မြွေကိုက်ခံရခြင်းအတွက် ရှေးဦးသူနာပြုစုနည်း

snake-head-PLXQJHA.jpg

မြွေကိုက်ခံရခြင်းအတွက် ရှေးဦးသူနာပြုစုခြင်းနဲ့ ပတ်သက်တဲ့ ဗဟုသုတရှိခြင်းဟာ မြွေကိုက်ခံရသူအတွက် သေဆုံးခြင်းနဲ့ အသက်ရှင်ခြင်းဆိုတဲ့ ကွာခြားမှုကို ဖြစ်စေပါတယ်။ မြွေအမျိုးအစား အတော်များများဟာ အဆိပ်မရှိပါဘူး။ ဒါပေမယ့် သင်ဟာ ကိုက်တဲ့မြွေကို သေချာစွာမှတ်မိခြင်း မရှိဘူးဆိုရင် အကိုက်ခံရတဲ့ ဒဏ်ရာကို ရှေးဦး သူနာပြုစုနည်းအတိုင်း သေချာစွာ ပြုစုသင့်ပါတယ်။ အောက်ဖော်ပြပါ အချက်တွေကို လေ့လာပါ။

အကိုက်ခံရသူလူနာကို သိပ်မလှုပ်ရှားစေပါနဲ့

လူနာကို အရမ်းမကြောက်လန့်စေဖို့ နှစ်သိမ့်ပေးပါ။ အရမ်းကြောက်လန့်နေခဲ့ရင် ဒါဟာ နှလုံးခုန်နှုန်းကို မြန်စေပြီးတော့ မြွေဆိပ်ကို တစ်ကိုယ်လုံးကို အလျင်အမြန် ပျံ့နှံ့စေပါတယ်။ ကျပ်တည်းတဲ့ အကွင်းတွေ၊ ကျပ်စေတဲ့အရာတွေအကုန်လုံးကို ဖယ်ရှားပါ။ ဒါဟာ မြွေကိုက်ခံရတဲ့ နေရာကို ရောင်ရမ်းစေပါတယ်။

မြွေဆိပ်ကို ပြန်ရည်ကြောကတစ်ဆင့် ပျံ့နှံ့မှုကို တားဆီးပါ။ ဒဏ်ရာကို ပတ်တီးနဲ့ တင်းကျပ်စွာ မလှုပ်ရှားနိုင်အောင် စည်းပါ။ မြွေကိုက်ခံရတဲ့ ခြေထောက်ကို မလှုပ်ရှားနိုင်အောင် ကျပ်စည်းသင့်ပါတယ်။ မြွေကိုက်ခံရသူရဲ့ လက်ကို နှလုံးနဲ့ တတ်နိုင်သမျှ အဆင့်ညီအောင် ထားပါ။ ဒါဟာ အခြားအရေးကြီးတဲ့နေရာတွေကို အဆိပ် ပျံ့နှံ့ခြင်းက သက်သာစေမှာပါ။ ပတ်တီးကို တုတ်တစ်ခုနဲ့ ခြေထောက်တစ်ခုလုံးကို မလှုပ်နိုင်အောင် တတ်နိုင်သမျှ အားသုံးပြီး ကျပ်စည်းပါ။ ကျပ်စည်းခြင်းကို ခြေချောင်း လက်ချောင်းတွေက စပြီး အကိုက်ခံရတာက လက်ဆိုရင် ချိုင်းကြားအထိ၊ ခြေထောက်ဆိုရင် ပေါင်ခြံအထိ ကျပ်စည်းပါ။

မြွေကိုက်ခံရသူဟာ စိတ်ပိုင်းဆိုင်ရာ ဖိအား အလွန်များပြားတတ်ပါတယ်။ လူနာကို နွေးထွေးစွာ ထားဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် အရက်တိုက်တာမျိုးတော့ မပြုသင့်ပါဘူး။

  • လူနာကို သူကိုယ်တိုင် ဘယ်လိုလှုပ်ရှားမှုမျိုးမှ မပြုလုပ်စေသင့်ပါဘူး။ သူ့ကို ဇီဝဓါတု ဖြစ်စဉ် နည်းပါးအောင် အစာစားခြင်း၊ ရေသောက်ခြင်းတို့ကိုလည်း ခွင့်မပြုသင့်ပါဘူး။
  • မြွေကိုက်ခံရတဲ့ ဒဏ်ရာကို ဖုံးကာထားခြင်း မပြုသင့်ပါဘူး။ ဒဏ်ရာဟာ ပိုးသတ်ဆေးနဲ့ ကောင်းမွန်စွာ သန့်ရှင်းထားသင့်ပါတယ်။
  • မြွေဆိပ်စုပ်ထုတ်တဲ့ ကိရိယာနဲ့ မြွေကိုက်တဲ့ အရာကနေတစ်ဆင့် စုပ်ထုတ်ဖို့ ကြိုးစားသင့်ပါတယ်။ ဖိအား ၂၇၀ mmHg ထက်ပိုပြီး အသုံးပြုခြင်းဟာ မြွေကိုက်ခံရတဲ့ ဒဏ်ရာက မြွေဆိပ်တွေ စတင်ထွက်လာစေနိုင်ပါတယ်။ စုပ်တဲ့ ကိရိယာဟာ မြွေကိုက်ခံရမှုအတွက် အသုံးပြုရတာဖြစ်ကာ ဈေးကွက်မှာ ဝယ်လို့ရပြီး အစုံလိုက်လာတာဖြစ်ပါတယ်။ ဒါပေမယ့် မြွေဆိပ် စုပ်ထုတ်ခြင်းကိုတော့ အကိုက်ခံရပြီး ငါးမိနစ်အတွင်း ပြုလုပ်သင့်ပါတယ်။

အဆိပ်ရှိတဲ့ မြွေကိုက်ခံရခြင်းရဲ့ တစ်ခုတည်းသော ကုသမှုကတော့ မြွေဆိပ်ဖြေဆေး ထိုးခြင်းပဲဖြစ်ပြီး ဒါကို အစိုးရဆေးရုံတွေနဲ့ ပြည်သူ့ကျန်းမာရေးဌာနတွေမှာ အလွယ်တစ်ကူ ရရှိနိုင်ပါတယ်။ အချို့ ဂေဟာတွေမှာလည်း မြွေဆိပ်ဖြေဆေးကို စတင်သိုလှောင်ထားရှိပြီး မြွေကိုက်ခံရတဲ့ လူနာတွေကို ကုသပေးပါတယ်။

ရေးသားသူ Dr . Phyu Mon Latt

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top