တောနက်ကြီးထဲ လေယာဉ်ပျက်ကျပြီး ၂ ပတ်ကျော်အကြာမှာ လသားကလေးအပါအဝင် ကလေး ၄ ယောက်ကို အသက်ရှင်လျက် ရှာဖွေတွေ့ရှိ

18.5.2023-yyl-6.jpg

ကိုလံဘီယာနိုင်ငံရဲ့ တောနက်ကြီးထဲကို လေယာဉ်ပျက်ကျပြီး သီတင်းပတ် ၂ ပတ်ကျော်အကြာမှာ လသားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် ကလေး ၄ ယောက်ကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပါတယ်။ မေလ ၁ ရက်နေ့ နံနက်အစောပိုင်းက လူ ၇ ယောက် လိုက်ပါလာတဲ့ Cessna 206 လေယာဉ်ငယ် အင်ဂျင်ချွတ်ယွင်းပြီး ကာကေးတာပြည်နယ်ရဲ့ တောနက်ထဲ ပျက်ကျသွားခဲ့တာပါ။

လေယာဉ်ပျက်ကျမှုမှာ လေယာဉ်မှူးအပါအဝင် အရွယ်ရောက်ပြီးသူ ၃ ယောက် သေဆုံးခဲ့ပြီး သူတို့ရဲ့ ရုပ်အလောင်းတွေကို လေယာဉ်ထဲက ပြန်လည်တွေ့ရှိခဲ့ပါတယ်။ ကိုလံဘီယာ စစ်တပ်၊ မီးသတ်တပ်ဖွဲ့နဲ့ အရပ်ဘက်ဆိုင်ရာ အာဏာပိုင်အဖွဲ့က ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ရာမှာ အသက် ၁၃ နှစ်၊ ၉ နှစ်၊ ၄ နှစ်နဲ့ ၁၁ လသားအရွယ် ကလေးငယ် ၄ ယောက်ကို အသက်ရှင်လျက် တွေ့ရှိခဲ့တာပါ။

အနံ့ခံခွေးတွေနဲ့ တောနင်းရှာဖွေရာမှာ စားပြီးသား သစ်သီးတစ်လုံး၊ သစ်ကိုင်းသစ်ခက်တွေနဲ့ လုပ်ထားတဲ့ ခိုလှုံရာနေရာတစ်ခုကို စတင်တွေ့ရှိခဲ့တာပါ။ အသက်ရှင် ကျန်ရစ်သူတွေရှိနေတဲ့ လက္ခဏာတွေကြောင့် ဆက်လက်ရှာဖွေရာမှာ ကလေးငယ်တွေကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ကလေး ၄ ယောက်ကို အသက်ရှင်လျက် တွေ့ရှိရတာဟာ ကိုလံဘီယာတစ်နိုင်ငံလုံး ပျော်ရွှင်ရတဲ့ကိစ္စ ဖြစ်တယ်လို့ ကိုလံဘီယာသမ္မတ ပက်ထရိုက တွစ်တာမှာ ရေးသားခဲ့ပါတယ်။

Ref: 4 children found alive in jungle weeks after Colombia plane crash

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top