လူတိုင်းမဖြစ်မနေ နားထောင်သင့်တဲ့ Ted talk ၁၀ ခု

TED_banner.png

“စိတ်ကူးတွေဟာ ပျံ့နှံဖို့ထိုက်တန်တယ်” ဆိုတဲ့ ဆောင်ပုဒ်နဲ့ တည်ထောင်ခဲ့တဲ့ TED (Technology, Entertainment, Design)ဟာ မီဒီယာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး  အွန်လိုင်းပေါ်မှာ ပညာရှင်များကို ဖိတ်ခေါ်ပြီး စကားပြောပွဲများ ကျင်းပပေးနေခဲ့တာ ၁၉၈၄ ခုနှစ် ဖေဖော်ဝါရီလကတည်းကပါ။

Ted အဖွဲကဟာ အစပိုင်းမှာ နည်းပညာနဲ့ ဒီဇိုင်းပညာရပ်ဆိုင်ရာကိုပဲ အသားပေးပြီး ပြောခဲ့တဲ့ ပွဲတွေဖြစ်ပေမဲ့ နောက်ပိုင်းမှာ သိပ္ပံပညာဆိုင်ရာ၊ ယဉ်ကျေးမှုနဲ့ ပညာရေးဆိုင်ရာ ခေါင်းစဉ်တွေ ပါ  ဟောပြောခဲ့ကြပါတယ်။

ဟောပြောမယ့်သူတွေဟာ ကြိုက်နှစ်သက်ရာခေါင်းစဉ်တွေကို ရွေးချယ်နိုင်ပြီး အများဆုံး ၁၈ မိနစ်အတွင်းမှာ သူတို့ရဲ့ စိတ်ကူးအကြံတွေကို ဆန်းသစ်စွာနဲ့ တင်ဆက်ရတာ ဖြစ်ပါတယ်။ Ted talk တွေကို Bill gates နဲ့ Google တည်ထောင်သူတွေဖြစ်တဲ့ လာရီပေ့ နဲ့ ဆာဂေးဘရင်တို့လို နည်းပညာသမားတွေ အပြင် နိုဘယ်ဆုရှင်တွေ၊ နာမည်ကျော်ပုဂ္ဂိုလ်တွေ လာရောက်ဟောပြောကြပါတယ်။ အခုချိန်မှာတော့ ကြီးမားလာပြီဖြစ်တဲ့ Ted Talk တွေကို အနောက်နိုင်ငံက တက္ကသိုလ်ကြီးတိုင်းလိုလို ဖိတ်ခေါ်ပြီး ကျင်းပလေ့ရှိပါတယ်။ ဒါ့အပြင် Ted talk တွေကို မြို့ကြီးတွေမှာပါ ကျင်းပနေကြပြီး ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့ကလည်း ရန်ကုန်မြို့မှာ TEDxYangon  အမည်နဲ့ ကျင်းပသွားခဲ့ပါသေးတယ်။ အခုဒီမှာတော့ Ted Talk သမိုင်းတစ်လျှောက် အကောင်းဆုံး Ted talk (၁၀) ခုကို ဖော်ပြပေးလိုက်ပါတယ်။ ဒီ Ted talk တွေကို နားထောင်လိုက်ခြင်းဖြင့် သင် စိတ်ကူး၊ Idea အသစ်အဆန်းတစ်ခုခုရသွားမှာ ဖြစ်ပါတယ်။

၁၀။ Stop searching for your passion (Terri Trespicio)

