တန်ဖိုးဖြတ်မရတဲ့ မင်္ဂလာလက်ဆောင်

wedding_ani_759.jpg

အိန္ဒိယနိုင်ငံရှိ အဂျေးမြူနွတ်(Ajay Munot) ဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဟာ ရူပီးငွေ သိန်း ၇၀ မှ ၈၀ လောက်ကို သမီးဖြစ်သူရဲ့ မင်္ဂလာဧည့်ခံပွဲမှာ

အသုံးပြုဖို့ အစီအစဉ် ရှိခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ မင်္ဂလာပွဲကို ငွေကြေးအကုန်ကျများစွာနဲ့ ကျင်းပမယ့်အစား အိမ်ခြေမဲ့ ဆင်းရဲသားတွေအတွက် အိမ်ဆောက်ပေးဖို့အစီအစဉ်ကို ပြောင်းလဲပစ်ခဲ့ပါတယ်။

မင်္ဂလာပွဲအတွက် သုံးဖို့ လျာထားတဲ့ ငွေကြေးတွေအားလုံးနဲ့ အိမ်အလုံးပေါင်းကိုးဆယ်ကို ဧကနှစ်ဆယ် မြေပေါ်မှာ တည်ဆောက်ခဲ့ပြီး နေထိုင်ခွင့်ပေးမယ့်သူတွေကိုလည်း သေချာစွာ ဂရုစိုက်ရွေးချယ်ခဲ့ပါတယ်။ နေထိုင်သူတွေကို ရွေးချယ်ရာမှာ အချက်သုံးချက်အပေါ် မူတည်ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အမှန်တကယ်ဆင်းရဲသူတွေ၊ ဆင်းရဲသားရပ်ကွက်တွေမှာ ချို့ချို့တဲ့တဲ့ နေရသူတွေနဲ့ ကူးစက်ရောဂါမရှိသူတွေကိုသာ ဦးစားပေးစဉ်းစားခဲ့တာပါ။

အိမ်တစ်လုံးချင်းစီတိုင်းဟာ အကျယ်၁၂ ပေ အရှည်၂၀ ပေရှိတယ်လို့သိရပြီး အလင်းရောင်ကောင်းကောင်းရရှိကာ ပြတင်းပေါက်နှစ်ခု ပါရှိပါတယ်။ ရေနဲ့ လျှပ်စစ်မီး အသုံးပြုနိုင်အောင်လည်း ဖန်တီးပေးထားတာကြောင့် နေထိုင်သူများအတွက် အဆင်ပြေနေကြောင်း သိရပါတယ်။

ဖခင်ဖြစ်သူရဲ့ ဆုံးဖြတ်ချက်ပြောင်းလဲလိုက်မှုကို သမီးဖြစ်သူ ရှီရာ(Sherya) နဲ့ အမျိူးသားဖြစ်သူတို့ကထောက်ခံခဲ့ကြပြီး ဖခင်ဆီက အကောင်းဆုံး မင်္ဂလာလက်ဖွဲ့ကို ရရှိလိုက်တာဖြစ်တယ် လို့လည်းပြောကြားခဲ့ပါတယ်။

Paradise(yyl)

Ref: Independent.co.uk

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top