မိဘတိုင်းသိထားသင့်တဲ့ နေလောင်ခံလိမ်ဆေး တွေနဲ့ ပတ်သက်တဲ့ အမှား ၈ မျိုး

2-6-2020-yyl-048.jpg

မိဘတစ်ယောက်ဖြစ်လာတဲ့အခါ စည်းကမ်းတွေနဲ့ အကြံပြုချက်တွေအားလုံးကို လိုက်နာဖို့ဆိုတာ ခက်ခဲနိုင်ပါတယ်။ မိသားစုဝင်တစ်ယောက်က ကလေးကိုဘာကျွေးရမလဲဆိုတာ ပြောပါစေ၊ ကလေးတွေအတွက် ဘာလုပ်ပေးရမလဲဆိုတာ သူငယ်ချင်းတစ်ယောက်ယောက်ကပဲ ပြောပါစေ

လူတိုင်းမှာ ခံယူချက်တစ်ခုစီ ရှိပါတယ်။ ဒီလိုအကြံပြုချက်တွေ အများကြီးကို အားလုံးမဟုတ်ရင်တောင် နည်းနည်းလေးပဲယူယူ တချို့အကြံဥာဏ်တွေက မရှိမဖြစ်ပါပဲ။

နေရောင်ခြည်ကာကွယ်တယ်ဆိုတာ အန္တရာယ်ရှိတဲ့ UVA နဲ့ UVB ရောင်ခြည်မှ သင့်ကလေးလုံခြုံဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ဒီလိုရှည်ကြာလှတဲ့ နွေရာသီမှာ အပြင်ထွက်ပြီး အချိန်ကုန်တတ်တယ်ဆိုရင်ပေါ့။ ဒါပေမဲ့ နေလောင်ခံလိမ်းဆေးလိမ်းတဲ့အခါ မိဘအများစု ပြုလုပ်တတ်တဲ့အမှား အနည်းငယ် ရှိပါတယ်။ ဒီလိုအမှားတွေကို ဖတ်ကြည့်ပြီးတော့ နေလောင်ခံလိမ်းဆေးကို ထိရောက်မှုရှိရှိ အသုံးပြုလိုက်ပါ။

၁။ ကမ်းခြေမှာလိမ်းခြင်း

လူတိုင်းနီးပါး နေလောင်ခံလိမ်းဆေးကို လိမ်းကြတဲ့ နေရာတစ်ခုကတော့ ကမ်းခြေမှာပဲဖြစ်ပါတယ်။ ဒါပေမဲ့ နွေရာသီတစ်လျောက်လုံး သင့်ကလေးတွေ နေပူထဲမှာ ရှိနေမဲ့အခ်ျိန်တွေ အများကြီးရှိပါတယ်။ သူငယ်ချင်းတွေနဲ့ ပန်းခြံထဲမှာ ကစားတာပဲဖြစ်ဖြစ် အိမ်ကမထွက်ခင် နေလောင်ခံလိမ်းဆေးကို လိမ်းသင့်ပါတယ်။

၂။ ပါဝင်ပစ္စည်းတွေကို မဖတ်ကြည့်ခြင်း

သင်သုံးနေတဲ့ နေလောင်ခံလိမ်ဆေးမှာ ဘာတွေပါလဲဆိုတာ သိရဲ့လား။ ပါဝင်ပစ္စည်းတွေကို မဖတ်ကြည့်ဘူးဆိုရင် သင်ဟာ သင့်ကလေးတွေကို ထိရောက်မှုရှိရှိ ကာကွယ်နိုင်မှာ မဟုတ်ပါဘူး။ နေလောင်ခံလိမ်ဆေးအားလုံးကို ထုတ်လုပ်ထားပုံခြင်း မတူပါဘူး။ မဝယ်ယူခင် UVA ကာကွယ်တဲ့ ပါဝင်ပစ္စည်းတွေကို အနည်းဆုံးတော့ ရှာကြည့်သင့်ပါတယ်။ အီကမ်ဆူးလ်၊ အာဗိုဘန်ဇုန်၊ အောက်စီဘန်ဇုန်၊ တိုက်တေနိယမ်အောက်ဆိုဒ်၊ ဆူလီဆိုဘန်ဇုန် ဒါမှမဟုတ် ဇင့်အောက်ဆိုဒ်တို့ဟာ UVA ကို ကာကွယ်နိုင်တဲ့ ပါဝင်ပစ္စည်းတွေ ဖြစ်ပါတယ်။

