အူရီဒူးက ဒစ်ဂျစ်တယ်စနစ်သင်တန်း အစီအစဉ်အတွက် မြန်မာနိုင်ငံတွင် Google နှင့်ပူးပေါင်းဆောင်ရွက်သည့် ပထမဦးဆုံး အော်ပရေတာ ဖြစ်လာ

Ooredoo-Google_mm.jpg

မြန်မာနိုင်ငံတွင် ထိပ်တန်းဆက်သွယ်ရေး ဝန်ဆောင်မှုများ ပေးအပ်နေသည့် အူရီဒူးမြန်မာ သည် ယနေ့တွင် Google အာရှပစိဖိတ်ဒေသနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါသည်။ ယင်းအစီအစဉ်နှင့်အတူ အူရီဒူးမြန်မာသည် Google နှင့် အတူတကွပူးပေါင်းပြီး ဒစ်ဂျစ်တယ်ဗဟုသုတ တိုးပွားစေရေးနှင့် နိုင်ငံသားတိုင်း လိုက်နာကျင့်သုံးသင့်သည့် ဒစ်ဂျစ်တယ်စနစ် သင်တန်းအစီအစဉ်ကို ပညာရေးဝန်ကြီးဌာန၏ အသိအမှတ်ပြု အားပေးခြင်းနှင့်အတူ မြန်မာနိုင်ငံတစ်ဝန်းတွင် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Google သည် ပညာရပ်ပိုင်းဆိုင်ရာ နယ်ပယ်များတွင် အသိပညာဗဟုသုတ တိုးပွားစေရေး အစီအစဉ်များစွာကို ကာလရှည်ကြာစွာ ပံ့ပိုးပေးနေသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အူရီဒူးသည်လည်း မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်ထုတ်ကုန်နှင့် ဝန်ဆောင်မှုများပေးအပ်ရာတွင် ထိပ်တန်းတွင်ဦးဆောင်နေသော အော်ပရေတာတစ်ခုလည်း ဖြစ်ပါသည်။ အူရီဒူးမြန်မာအနေဖြင့် Google နှင့် အဓိကပူးပေါင်းဆောင်ရွက်ရခြင်း အကြောင်းသည် ၎င်း၏ “ဒစ်ဂျစ်တယ်ဘဝပြည့်စုံဖို့ အင်တာနက်ဖြင့်လေ့လာစို့” လူမှုအကျိုးပြုလုပ်ငန်း အစီအစဉ်အား ဆက်လက်တိုးချဲ့ ဆောင်ရွက်ခြင်း ဖြစ်သည်။“အူရီဒူးဟာဆိုရင် နည်းပညာဖော်ဆောင်မှုမှာ ထိပ်တန်းမှ ဦးဆောင်နေပြီး မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်ကဏ္ဍ ကူးပြောင်းရေးမှာ နည်းပညာတွေကို အသုံးပြုပြီး ပံ့ပိုးကူညီပေးသွားမှာ ဖြစ်ပါတယ်။

ယနေ့ဒစ်ဂျစ်တယ်ခေတ်မှာဆိုလို့ရှိရင် လူတိုင်းဟာ သတင်းအချက်အလက်နည်းပညာ နဲ့ အင်တာနက်ကို အကျိုးရှိရှိ တာဝန်သိသိနဲ့ ဘယ်လိုအသုံးချရမယ် ဆိုတာကို သေသေချာချာ နဲ့ သိရှိထားရမှာဖြစ်ပါတယ်။ ကလေးတွေဟာ တိုင်းပြည်ရဲ့ အနာဂတ်ဖြစ်တာကြောင့် ဒစ်ဂျစ်တယ်နည်းပညာ ဗဟုသတတိုးပွားရေး အစီအစဉ်ကို အခြေခံပညာအဆင့်ကနေစတင်ပြီး ကျောင်းသားကျောင်းသူများကို လေ့ကျင့်သင်ကြား ပေးသွားမှာဖြစ်ပါတယ်။” ဟု အူရီဒူးမြန်မာ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ်မှ ပြောကြားလိုက်သည်။

“မျိုးဆက်သစ်လူငယ်များအနေနဲ့ အင်တာနက်ကို အချိန်မရွေး အကန့်အသတ်မရှိ အသုံးပြုနိုင်တဲ့ခေတ်မှာ ကြီးပြင်းလာကြတဲ့အတွက် ဒစ်ဂျစ်တယ်ဆိုင်ရာဗဟုသုတရှိမှုဟာ လူမှုအသိုင်းအဝိုင်း တစ်ခုလုံးအနေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အထင်ရှားဆုံး အကြောင်းအရာ များထဲမှတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လူငယ်တွေကို ကိုယ်ချင်းစာစိတ်နဲ့ တာဝန်ယူလိုစိတ်ရှိပြီး လက်တွေ့ဘဝမှာလို အွန်လိုင်းပေါ်မှာပါ အချင်းချင်းစာနာနားလည်စိတ်နဲ၌ ဆက်သွယ်ဆက်ဆံကြဖို့ကို ပံ့ပိုးပေးနိုင်ဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီသင်တန်းအစီအစဉ်ဟာ ဒီဂျစ်တယ်လုံခြုံရေးနှင့် အပြန်အလှန်လေးစားမှုနဲ့ ပတ်သတ်တဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ စကားဝိုင်းတွေကို မိမိတို့ရဲ့ အိမ်မှာရော၊ ကျောင်းမှာပါမက အခြားနေရာပေါင်းများစွာမှာပါ ပြန်လည်ပြောဆိုဆွေးနွေး ဝေမျှနိုင်ဖို့ ဦးဆောင်လမ်းညွှန် ပေးသွားနိုင်မှာပဲ ဖြစ်ပါတယ်။” ဟု Google မလေးရှားနိုင်ငံ၊ မြန်မာနိုင်ငံ နှင့် ကမ္ဘောဒီးယားနိုင်ငံ တို့၏ Head of Industry (Tech and Telco) ဖြစ်သူ Su Ann Lim က ပြောကြားလိုက်ပါသည်။ ယင်းထူးခြားကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံ၏ အနာဂတ်မျိုးဆက် သစ်များအကြား ဒီဂျစ်တယ်ဆိုင်ရာ ကျွမ်းကျင်မှုများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံသားတိုင်း လိုက်နာကျင့်သုံးသင့်သည့် ဒစ်ဂျစ်တယ်စနစ်ကို နားလည်သိရှိမှုတို့ကို မြှင့်တင်ပေးနိုင်မည် ဖြစ်ပါသည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top