အောင်မြင်ချင်ပါသလား။ သင်ရဲ့ ဝါသနာ စွဲလမ်းမှုကို ရှာနေတာ ရပ်လိုက်ပါတော့။ သင့်ရဲ့ ဘဝမှာ သင်အိပ်မက်ခဲ့ရတဲ့ အရာတစ်ခုဖြစ်လာဖို့၊  သင်ဝါသနာပါတဲ့ အရာတစ်ခု ဖြစ်လာဖို့ သင်ကြိုးစားနေပါသလား။ ဒါဆိုရင်တော့ သင်ဒုက္ခရောက်ပြီ လို့ ဆိုထားတဲ့ ဒီ talk ကတော့ ကျွန်တော်တို့ ကြားဖူးနေတဲ့ ဝါသနာနဲ့ အောင်မြင်ခြင်းဆိုတဲ့ အရာတွေနဲ့ တော်တော်လွဲနေပါတယ်။ တယ်ရီ ဟာ ဝါသနာက သင့်ရဲ့ အောင်မြင်ခြင်းအတွက် လောင်စာမဟုတ်ဘဲ  အောင်မြင်ခြင်းကသာ သင့်ရဲ့ ဝါသနာကို လောင်စာ လုပ်ပေးမှာ ဆိုတဲ့အကြောင်း ပြောသွားမှာ ဖြစ်ပါတယ်။ Idea အသစ်တစ်ခု နားထောင်ချင်တယ်ဆိုရင်တော့ ဒီ  talk ကိုလည်း လက်လွတ်မခံသင့်ပါဘူး။

၉။ A musical genius (Usman Riaz )

ခေါင်းစဉ်က A musical genius ဆိုလို့ ဂီတတူရိယာ တစ်ခုခုကို တီးခတ်ပြရင်း အချိန်ကုန်သွားတဲ့ Talk တစ်ခုလို့ သင်ထင်ရင်မှားသွားပါလိမ့်မယ်။ ဒီ Ted  talk ဟာ ပညာရေးနဲ့ ပတ်သတ်ပြီး ကြီးမားတဲ့ ပြောင်းလဲမှုတစ်ခုကို ပြောသွားတဲ့ Talk တစ်ခုဖြစ်ပါတယ်။ Talk ကို ဟောပြောတဲ့ သူဟာ ပါရမီပါတဲ့  ပါကစ္စတန်နိုင်ငံသား လူငယ်လေးတစ်ယောက်ဖြစ်ပြီး ဂီတပုံစံအမျိုးမျိုးကို လေ့လာသင်ယူချင်ပေမဲ့ ပါကစ္စတန်မှာ ဂီတနည်းပြတွေ သိပ်မရှိတဲ့အတွက် သင်ခွင့်မရခဲ့တဲ့ လူငယ်တစ်ယောက်လည်းဖြစ်ပါတယ်။ ဒါပေမဲ့ အခက်အခဲကြောင့် ဒီလူငယ်က နောက်မဆုတ်ခဲ့ပါဘူး။

“ကျွန်တော် Youtube ကို ဆရာတင်ခဲ့တယ် ” အူစ်မန် ရီယက်ဇ်(Usman Riaz)

ဒီလိုနဲ့ ရီယက်ဇ်တစ်ယောက် Youtube ကို ဆရာတင်ပြီး ဂီတပညာကိုသင်ကြားခဲ့ပါတယ်။ ဒီ Talk ထဲမှာဆိုရင် Youtube ကနေ  ဘယ်လောက်ပညာသင်ယူနိုင်လဲဆိုတာ ကိုယ်တိုင်ဖြတ်သန်းခဲ့ဖူးသူတစ်ယောက်ဆီမှ လေ့လာသင်ယူနိုင်မှာ ဖြစ်ပြီး သမာရိုးကျ ပညာရေးစနစ်တွေကို ပြောင်းလဲဖို့ လမ်းစဖွင့်ပေးမယ့် Talk တစ်ခုလည်း ဖြစ်ပါတယ်။

၈။ Do schools kill creativity? ( Sir Ken Robinson)

၂၀၀၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီ Talk မှာဆိုရင် ပညာရေးကို ဆန့်ကျင်ပြီး ပါမောက္ခတစ်ယောက်က ဟောပြောသွားတာကို သင်ကြားရမှာ ဖြစ်ပါတယ်။  ပညာရေးအနုပညာ ပါမောက္ခဟောင်းတစ်ယောက်ဖြစ်တဲ့ ဆာရော်ဘင်ဆင်ဟာဆိုရင် ဒီ Talk ထဲမှာ ကျောင်းတွေက ကလေးသူငယ်တွေရဲ့  တီထွင်ဖန်တီးနိုင်စွမ်းကိုသတ်ပစ်ပြီး ဘယ်တော့မှ မမှားနိုင်တဲ့ စက်တစ်လုံးအဖြစ် ပြောင်းလဲနေတဲ့အကြောင်းကို ပြောသွားတာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ ကမ္ဘာကြီးမှာ ကလေးတွေကို သင်္ချာသင်သလိုမျိုး အကအခုန်ပါသင်ပေးနေတဲ့ ပညာရေး စနစ်တစ်ခုမှ မရှိသေးပါဘူး”  ဆာရော်ဘင်ဆင်

