တရုတ်နိုင်ငံက အမေရိကန် သံရုံးဝန်ထမ်းတွေ ပုံမှန်မဟုတ်တဲ့ ဦးနှောက်ဆိုင်ရာ ရောဂါတွေ ခံစားနေရ

US-warns-employees-after-Chinese-embassy-worker-shows-brain-injury.jpg

တရုတ်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ အမေရိကန် နိုင်ငံသား အစိုးရဝန်ထမ်းတွေဟာ ပုံမှန်မဟုတ်တဲ့ ရုပ်ပိုင်းဆိုင်ရာဖိအားတွေ ခံစားရမှုအပြင် ပုံမှန်မဟုတ်တဲ့ အသံတွေကို ကြားခဲ့ရပြီး ဦးနှောက်ပိုင်းဆိုင်ရာ ဒဏ်ရာရမူမျိူး ဖြစ်နေခဲ့တာကြောင့် တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ဝန်ထမ်းအားလုံး ကျန်းမာရေးသတိရှိကြဖို့ အမေရိကန်အစိုးရက သတိပေးခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်နိုင်ငံ Guangzhou ရှိ အမေရိကန်ဝန်ထမ်းတွေဟာ ဦးနှောက်ပိုင်းဆိုင်ရာ အသေးစားဒဏ်ရာတွေ ရရှိခဲ့တယ်လို့ပြောခဲ့ပါတယ်။ တရုတ်နိုင်ငံက အမေရိကန် အစိုးရဝန်ထမ်းတွေအနေနဲ့ ပုံမှန်မဟုတ်တဲ့ အသံမျိုးတွေ ကြားခဲ့မယ်ဆိုရင် ဆူညံမှုရှိတဲ့နေရာကနေ အဝေးကို ထွက်ခွာဖို့ သတိပေးခဲ့ပါတယ်။ တရုတ်နိုင်ငံရှိ အမေရိကန်သံရုံး ပြောရေးဆိုခွင့်ရှိသူ Jinnie Lee က ပြီးခဲ့တဲ့နှစ် နောက်ပိုင်းကစတင်ပြီး သံရုံးဝန်ထမ်းတွေဟာ စိတ်ခြောက်ခြားမှုတွေ စတင်ဖြစ်ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

အဲဒီလိုမျိုး ဦးနှောက်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိနေတဲ့ ဝန်ထမ်းတွေကို ရောဂါစမ်းသပ်ကုသမှုတွေလုပ်ဖို့ အမေရိကန်နိုင်ငံဆီ ပြန်ပို့ခဲ့ရတယ်လို့ သိရပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ ဝန်ထမ်းတွေ စိတ်ကယောင် ခြောက်ခြားဖြစ်စေပြီး ဦးနှောက်ပိုင်းဆိုင်ရာ ဒဏ်ရာရရှိမှုနဲ့ ပတ်သက်တဲ့ အကဲဖြတ်မှုတွေကို လေ့လာလျက်ရှိကြောင်း၊ ဒီဖြစ်ရပ်ဟာ လျစ်လျူရှူထားလို့မရတဲ့ အန္တရာယ်ရှိတဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့အရာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ အခုလို စိတ်ကယောက်ခြောက်ခြားဖြစ်စေတဲ့ ဦးနှောက်ပိုင်းဆိုင်ရာ ထိခိုက်မှုမျိုးဖြစ်စေမှုနဲ့ အလားတူအဖြစ်ပျက်မျိုးဟာ ပြီးခဲ့တဲ့နှစ်က ကျူးဘားနိုင်ငံက အမေရိကန်သံရုံးမှာလည်း ဖြစ်ခဲ့ဖူးကြောင်း သိရပါတယ်။

Ref: upi “U.S. warns employees after Chinese embassy worker shows brain injury”

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top