချီလီနိုင်ငံရဲ့Villa Las Estrellas နဲ့  အာဂျင်တီးနားနိုင်ငံရဲ့ Esperanza Base နိုင်ငံတော်တော်များများက တိုက်ပေါ်အခြေပြုပြီး လေဆိပ်တွေရှိကြပါတယ်။ တချို့က လေယာဉ်လမ်းကြောင်းအတွက် ရေခဲနဲ့ နှင်းတွေကို အသုံးပြုကြပါတယ်။

Icestock လို့ခေါ်တဲ့ ဖျော်ဖြေပွဲကတော့ နယူးရီးယားတိုင်းရှိပြီး McMurodo Stationမှာ တင်ဆက်ပါတယ်။

McMurodo Station က ၁၉၆၁ ကတည်းက ကိုယ်ပိုင်ဘိုးလင်းကစားရုံ  ထားရှိပါတယ်။

နှင်းတောစီးကားတွေက လူတွေကို လည်ပတ်သွားလို့ရအောင် ကူညီပေးပါတယ်။

အာကစားသမားတွေက အအေးထဲမှာ Antarctic Ice Marathon and 100K Ultra Race ဆိုတဲ့ မာရသွန်ပြိုင်ပွဲကို နှစ်စဉ် ကျင်းပကြပါတယ်။

အန္တာတိကရေထဲမှာ လူတွေရေကူးကြတဲ့ Polar Plunge ဆိုတဲ့ ပွဲလေးရှိခဲ့ဖူးပါတယ်။

လူတွေက အန္တာတိကမှာ ဝေလငါးတွေကို ကြည့်လို့လည်းရပါတယ်။

သုတေသနပညာရှင်တွေက အန္တာတိကရေတွေကို လေ့လာဖို့အတွက် မကြာခဏ ရေငုပ်ကြသလို ခရီးသွားဧည့်သည်တွေကလည်း ရေငုပ်ဖို့လာကြပါတယ်။

၂၀၁၂ခုနှစ်ရဲ့ South of Sanity ဇာတ်ကားက အန္တာတိကမှာ တစ်ကားလုံးရိုက်ကူးခဲ့တဲ့ ပထမဆုံးစိတ်ကူးယဉ်ဇာတ်ကားဖြစ်ခဲ့ပါတယ်။

အန္တာတိက ဥက္ကာခဲတွေ ရှာတွေ့ဖို့ အကောင်းဆုံးနေရာတွေထဲက တစ်ခုပါ။

အခုပြောမှာကတော့ သတိပေးချက်တစ်ခုပါပဲ။ အန္တာတိကက အာတိတ်ဒေသမဟုတ်ပါဘူး။ လူတွေက ဒီနှစ်ခုကို ရောတတ်ကြပါတယ်။ အန္တာတိကက အာတိတ်ဒေသရဲ့ ဆန့်ကျင်ဘက် ဝင်ရိုးစွန်းပိုင်းဒေသဖြစ်ပါတယ်။

Ref: Brightside

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top