ဘစ်ဂ်ဘန်း(Big Bang) မတိုင်ခင်က ဘာတွေ တည်ရှိခဲ့တယ် ဆိုတာကို စတီဖင် ဟော့ပ်ကင်း(Stephen Hawking) ဖွင့်ဟ

yyl-011.jpg

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃.၈ ဘီလျံ တုန်းက ဘစ်ဂ်ဘန်း(Big Bang) စတင်ဖြစ်ပွားချိန်မှာ စကြဝဠာထဲက အရာရာတိုင်းဟာ

ကျွန်တော်တို့ ဒီနေ့သိတဲ့ စကြဝဠာ ဖြစ်လာဖို့ အရာဝထ္ထု လေး တစ်ခုကနေ စတင် ပေါ်ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် အဲဒါတွေ မတိုင်ခင်က ဘာတွေ တည်ရှိခဲ့သလဲ? အချိန်အပါအဝင် အရာရာတိုင်း မစတင်ခင်မှာ ဘာတွေ တည်ရှိနေသလဲ? ပါမောက္ခ စတီဖင် ဟော့ပ်ကင်း ကတော့ ဘာတွေ တည်ရှိခဲ့တယ်ဆိုတာ သူသိပါတယ် လို့ ပြောပါတယ်။

မကြာသေးမီက မေးမြန်းခန်း တစ်ခုမှာ ဒီနာမည်ကြီး ရူပဗေဒ ပညာရှင်က ” ဘစ်ဂ်ဘန်း(Big Bang) မတိုင်ခင်တုန်းက အနားတစ်ဝိုက်မှာ ဘာမှ မရှိခဲ့ပါဘူး။ အချိန်နဲ့ နေရာ ဟာ တစ်ခုနဲ့ တစ်ခု တွန့်လိမ်နေပြီး မျဉ်းကွေးအခြေအနေမှာ ရှိနေခဲ့တယ်” လို့ အခိုင်အမာ ဆိုခဲ့ပါတယ်။

သူရဲ့ အသိအမြင်တွေကို မျှဝေပေးနေပြီး Sunday ညနေခင်းတိုင်း ထုတ်လွှင့်ပြသမြဲဖြစ်တဲ့ National Geographic Show ရဲ့”ကြယ်ပွင့်တို့ရဲ့ ပြောစကား” အစီအစဉ် ”Hawking” အပိုင်း (76) မှာ စကြဝဠာ ရဲ့ အစအကြောင်းကို ရှင်းလင်းပြောကြားခဲ့တာဖြစ်ပါတယ်။ သူက ” ဘစ်ဂ်ဘန်း(Big Bang) ဆိုတဲ့ အရာဟာ အခု ကျွန်တော်တို့ ‘အချိန်’ လို့ ရည်ညွန်းခေါ်ဆိုနေကြတဲ့ အရာရဲ့ ဖန်တီးရှင်ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အဲဒီဖြစ်ရပ်ဟာ ဒီနေ့ ကျွန်တော်တို့သိတဲ့ ရူပဗေဒ နိယာမ တွေ ကို ချိုးဖောက် ခဲ့တာပါ” လို့ဆိုပါတယ်။

ဒါက ပထမဆုံး စတင်ဖြစ်ပေါ်ခဲ့တဲ့ အရာတွေကို လက်ရှိ ကျွန်တော်တို့နားလည်ထားတဲ့ အချိန် နဲ့ ဖြစ်တည်မှု လို့ သတ်မှတ်လို့ မရဘူး ဆိုတဲ့ အဓိပ္ပာယ် ထွက်နေပါတယ်။ စတီဖင် ဟော့ပ်ကင်း ဟာ Dimensions လေးမျိုးနဲ့ တိုင်းတာထားတဲ့ သူ့ရဲ့သီအိုရီ ကို ရှင်းပြဖို့ အတွက် space-time အယူအဆကို သုံးခဲ့ပါတယ်။အဲဒီ မေးမြန်းခန်း မှာ space-time ဖြစ်နေမှုကြောင့် ဖြစ်ပေါ်နေတဲ့ ကွေးညွှတ်နေတဲ့ ပုံသဏ္ဍာန် ရှိတဲ့ ကမ္ဘာ ရဲ့ ပုံစံကို အသုံးပြုခဲ့ပါတယ်။ ”မူလ ပထမ ‘စစ်မှန်တဲ့ အချိန်’ ဆိုတဲ့ ပုံစံကို စကြဝဠာ ရဲ့ လေးခုမြောက် Dimension အနေနဲ့ ယူဆတဲ့ ‘ပုံရိပ်ယောင် အချိန်’ ဆိုတာနဲ့ အစားထိုးခဲ့ကြတာ ဖြစ်တယ်” လို့ သူကဆိုပါတယ်။

