ဝိုင်နီသောက်တာက သင့်ခန္ဓာကိုယ်ကို ကိုဗစ်-၁၉ ရောဂါကနေ ကာကွယ်ပေးနိုင်တယ်လို့ လေ့လာချက်က ဆို

26-2-2022-yyl9.jpg

လေ့လာချက်အသစ်တစ်ခုက အရက်ဟာ အထူးသဖြင့် ဝိုင်နီက ကိုဗစ်-၁၉ ကူးစက်မခံရအောင် ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ကို ကူညီပေးနိုင်တယ်ဆိုတာကို သုတေသနပြုခဲ့ပါတယ်။ ဝိုင်နီသောက်တတ်တဲ့သူတွေအတွက်တော့ ဒါက သတင်းကောင်းလို့ ဆိုရမှာပါပဲ။ အခုလအစောပိုင်းမှာ ထုတ်ဝေခဲ့တဲ့ Frontiers in Nutrition ဂျာနယ်မှာ တရုတ်နိုင်ငံရဲ့ Shenzhen Kangning ဆေးရုံက သုတေသနအဖွဲ့က ဝိုင်နီ၊ ဝိုင်ဖြူ အနည်းငယ်သောက်ရတာ ကြိုက်တဲ့သူတွေက ကိုဗစ်-၁၉ ကူးစက်ခံရနိုင်မယ့် အခွင့်အရေးနည်းတယ်လို့ တွေ့ရှိခဲ့ရပါတယ်။

Fox 10 Phoenix သတင်းဌာနအရ လေ့လာချက်မှာ ပါဝင်သူ (၅၀၀,၀၀၀) နီးပါးပါဝင်ခဲ့ပြီး လူ (၁၆၄၀၀) ကျော်ကတော့ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ သုတေသီတွေဟာ ၂၀၀၆ခုနှစ်ကတည်းက လူတွေဆီက ကျန်းမာရေးနဲ့ လူနေမှုဘဝပုံစံအချက်အလက်တွေစုဆောင်းနေခဲ့တဲ့ UK ရဲ့ Biobank Study က အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာခဲ့ကြတာပါ။ သူတို့က အရက်သောက်သုံးတာကို အရက် (၁၄) ယူနစ်ထက်နည်းသောက်တဲ့သူ၊ (၁၄) ယူနစ်ထက် ပိုသောက်တဲ့သူ၊ (၂၈) ယူနစ်ထက် နည်းသောက်တဲ့သူ၊ (၂၈) ယူနစ်ထက် ပိုသောက်တဲ့သူဆိုပြီး အမျိုးအစား (၄) မျိုးခွဲခြားခဲ့ပါတယ်။

အပတ်တိုင်း ဝိုင်နီ သောက်တဲ့သူတွေက ကိုဗစ်-၁၉ မကူးစက်နိုင်ခြေပိုများခဲ့တယ်ဆိုတာကို သုတေသီအဖွဲ့က တွေ့ရှိခဲ့ရပါတယ်။ “အမြဲလိုလို လမ်းညွှန်ချက်နဲ့ ဝိုင်နီ၊ ဝိုင်ဖြူ၊ ရှန်ပိန်သောက်သုံးခဲ့တဲ့သူတွေနဲ့ တစ်ခါတလေ လမ်းညွှန်ချက်အတွင်း တစ်ပတ်ကို (၁-၂) ခွက် သောက်သုံးတဲ့သူတွေက ကိုဗစ်-၁၉ ကူးစက်နိုင်ခြေကို လျော့ချပေးနိုင်တဲ့ အခွင့်အရေးရှိတယ်လို့ ကျွန်တော်တို့ လေ့လာချက် ဆိုထားပါတယ်” လို့ လေ့လာချက်မှာ ပြောထားပါတယ်။ ကိုဗစ်-၁၉ ကူးစက်နိုင်ခြေမြင့်မားတဲ့ အရက်သောက်သုံးမှုပမာဏ၊ အကြိမ်ရေကို ထည့်သွင်းမစဉ်းစားဘဲ ဘီယာနဲ့ ပန်းသီးအရက်သောက်သုံးမှုကို အကြုံပြုမထားပါဘူး။ ဒါ့အပြင် အရက်အလွန်အကျွံသောက်တာကိုလည်း အရက်ယမကာအားလုံးအတွက် ထောက်ခံမထားပါဘူး” လို့ ဆိုပါတယ်။

