သင် မကြာခဏ ခေါင်းကိုက်သလို ခံစားရတတ်လား။ ခေါင်းကိုက်သလိုခံစားရတာက အကြောင်းအရင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးတာ၊ သွေဖိအားများတာ၊ ထိခိုက်ဒဏ်ရာရတာ၊ ရာသီဥတုတွေကြောင့်လည်း ခေါင်းကိုက်တတ်ပါတယ်။ သင့်ရဲ့ဆံပင်ပြင်ဆင်တဲ့ ပုံစံကလည်း သင့်ကို ခေါင်းကိုက်စေတဲ့ အကြောင်းအရင်း ဖြစ်နိုင်ပါတယ်။ သင့်ဦးရေပြားကို ဖိအားပေးတဲ့ တချို့ဆံပင်ပုံစံတွေက ဦးရေပြားနာကျင်သလို ဖြစ်လာပြီး ခေါင်းကိုက်မှုကို ဖြစ်စေပါတယ်။ ဘယ်လိုဆံပင်ပုံစံတွေက ခေါင်းကိုက်ခြင်းကို ဖြစ်စေလဲဆိုတာကို မျှဝေပေးလိုက်ရပါတယ်။
ဆံပင်မြှောက်ပြီးစုစည်းတာ

ဆံပင်မွေးညင်းပေါက်အခြေနဲ့ ဦးရေပြားမှာ နာကျင်မှုကို ခံစားနိုင်တဲ့ အရမ်းအထိခိုက်မခံနိုင်တဲ့ အာရုံကြောတွေရှိပါတယ်။ ဆံပင်မြှောက်ပြီးစုစည်းတာက အာရုံကြောတော်တော်များများကို တင်းကျပ်သွားပြီး ခေါင်းကိုက်ခြင်းကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒီအခြေအနေက အတော်လေးအဖြစ်များပြီး Ponytail Headache Syndrome လို့ သိကြပါတယ်။
ခေါင်းပတ်စည်းတာ

ခေါင်းပတ်ကို တင်းတင်းကျပ်ကျပ်ဝတ်တဲ့လူတွေကလည်း ခေါင်းကိုက်ခြင်းကို ခံစားရနိုင်ပါတယ်။ သင့်ခေါင်းမှာ ဝတ်ထားတဲ့အရာက သင့်နဖူးနဲ့ ဦးရေပြားမှာ အဆက်မပြတ် ဖိအားတွေပေးတဲ့အခါမျိုးမှာ ဖြစ်လာနိုင်ပါတယ်။ သင့်ခေါင်းကို ဖိထားသလိုဖြစ်နေတဲ့အရာရှိတဲ့ နေရာမှာ အများဆုံးနာကျင်စေပါတယ်။ ခေါင်းပတ်ကို အချိန်အကြာကြီး တင်းကျပ်စွာ ဝတ်ထားမယ်ဆိုရင် နာကျင်မှုက ပိုဆိုးရွားလာနိုင်ပါတယ်။
တင်းကျပ်စွာ ကျစ်ဆံမြီးကျစ်တာ

ကျစ်ဆံမြီးကို တင်းကျပ်စွာ ကျစ်ထားမယ်ဆိုရင် ဦးရေပြားနာကျင်လာပြီး ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ သင့်ဆံပင်ကို တင်းကျပ်နေအောင် ကျစ်ဆံမြီးကျစ်တဲ့အခါ သင့်ဆံပင်ကို ထိခိုက်ပျက်စီးစေတဲ့အပြင် သင့်ဦးရေပြားမှာ အရမ်းဖိအားဖြစ်စေတဲ့အတွက် ခေါင်းကိုက်ခြင်းကို ခံစားရလာနိုင်ပါတယ်။ တချို့အမျိုးသမီးတွေက ရာသီလာချိန်အတွင်းမှာ အထိခိုက်မခံနိုင်တဲ့ ဦးရေပြားရှိတတ်တဲ့အတွက် အဲဒီအချိန်မှာလည်း ခေါင်းကိုက်ခြင်းကို ခံစားရနိုင်ပါတယ်။
ဆံပင်ဆက်တာ

ဆံပင်ဆက်တာကလည်း ပြင်းထန်တဲ့ခေါင်းကိုက်ခြင်းကို ဖြစ်လာစေနိုင်ပါတယ်။ သင့်ဆံပင်မှာ ဝိတ်များလာတာက သင့်ခေါင်းမှာ တင်းကျပ်မှုကို ဖြစ်စေပါတယ်။ ဦးရေပြားမှာ အဆက်မပြတ် ဆွဲဆန့်ထားတာက အာရုံကြောတွေကို အထိခိုက်မခံနိုင်အောင် ဖြစ်လာစေနိုင်ပါတယ်။ အခြားဆံပင်ပုံစံတွေနဲ့မတူဘဲ ဆံပင်ဆက်တာက သင့်ဦးရေပြားမှာ အဆက်မပြတ် ဖိအားပေးသလို ဖြစ်စေပါတယ်။
ဆံပင်ပုံစံကြောင့် ခေါင်းကိုက်ခြင်းတွေမဖြစ်အောင် ဘယ်လိုလုပ်မလဲ
- နာကျင်သလိုခံစားရတဲ့ နေရာတစ်ဝိုက်က ဦးရေပြားကို ဖြည်းဖြည်းသာသာလေး နှိပ်နယ်ပေးပြီး အသက်ပြင်းပြင်းရှုပေးပါ
- မလိုအပ်ဘဲနဲ့ ခေါင်းပတ်ဝတ်ခြင်းကို ရှောင်ပါ
- သင့်ဦးရေပြားမှာ အရမ်းဖိအားဖြစ်စေမယ့် ဆံပင်ပုံစံတွေကို ရှောင်ပါ
- အိပ်ရေဝဝအိပ်စက်ပါ
Ref: Brightside “4 Hairstyles That Can Give You a Headache”
WL (ရိုးရာလေး)