သင်ရယ်စရာလေးတွေ နားထောင်ချင်တယ်၊ ဒါမှမဟုတ် သူ့လိုမျိုး ပညာရေးစနစ်တွေရဲ့ အားနည်းချက်ကို မြင်မိသူတစ်ယောက်ဆိုရင် ဒီ Talk ကို  နားထောင်ကြည့်ဖို့ တိုက်တွန်းချင်တယ်။

၇။ Why I read a book a day (and why you should too): the law of 33% (Tai Lopez)

ခေါင်းစဉ်တော်တော်ရှည်တဲ့ Talk တစ်ခုလို့ မြင်မိတယ်မှလား။ အချိန်ပေးရတဲ့ အလျောက်ရတဲ့ အကျိုးကလည်း များပါတယ်။ ဒီ Talk ထဲမှာဆိုရင် စာအုပ်တစ်အုပ်ကို ၃ ရက်အတွင်းမှာ ဘယ်လိုဖတ်ရမလဲ ဆိုတာပြောသွားမှာ ဖြစ်ပြီး သင်ကစာဖတ်ရတာ နှစ်သက်သူတစ်ယောက်ဆိုရင် Idea အသစ်တစ်ခုအတွက် နားထောင်ကြည့်သင့်ပါတယ်။

၆။ Your body language shapes who you are (Amy Cuddy)

https://www.youtube.com/watch?v=7bB_fVDlvhc

အကောင်းဆုံး Ted Talk တွေထဲက အပါအဝင်တဲ့ ဒီ talk ဟာ ထူးထူးခြားခြား Talk တစ်ခုဖြစ်ပြီး လူတစ်ယောက်ကို သူ့ရဲ့စစ်မှန်တဲ့ပုံစံနဲ့ လူတစ်ယောက်အဖြစ် ရင်ဆိုင်ရန်ပြောထားတဲ့ talk တစ်ခုလည်း ဖြစ်ပါတယ်။ ဒီ Talk ဟာ ဘဝနဲ့ပတ်သတ်ပြီး ကိုယ်ကိုကိုယ် ယုံကြည်မှု အတုကို ဘယ်လိုလုပ်ရမလဲဆိုတာပြောသွားမယ့် talk တစ်ခုဖြစ်ပြီး ဟားဗတ်တက္ကသိုလ် ပါမောက္ခ ဖြစ်သူ ကဒ်ဒီ ကပြောသွားတာ ဖြစ်ပါတယ်။

၅။ Thoughts on humanity, fame and love ( Shah Rukh Khan)

ဒီ Talk ကတော့ အားလုံးသိကြတဲ့ မင်းသား ရှာရွတ်ခန်းပြောသွားတဲ့ Talk တစ်ခုဖြစ်ပြီး အချစ်နဲ့ ပတ်သတ်တဲ့ အကြောင်းကို ပြောသွားတာဖြစ်ပါတယ်။  အဲ့ဒီအချစ်ကလည်း ဆိုရှယ်မီဒီယာတွေနဲ့ အင်တာနက်ကြားမှာ ဘယ်လိုပျောက်ဆုံးကုန်လဲဆိုတာကို ရှာရွတ်ခန်းက ပြောပြသွားမှာပါ။

“ကျွန်တော်တို့ ကြုံတွေရမယ့် အနာဂတ်က အိုနေတဲ့ ရုပ်ရှင်မင်းသားလို ဖြစ်နေမှာပါ ” ရှာရွတ်ခန်း

၄။ Why I stopped watching porn ( Ran Gavrieli)

