မကွေးနဲ့ စစ်ကိုင်းမှာ တိုက်ပွဲတွေကြောင့် လူဦးရေထောင်သောင်းချီ အိုးအိမ်စွန့်ခွာထွက်ပြေးနေရ

tens-of-thousands-flee-homes-in-magwe-region-as-junta-troops-pillage.jpg

ရန်ကုန်၊ စက်တင်ဘာ (၂၁)

မကွေးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် လူဦးရေထောင်သောင်းချီအိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက သိရပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးအနေနဲ့ မကွေးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးကို လုံခြုံရေးနဲ့ သွားလာရေးဆိုင်ရာ စိန်ခေါ်မှုတွေရှိတဲ့အတွက်ကြောင့် လက်ရှိအချိန်ထိ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ လူဦးရေ အရေအတွက်ကို အတိအကျမရှိသေးပေ။

မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှု အခြေအနေတွေဟာ တိုက်ပွဲ၊ လုံခြုံရေးအခြေအနေ၊ မုတ်သုံမိုးနဲ့ ကိုဗစ်-၁၉ ရောဂါတွေကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေပြီး လူဦးရေ စုစုပေါင်း (၃) သန်း ဝန်းကျင်ဟာ အကူအညီနဲ့ အကာအကွယ်ပေးရေးအစီအစဉ်တွေ လိုအပ်နေပါတယ်။

ပြီးခဲ့တဲ့ ဇွန်လပိုင်းထဲက မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တွေက လူဦး‌ရေစုစုပေါင်း (၁၅,၂၅၀) ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတာဖြစ်ပါတယ်။

UNHCR ရဲ့ ထုတ်ပြန်ချက်နဲ့ ကိန်းဂဏန်းများအရ ၂၀၂၁ ခုနှစ် နှစ်စပိုင်းကတည်းက စုစုပေါင်း လူဦးရေ (၁၅,၀၀၀) ဟာ အိန္ဒိယနိုင်ငံကို ဖြတ်ကျော်ဝင်ရောက် နေထိုင်နေကြတာဖြစ်တယ်လို့ သိရပါတယ်။

Photo- Trending News Asia
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top