ဒါကို မြင်ယောင်ကြည့်ဖို့ အတွက် ရေပြင်ညီမျဉ်း တစ်ကြောင်းကို စိတ်ကူးပြီး ဘယ်ဘက်ကို ‘အတိတ်’ ညာဘက်ကို ‘အနာဂါတ်’ ထားလိုက်ပါ။ အဲ့ဒီနောက် မတ်မျဉ်းတစ်ကြောင်း ကို ထပ်ထည့်လိုက်ပါ။ ဒါဟာ Hawking ပြောတဲ့ ‘ပုံရိပ်ရောင် အချိန်’ ဆိုတာဖြစ်ပြီး ဘစ်ဂ်ဘန်း(Big Bang) အနီးမှာ ရှိနေခဲ့တဲ့ အရာဖြစ်ပါတယ်။ အခြေခံကျကျ ပြောရရင် ဘစ်ဂ်ဘန်း(Big Bang) မတိုင်ခင် ပုံရိပ်ယောင် အချိန်ရဲ့ အနားသတ် မျဉ်းကြောင်းတောင် ရှိမနေခဲ့ပါဘူး။ အနားသတ် မရှိပါဘူးဆိုတဲ့ စကြဝဠာ ရဲ့ အနားသတ်အခြေအနေ ဖြစ်ပါတယ် လို့ သူကဆိုပါတယ်။

သူရဲ့ သီအိုရီ အရ စကြဝဠာ ရဲ့ မူလပုံစံဟာ ပြားပြားရှည်ရှည်ကြီး မဟုတ်ပါဘူး။ ဒါပေမဲ့ ကမ္ဘာ ရဲ့ မျက်နှာပြင်လိုမျိုး အကွေးပုံစံ၊ Dimension လေးမျိုး ဖြစ်ပြီး သူ့မှာက အပို Dimension နှစ်မျိုးထပ်မံပါဝင် နေပါတယ်။ သူက ”သာမန် ရူပဗေဒ နိယာမတွေထဲက တစ်ခုဖြစ်တဲ့ ကမ္ဘာ ရဲ့ တောင်ဝင်ရိုးစွန်း လိုမျိုး ပဲ စိတ်ကူးယဉ်ဆန်တဲ့ သာမန် space-time ကို တစ်စုံတစ်ယောက်ဟာ သေချာ မြင် နိုင်မှာပါ။ တောင်ဝင်ရိုးစွန်း ဆိုတဲ့နေရာမှာ တောင်အရပ်ဆိုတဲ့ အရာဟာ (သတ်မှတ်ချက်တစ်ခုမျှသာဖြစ်သောကြောင့်) မရှိနေသလိုမျိုး Big Bang မတိုင်ခင် အနားတစ်ဝိုက်မှာ ဘာမှရှိမနေခဲ့ပါဘူး” လို့ သူက ပြောပြခဲ့ပါတယ်။

အချိန် နဲ့ တည်ရှိမှု ဆိုတဲ့အရာဟာ ကမ္ဘာပေါ်က လတ္တီကျူ ထောင့်တစ်ခုလိုမျိုး သာမာန် အမှတ်ကလေး တစ်ခုကနေ ထွက်ပေါ်လာခဲ့တာပါ။ ဟော့ပ်ကင်း ရဲ့ အဆိုအရ ဘစ်ဂ်ဘန်း(Big Bang) မတိုင်ခင်မှာ စကြဝဠာ ဟာ အလွန်အမင်း သိပ်သည်းပြီး အပူစွမ်းအင် ရှိတဲ့ Atom တစ်လုံးအရွယ် သာရှိနေခဲ့တာပါတဲ့။ အဲဒီ အမှုန်ကလေးရဲ့ အတွင်းမှာတော့ ရူပဗေဒ နိယာမ တွေနဲ့ အတူ အဲဒီတုန်းက မတည်ရှိသေးလို့ ကျွန်တော် တို့ မသိနိုင်သေးတဲ့ အချိန် ဆိုတဲ့ အရာပါ ရှိနေခဲ့တာပါ။

တကယ်လို့သာ ကျွန်တော်တို့ဟာ ဘစ်ဂ်ဘန်း(Big Bang) ဖြစ်ပွားခဲ့တဲ့ အချိန်ကို ပြန်သွားမယ်ဆိုရင် အချိန်ကို ညွှန်ပြတဲ့ မြှားဟာ စကြဝဠာ သေးငယ်လာလေလေ အဆုံးမရှိ ကျုံ့ဝင် သွားလေလေ ဖြစ်မှာဖြစ်ပြီး တိကျသေချာရှင်းလင်းတဲ့ အစမှတ် ကို ဘယ်တော့မှ ပြန်မရောက်နိုင်တော့မယ့်ပုံပါပဲ။ ဘစ်ဂ်ဘန်း(Big Bang) မတိုင်ခင်က အချိန်ဟာ ကွေးနေခဲ့ပါတယ်၊ ဘာမှ မရှိတဲ့ အရာ နားကို နီးကပ်ဖို့ တစ်ချိန်လုံး သွားနေရင်းနဲ့ ဘာမှကို ဖြစ်မလာခဲ့ပါဘူး။

လုံးဝသေချာတာ တစ်ခုကတော့ ဘာမှမရှိတဲ့ အရာ တစ်ခုကနေ ဘစ်ဂ်ဘန်း(Big Bang) ဆိုတဲ့ အရာ ဖြစ်မလာနိုင်ပါဘူး။ ဒါတွေဟာ လူသားတွေရဲ့ ရုပ်လုံးဖော် အမြင်တွေကနေသာ ဖြစ်ပေါ်လာပုံရပါတယ် လို့ ပြောခဲ့ပါတယ်။

ဒီကိစ္စ နဲ့ ပတ်သတ်ပြီး သင်ရော ဘယ်လိုမြင်လဲ?
စတီဖင် ဟော့ပ်ကင်း ပြောတာကို သဘောတူရဲ့လား?

Zuluu (ရိုးရာလေး)
Refrence : Science Academy

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top