ပြင်သစ်၊ စပိန်၊ ဂျာမနီ၊ ဗြိတိန်နိုင်ငံတွေမှာ ကိုဗစ်လူနာသစ် တွေ့ရှိမှု တစ်ကျော့ပြန်မြင့်တက်လာ

21-8-2020-yyl-012.jpg

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ပြင်သစ်နိုင်ငံမှာ တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၇၇၁ ယောက်အထိ မြင့်တက်ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံမှာ တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၀၀၀ ကျော် မြင့်တက်လာခဲ့တာဟာ ပြီးခဲ့တဲ့မေလနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ စပိန်၊ ဂျာမနီနဲ့ အီတလီနိုင်ငံတွေမှာလည်း ဧပြီလနှောင်းပိုင်း ဒါမှမဟုတ် မေလနောက်ပိုင်း လူနာသစ်အရေအတွက် စံချိန်တင် မြင့်တက်ခဲ့ပါတယ်။

စပိန်နိုင်ငံရဲ့ လူနာသစ်တော်တော်များများကတော့ လူငယ်တွေဖြစ်ပါတယ်။ ဂျာမနီနိုင်ငံမှာတော့ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေရေးစည်းမျဉ်းတွေကို မလိုက်နာတာ၊ ပြည်ပကနေ ပြန်လာသူတွေမှာ ရောဂါပိုးတွေ့ရှိတာတွေကြောင့် လူနာသစ်အရေအတွက် မြင့်တက်လာခဲ့ပါတယ်။ ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအများဆုံးဖြစ်တဲ့ ဗြိတိန်နိုင်ငံဟာလည်း ပြီးခဲ့တဲ့ကြာသပတေးနေ့က လူနာသစ် ၁၁၈၂ ယောက် တွေ့ရှိခဲ့ပါတယ်။ ဗြိတိန်နိုင်ငံမှာ သြဂုတ်လလယ်ကတည်းက လူနာသစ် တွေ့ရှိမှု တစ်ကျော့ပြန် မြင့်တက်လာခဲ့တာပါ။

ပြင်သစ်နိုင်ငံမှာ ရောဂါစစ်ဆေးမှု အတိုင်းအတာကို တိုးမြှင့်ခဲ့ပြီး ပြီးခဲ့တဲ့သီတင်းပတ်က ရောဂါစစ်ဆေးမှု ၆၆၄,၀၀၀ ကြိမ် လုပ်ဆောင်ခဲ့တယ်လို့ ပြင်သစ်ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ရောဂါစစ်ဆေးမှုပမာဏ တိုးမြှင့်ခဲ့သလို ရောဂါပိုးတွေ့ရှိတဲ့ လူနာအရေအတွက်လည်း မြင့်တက်လာခဲ့တာပါ။ ဇူလိုင်လကုန်မှာ ရောဂါပိုးတွေ့ရှိမှု ပမာဏ ၁.၅ ရာခိုင်နှုန်းပဲရှိပေမဲ့ သြဂုတ်လ ၁၁ ရက်ကနေ ၁၇ ရက်ကြားကာလမှာ ရောဂါပိုးတွေ့ရှိမှု ၃.၃ ရာခိုင်နှုန်း ရှိလာခဲ့ပါတယ်။

Ref: BBC “France: Virus cases spike to 4,700 in a day”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top