၃။ ပုံမှန်မလိမ်းခြင်း

သင့်ကလေးတွေကို တစ်နေ့တာရဲ့အစမှာ နေလောင်ခံလိမ်းဆေးလိမ်းပေးပြီးတော့ ထပ်မလိမ်းပေးရင် အလွန်အန္တရာယ်များပါတယ်။ နေလောင်ခံလိမ်းဆေးအများစုဟာ နှစ်နာရီအထက်ပဲ ကာကွယ်မှုပေးနိုင်ပါတယ်။ လိမ်းဆေးဘူးမှာ အညွှန်းပါတဲ့အတိုင်း နှစ်နာရီတစ်ခါ နေလောင်ခံလိမ်းဆေးကို လိမ်းပေးသင့်ပါတယ်။

၄။ အလုံအလောက်မလိမ်းခြင်း

ဘယ်လိုနေလောင်ခံလိမ်းဆေး အမျိုးအစားကိုပဲ လိမ်းလိမ်း သင့်ကလေးရဲ့အရေပြားကို အလုံအလောက်လိမ်းပေးဖို့ အရေးကြီးဆုံး ဖြစ်ပါတယ်။ အပေါ်ယံအလွှာဟာ ကာကွယ်မှုအများကြီး မလုပ်နိုင်ပါဘူး။ အရေပြားကို ဖုံးအုပ်ပေးဖို့ အနည်းဆုံး လက်ဖက်ရည်ဇွန်းနှစ်ဇွန်းစာလောက် ညှစ်ထုတ်ပြီး လိမ်းပေးဖို့ လိုပါတယ်။

၅။ နေလောင်ခံကာကွယ်ဆေးကိုသာ အားကိုးခြင်း

နေရောင်ကြောင့်ပျက်စီးတာကနေ သင့်ကလေးကို ကာကွယ်တဲ့အခါ နေရောင်ခံကာကွယ်ဆေးဟာ ကောင်းမွန်ပါတယ်။ ဒါပေမဲ့ နေရောင်ထဲမှာ အချိန်ကုန်ဆုံးတဲ့အခါ ဒီတစ်ခုတည်း လိမ်းရုံနဲ့ မလုံလောက်ပါဘူး။ UV ကာကွယ်တဲ့ရှပ်အင်္ကျီနဲ့ ဦးထုပ်တွေကို ဝတ်ဆင်ပေးသင့်ပါတယ်။

၆။ ထီးကိုသာအားကိုးခြင်း

နေရိပ်ထဲမှာနေရင် UVA နဲ့ UVB ရောင်ခြည်ဒဏ်က ကာကွယ်နိုင်ယ်ဆိုတာ မှားယွင်းတဲ့အယူအဆ တစ်ခုပဲဖြစ်ပါတယ်။ နေရောင်ခြည်ထိတွေ့မှုကို မကန့်သတ်နိုင်ပေမဲ့ ထီးလိုမျိုး အရိပ်ရပစ္စည်းတွေဟာ နေရဲ့ အန္တရာယ်ရှိတဲ့ရောင်ခြည်တွေကို ကာကွယ်ပေးဖို့ မလုံလောက်ပါဘူး။ သင့်ကလေးဟာ အရိပ်ထဲမှာ ကစားနေရင်တောင်မှ နေရောင်ခံကာကွယ်ဆေး လိမ်းပေးဖို့ လိုအပ်ပါတယ်။

၇။ နောက်ကျမှလိမ်းခြင်း

နေပူထဲမှာ ကမ်းခြေ ဒါမှမဟုတ် ပန်းခြံထဲကို သွားတော့မယ်ဆိုရင် ဟိုရောက်မှ နေလောင်ခံကာကွယ်ဆေးလိမ်းဖို့ မစဉ်းစားပါနဲ့။ နေလောင်ခံကာကွယ်ဆေးဟာ ကောင်းကောင်းအလုပ်မဖြစ်လို့ပါ။ အမှန်တကယ် နေရောင်ခြည် မထိတွေ့ခင် သင့်ကလေးရဲ့ အရေပြားကို ၃၀ မိနစ်လောက်ကြိုပြီး လိမ်းထားတာ အကောင်းဆုံးရလဒ်ကို ရရှိစေမှာပါ။

၈။ အဓိကနေရာတွေကို မလိမ်းမိခြင်း

သင့်ကလေးတွေရဲ့လက်မောင်းနဲ့ ခြေထောက်လိုမျိုး မျက်နှာပေါ်က ဆံပင်အစပ်နားတွေကို လိမ်းပေးသင့်ပါတယ်။

Ref: www.popsugar.com “8 of the biggest sunscreen mistakes every parent needs to know”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top