ဒီ Talk ကတော့ နာမည်နဲ့တင် တော်တော်စိတ်ဝင်စားဖို့ ကောင်းနေတဲ့ Talk တစ်ခုပါ။ စာဖတ်သူတွေလည်း စိတ်ဝင်စားကြမယ်ထင်ပါတယ်။ ဒါပေမဲ့ ဒီ Talk  ကတော့ ညစ်ညမ်းကားတွေနဲ့ ပတ်သတ်ပြီး သင့်ရဲ့ အမြင်ကို ပြောင်းလဲပေးနိုင်မယ့် Talk တစ်ခု ဖြစ်တဲ့အပြင် ကျွန်တော်တို့ စိတ်ကူးတွေ ဒီလိုအရာတွေနဲ့တွေ့တဲ့ အခါ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ ပြောသွားမယ့် Talk ပါ။

၃။ Turning adversity into opportunity ( Muniba Mazari)

ဒီ talk ထဲမှာတော့ ကားအက်ဆီဒန့်ကနေ အသက်ရှင်ခဲ့ပြီး ရပ်တည်ရန် ကြိုးစားခဲ့ရတဲ့ ကောင်မလေး တစ်ယောက်အကြောင်းကို သင် ကြားရမှာဖြစ်ပါတယ်။ ဒီ Talk ကိုပြောဆိုသူ မူနီဘာ မာဇာရီ ကိုယ်တိုင်ကလည်း ပါကစ္စတန်နိုင်ငံဆိုင်ရာ ကုလသမ္မဂအမျိုးသမီး ကိုယ်စားလှယ် တစ်ယောက်လည်း ဖြစ်ပါတယ်။

“ကျွန်မကိုယ်တိုင် အားကျစရာတစ်ယောက်မှ မရှိတဲ့အတွက် ကျွန်မကိုယ်တိုင်ပဲ ဖြစ်လာရတယ် ” မူနီဘာ မာဇာရာ

၂။ How great leaders inspire action (Simon Sinek)

Old But Gold ဆိုတဲ့ Ted Talk တစ်ခုပါ။ ဒီ စကားပြောပွဲမှာ ဆိုရင် ပြောသူ Simon Sinek ကိုယ်တိုင်က ဘယ်လိုခေါင်းဆောင်တစ်ယောက်ဖြစ်ရမလဲဆိုတာကို  အခြေခံအချက်လေးတွေနဲ့ ထောက်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နာမည်ကျော်တဲ့ ခေါင်းဆောင်တွေ ကျင့်သုံးခဲ့တဲ့ အခြေခံစည်းမျဉ်းတွေကို မီးမောင်းထိုးပြသွားမှာ ဖြစ်ပြီး သင့်ကို အဲ့ဒီခေါင်းဆောင်တွေ အဆင့်အထိရောက်အောင် အထောက်အကူတစ်ခုပြုပေးနိုင်တဲ့ Talk တစ်ခုဖြစ်ပါတယ်။ ဒီ How Great  Leaders Inspire Action Talk ကလည်း Ted သမိုင်းတစ်လျှောက်မှာ တတိယ အကျော်ကြားဆုံး Talk တစ်ခုလည်း ဖြစ်ပါတယ်။

၁။ The mind behind Tesla, SpaceX, SolarCity ( Elon Musk)

လျှပ်စစ်ကား၊ အပျော်စီးအာကာသယာဉ်၊ ဆိုလာခေါင်မိုး စတဲ့ အရာတွေကို လုပ်ဖို့ ကြိုးစားနေတဲ့ ဘီလီယံနာ အီလွန်မတ်စ်တစ်ယောက် ကမ္ဘာကြီးကို  ဘယ်လိုပြောင်းလဲဖို့ ကြိုးစားနေလဲဆိုတာ ဖော်ပြသွားမှာ ဖြစ်ပြီး သူ့ရဲ့ အနာဂတ်နဲ့ပတ်သတ်တဲ့ အစီအစဉ်တွေ၊ ကျွန်တော်တို့မှာ ရှိတဲ့ အရင်းအမြစ်တွေနဲ့  ဘာတွေပြောင်းလဲပေးနိုင်လဲဆိုတဲ့ အကြောင်းကို ပြောသွားမှာ ဖြစ်ပါတယ်။ အနာဂတ်ကို မှန်းဆကြည့်ရှုချင်တယ်ဆိုရင်တော့ ဒီ talk က အကောင်းဆုံး Talk  တစ်ခု ဖြစ်ပါတယ်။

Ref : Born Realist Knowledge : 12 Ted Talks that Are Worth More than a College Degree

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top