ဘုရားကျောင်းကနေ ခိုးယူခဲ့တဲ့ ကျောက်မျက်ရတနာတွေကို သူခိုးက ၉ နှစ်အကြာမှာ တောင်းပန်စာနဲ့အတူ ပြန်ပေး

18.5.2023-yyl-8.jpg

ရှေးဟောင်းဟိန္ဒူဘုရားကျောင်း Gopinath Temple ကနေ အရှင်ခရစ်ရှနာရဲ့အဆင်တန်ဆာတွေကို ခိုးယူခဲ့တဲ့ သူခိုးဟာ ၉ နှစ်အကြာမှာ ခိုးယူခဲ့တဲ့ပစ္စည်းတွေကို ပြန်ပေးခဲ့ပါတယ်။ သူ့လုပ်ရပ်ကို နောင်တရတယ်လို့ ပြောထားတဲ့ စာတစ်စောင်လည်း ပါ ပါတယ်။ ဒါကတော့ အိန္ဒိယနိုင်ငံ၊ သြရိဿပြည်နယ်မှာ ဖြစ်ခဲ့တာပါ။ အဲဒီသူခိုးက ခိုးယူခဲ့တဲ့ပစ္စည်းတွေထည့်ထားတဲ့အိတ်ကို ဘုရားကျောင်းရဲ့ရှေ့တံခါးမှာ ညသန်းခေါင်ကြီး လာထားသွားခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ဒီအဆင်တန်ဆာတွေရဲ့တန်ဖိုးက သိန်းချီတယ်လို့ သိရပါတယ်။

သူခိုးရဲ့တောင်းပန်စာမှာ ဒီအဆင်တန်ဆာတွေကို ခိုးယူခဲ့တဲ့အတွက် ဒီ ၉နှစ်အတွင်း ပြဿနာတော်တော်များများကြုံတွေ့ရင်ဆိုင်ခဲ့ရတယ်၊ ဒါတွေကို လက်မြှောက်အရှုံးပေးလိုက်ပါပြီလို့ ရေးသားထားပါတယ်။ စာထဲမှာ သူ့နာမည်ကိုတော့ လျှို့ဝှက်ထားပါတယ်။ သူခိုးက အဆင်တန်ဆာတွေနဲ့အတူ ရူပီး ၃၀၀ ကိုလည်း ချန်ထားခဲ့တာပါ။

၂၀၁၄ ခုနှစ် မေလမှာ ဘုရားကျောင်းက အရှင်ခရစ်ရှနာရဲ့အဆင်တန်ဆာများစွာ ခိုးယူခံခဲ့ရတာပါ။ ခိုးခံခဲ့ရတဲ့ အဆင်တန်ဆာတွေထဲမှာ ဦးသျှောင်၊ နားကပ်၊ လက်ကောက်နဲ့ ပုလွေတွေလည်း ပါဝင်ခဲ့ပါတယ်။ ရဲစခန်းကို တိုင်ခဲ့ပေမဲ့ ဒီပြဿနာကို ဖြေရှင်းနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ခိုးခံရတဲ့ပစ္စည်းတွေကို ရက်တော်တော်ကြာ ရှာဖွေခဲ့ပြီးတဲ့အချိန်မှာ ရွာသားတွေလည်း လက်လျှော့လိုက်ရပါတယ်။

ဘုရားကျောင်းရဲ့ဘုန်းတော်ကြီးကတော့ ခိုးယူခံရတဲ့အဆင်တန်ဆာတွေ ပြန်ရဖို့ မမျှော်လင့်ခဲ့ကြောင်း၊ ခိုးယူခံရတဲ့အဖြစ်အပျက်အပြီးမှာ အဆင်တန်ဆာအသစ်တွေ ဝယ်ယူခဲ့ကြောင်း ပြောပါတယ်။

Ref: 9 Years After Robbery, Odisha Thief Returns Stolen Jewellery Worth Lakhs With Apology Note

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top