တစ်နေ့ကို ဝိုင်နီ (၁) ခွက်ကနေ (၂) ခွက်သောက်တဲ့သူတွေက မသောက်တဲ့သူတွေနဲ့ယှဉ်ရင် ကိုဗစ်-၁၉ ကူးစက်နိုင်ခြေ ၁၀ ရာခိုင်နှုန်း ကနေ ၁၇ ရာခိုင်နှုန်းအထိ နည်းတယ်လို့လည်း လေ့လာတွေ့ရှိခဲ့ပါတယ်။ ဝိုင်ဖြူကတော့ တစ်ပတ်ကို (၅) ခွက် (သို့) (၅) ခွက်ထက်နည်းပြီး သောက်သုံးမယ်ဆိုရင် ကိုဗစ်ကူးစက်နိုင်ခြေ ၇ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်း လျော့ချပေးနိုင်ပါတယ်။ ဘီယာ မကြာခဏသောက်တဲ့သူတွေက မသောက်တဲ့သူတွေနဲ့ယှဉ်ရင် ကိုဗစ်ကူးစက်နိုင်ခြေ ၂၈ ရာခိုင်နှုန်းမြင့်မားတယ်လို့ သိရပါတယ်။

ဝိုင်နီက ထောက်ခံချက်ပေးထားတဲ့ လမ်းညွှန်ချက်ထက် နှစ်ဆ ကျော် (သို့) အထက် သောက်သုံးတဲ့အခါ ကိုဗစ်-၁၉ ကို ခုခံကာကွယ်နိုင်စွမ်းပေးတယ်လို့ လေ့လာချက်က ကောက်ချက်ချထားပါတယ်။ ဝိုင်သုံးသပ်သူတွေက ဒီလေ့လာချက်ကို သတိပြုမိပြီး မတူတဲ့ အရက်အမျိုးအစားတွေနဲ့ သောက်သုံးတဲ့ပမာဏတွေက ကိုဗစ်ကူးစက်နှုန်းအပေါ် သက်ရောက်စေတဲ့ အကြောင်းအရင်းများစွာရှိနိုင်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

UK Biobank ဒေတာကလည်း ၄၉ နှစ်နဲ့ အထက်လူတွေအပေါ် အခြေခံထားပြီး သူတို့ရဲ့သောက်သုံးတဲ့အလေ့အထတွေကိုလည်း ကပ်ရောဂါမစတင်ခင် ပေးထားတဲ့ အချက်အလက်တွေပေါ် အခြေခံထားတာကြောင့် အဲဒီကတည်းက သောက်သုံးမှုမှာ အပြောင်းအလဲရှိနိုင်ပါတယ်။ အရက်အလွန်အကျွံသောက်သုံးတာက ကျန်းမာရေးနဲ့မညီညွှတ်ကြောင်းနဲ့ အရက်သောက်သုံးမှုက ကိုဗစ်-၁၉ ကို ကာကွယ်ပေးတယ်ဆိုပြီး အရက်အလွန်အကျွံမသောက်သင့်ကြောင်း သုတေသီတွေက သတိပေးထားပါတယ်။

ကာကွယ်ဆေးထိုးတာ၊ Mask တပ်တာတွေက ကိုဗစ်ကူးစက်ခံရမှုကနေ ကာကွယ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုပါပဲ။ “ပြည်သူ့ကျန်းမာရေးလမ်းညွှန်ချက်တွေက ဘီယာနဲ့ အရက်သောက်သုံးသူတွေကြားမှာ ကျန်းမာရေးနဲ့ညီညွှတ်တဲ့လူနေမှုပုံစံအလေ့အထတွေနဲ့ ဉီးစားပေးမူဝါဒတွေကို ထောက်ခံခြင်းဖြင့် ကိုဗစ်-၁၉ ကူးစက်နိုင်ခြေကို လျှော့ချမှုအပေါ် အလေးထားသင့်တယ်”လို့ သုတေသီတွေက ဆိုထားပါတယ််။

Ref: Ladbible “Drinking Red Wine Could Help Your Body Prevent Getting Covid-19, Says Study”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top