Quad Camera၊ 8 GB RAM နှင့်အတူ 5,000 mAh ဘက်ထရီ တို့ပါဝင်သောOPPO A9 2020 နှင့် A5 2020 ကို ပြည်တွင်းတွင် တရားဝင် မိတ်ဆက်

001-1.jpg

မြန်မာပြည်တွင်းရှိ စမတ်ဖုန်း သုံးစွဲသူများ အတွက် ဈေးနှုန်းသင့်တင့်ကာ စွမ်းဆောင်ရည်ကောင်းမွန်ပြီး လှပသေသပ်သည့် ဒီဇိုင်းများနှင့် စမတ်ဖုန်းများကို အစဉ်အမြဲ မိတ်ဆက်ပေးတတ်သော OPPO မှ “Unstoppable Fun” ခေါင်းစဉ် နှင့်အတူ နေ့စဉ်ဘဝ၏ လိုအပ်ချက်များကို ဖြည့်စွမ်းပေးမည့် စမတ်ဖုန်းများဖြစ်သည့် OPPO A9 2020 နှင့် A5 2020 တို့ကို စက်တင်ဘာလ (၁၉) ရက်နေ့တွင် ရန်ကုန်မြို့ရှိ HOG Esports Centre ၌ တရားဝင် မိတ်ဆက်ပေးခဲ့သည်။ မိတ်ဆက်ပွဲ အခမ်းအနားကို သရုပ်ဆောင် ပိုင်အုပ်စိုးအောင်၊ အဆိုတော် လွှမ်းပိုင် (Streamer Bo Paing Gyi) ၊ Streamer Pancy၊ Team 7၊ Team Sama၊ OPPO Myanmar မှ တာဝန်ရှိသူတို့နှင့်အတူ OPPO မှ အသစ်ထွက်ရှိလာသော စမတ်ဖုန်းများဖြစ်သည့် ကင်မရာ (၄)လုံး၊ 8 GB RAM နှင့်အတူ 5,000 mAh ဘက်ထရီ ပါဝင်သော OPPO A9 2020 နှင့် A5 2020 တို့ကို PUBG Game Theme နှင့်အတူ ထူးခြားဆန်းပြားစွာ မိတ်ဆက်ပေးခဲ့ပါသည်။


ယခုမိတ်ဆက်ပေးလိုက်သည့် OPPO A9 2020 စမတ်ဖုန်းကို သမုဒ္ဒရာထဲရှိ လှိုင်းများ ရွေ့လျားသည့်အခါတွင် အလင်းပြန်သကဲ့သို့ စိုပြေဆန်းပြားသည့် Marine Green အရောင်နှင့် အပြာရောင် နှင့် ခရမ်းရောင်ကို ရောစပ်ထားသော အရောင်ပြေးများဖြင့် စိတ်ကူးယဉ်ဆန်စွာ စီချယ်ထားသည့် Space Purple အရောင်တို့ဖြင့် ရရှိနိုင်မည်ဖြစ်ပြီး မြန်မာငွေ(၃၉၉,၉၀၀)ကျပ်ဖြင့် လည်းကောင်း၊ A5 2020 စမတ်ဖုန်းကို ကြွေထည်လို တောက်ပနေသည့် Mirror Black နဲ့ ရွန်းစိုတောက်ပသောာ အဖြူရောင် Dazzling White တို့ဖြင့် ရရှိနိုင်မည်ဖြစ်ပြီး မြန်မာငွေ(၂၉၉,၉၀၀)ကျပ်ဖြင့် လည်းကောင်း ရောင်းချပေးသွားမည် ဖြစ်ပါသည်။ စမတ်ဖုန်းနှစ်မျိုးစလုံးကို စက်တင်ဘာလ (၂၀)ရက်နေ့မှ (၂၇)ရက်နေ့ အတွင်း ကြိုတင်မှာယူနိုင်မည် ဖြစ်ပြီး စက်တင်ဘာလ (၂၉) ရက်နေ့တွင် ပြည်တွင်း၌ စတင်ရောင်းချ ပေးမည် ဖြစ်ပါသည်။ ကြိုတင်မှာ ယူသူများအတွက် မေတ္တာလက်ဆောင်အဖြစ် Power bank၊ Photo frame တို့နှင့်အတူ PUBG နှင့်ပတ်သက်သော ဆုလက်ဆောင်များ အပြင် 100% Cash back ကံထူးနိုင်မည့် ခဲခြစ်ကံစမ်းမဲများ ကိုလည်း ပေးအပ် သွားမည်ဖြစ်ပါသည်။

