စစ်တွေမြို့တွင် ညမထွက်ရ အမိန့်ထုတ်ပြန်

21-8-2020-yyl-018.jpg

ရန်ကုန် ဩဂုတ် ၂၁

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ COVID-19 အတည်ပြုလူနာ ဆက်တိုက်တွေ့ရှိနေရတဲ့အတွက် ရောဂါကူးစက်မှု ဆက်လက်မရှိစေရေးနဲ့ အချိန်မီထိန်းသိမ်းနိုင်ရေးတို့အတွက် ဩဂုတ် ၂၁ ရက်နေ့ကနေစတင်ပြီး ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။

စစ်တွေမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဒီထုတ်ပြန်ချက်အရ အရေးပေါ်ကိစ္စပေါ်ပေါက်လာမှသာ သက်ဆိုင်ရာရဲ့ခွင့်ပြုချက်နဲ့ ထွက်ခွင့်ရမှာဖြစ်ပြီးတော့ နေ့စဥ◌် ည ၉ နာရီကနေ နောက်တစ်နေ့ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဒီအမိန့်ဟာ ထုတ်ပြီးနေ့ကနေစတင်ပြီးတော့ ၂ လ အတည်ဖြစ်မှာပါ။ အများပြည်သူအကျိုးငှာ ရည်ရွယ် ထုတ်ပြန်တာဖြစ်တဲ့အတွက် လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top