OPPO မှ အသစ်မိတ်ဆက်ပေးလိုက်သည့် OPPO A9 2020 နှင့် A5 2020 စမတ်ဖုန်းနှစ်မျိုးစလုံးတွင် မည်သည့် angle က ရိုက်ရိုက် သဘာဝကျသော ရိုက်ချက်များကို ရိုက်ကူးပေးနိုင်မည့် Quad Camera ပါဝင်လာပြီး စွမ်းဆောင်ရည်ကောင်းသော Snapdragon 665 processor နှင့်အတူ ဂိမ်းကစားရာတွင် စွမ်းဆောင်ရည်ထပ်မံ့မြှင့်တင်ပေးမည့် Game Boost 2.0 လည်းပါဝင်လာပါသည်။ ထို့အပြင် တစ်နေ့တာ လုပ်ငန်းဆောင်တာများ အပြင် ဂိမ်းကစားခြင်း နှင့် ရုပ်ရှင်ကြည့်ခြင်း များကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည့် 5,000 mAh လည်းပါဝင်လာပြီး ရုပ်ရှင်ကြည့်ခြင်း၊ ဂိမ်းကစားခြင်းများတွင် Dolby Atmos® sound effect များနှင့်အတူ စိတ်လှုပ်ရှားဖွယ်ရာ အသံများကို ဘက်ပေါင်းစုံမှ ခံစားနိုင်မည့် Dual Stereo Speakers ကိုလည်း ထည့်သွင်းပေးထားပါသည်။

ဂိမ်းကစားသူတွေအကြိုက်တွေ့စေမည့် OPPO A9 2020

OPPO မှ မိတ်ဆက်ပေးလိုက်သည့် OPPO A9 2020 စမတ်ဖုန်းသည် ကျယ်ပြန်သော 119°Ultra Wide Angle ပုံတွေကို သဘာဝကျကျ ရိုက်ကူးပေးနိုင်မည့်အပြင် Quad Camera set up ဖြစ်သည့် 48MP main camera၊ 8MP Ultra Wide Angle Lens၊ 2MP Mono lens နှင့် 2MP Portrait lens တို့ကို တပ်ဆင်ပေးထားပါသည်။ ထို့အပြင် Processor ပိုင်းတွင် 8GB Ram /128 Rom နှင့် Snapdragon 665 chipset ကိုအသုံးပြုပေးထားသည့်အပြင် software ပိုင်းတွင်လည်း ဂိမ်းကစားရာတွင် မြန်ဆန်သွက်လက်စွာ ကစားနိုင်ရန် အဆင့်မြှင့်တင်ပေးမည့် Game Boost 2.0 ကို ပေါင်းစပ်ပေးထားသည့် အတွက် ဂိမ်းကစားသူများအကြိုက်တွေ့စေမည် ဖြစ်ပါသည်။

Ultra Wide lens နှင့်အတူ ကင်မရာ (၄)လုံး ပါဝင်လာသည့် OPPO A5 2020

OPPO A9 2020 နှင့်အတူ မိတ်ဆက်ပေးလိုက်သည့် A5 2020 စမတ်ဖုန်းတွင် 12MP main camera၊ 8MP Ultra Wide Angle Lens၊ 2MP Mono lens နှင့် 2MP Portrait lens တို့ဖြင့် ကင်မရာ (၄)လုံးပါဝင်လာပြီး 119° Ultra Wide ဓာတ်ပုံများကို ရိုက်ကူးနိုင်မည့်အပြင် Ultra Night Mode 2.0 ပါဝင်လာသည့်အတွက် ညအချိန်ဓာတ်ပုံများရိုက်ကူးရာတွင် ကြည်လင်ပြတ်သားသော ပုံရိပ်များကို ရရှိမည် ဖြစ်ပါသည်။ OPPO A5 2020 စမတ်ဖုန်းကို 4GB Ram /128 Rom ဖြင့် ရရှိနိုင်မည် ဖြစ်ပြီး စမတ်ဖုန်းနှစ်မျိုးစလုံးကို စက်တင်ဘာလ (၂၉) ရက်နေ့တွင် စတင်ရောင်းချပေးသွားမည် ဖြစ်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top