ပြင်းထန်တဲ့ဖျားနာမှုတွေ အလွယ်တကူ ဝင်ရောက်လာနိုင်တဲ့ လူအမျိုးအစား (၄) မျိုး

20-4-20202-yyl-005.jpg

ရာသီတစ်ရာသီနဲ့ တစ်ရာသီကူးပြောင်းတာနဲ့ ဖျားနာတာ၊ လည်ချောင်းနာတာ၊ ကြွက်သားနာကျင်တာတွေဖြစ်လာနိုင်ပြီး အိပ်ရာထဲမှာပဲ လဲလျောင်းနေကြရမှာပါ။ ရိုးရိုးဖျားနာတာတောင် အရှင်းပျောက်သွားဖို့အတွက် တစ်ပတ်လောက် အချိန်ယူရပါတယ်။ ဒါပေမဲ့ တချို့လူတွေကျတော့ ပြင်းထန်တဲ့ ဖျားနာမှုတွေ အလွယ်တကူဝင်ရောက်လာနိုင်သလို သက်သာဖို့အတွက် အခြားသူတွေလို တစ်ပတ်တည်းနဲ့ အချိန်ယူလို့မရကြပါဘူး။ အဲဒီလိုဖြစ်ရတာက ကိုယ်ခံအားစနစ်နဲ့ ကျန်းမာရေးအခြေအနေတွေပေါ်များစွာမူတည်ပါတယ်။ တချို့လူတွေက အခြားသူတွေနဲ့ယှဉ်ရင် ပြင်းထန်တဲ့ဖျားနာမှုတွေ ဖြစ်နိုင်ခြေပိုများပါတယ်။ ဒီလိုလူတွေက လျင်လျင်မြန်မြန်သက်သာသွားဖို့အတွက် ကိုယ့်ကိုယ်ကို နှစ်ဆဂရုစိုက်ဖို့လိုပါတယ်။ အဲဒီလူတွေက ဘယ်လိုလူမျိုးတွေလည်းဆိုတာ ကြည့်လိုက်ရအောင်..။

နာတာရှည်ရောဂါနဲ့ လူ

ပန်းနာရင်ကျပ်၊ အဆုတ်ပြဿနာတွေလို အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေနဲ့ ပတ်သက်တဲ့လူတွေက ပြင်းထန်တဲ့ဖျားနာခြင်းတွေ ဖြစ်လာနိုင်ခြေရှိပါတယ်။ နှလုံး၊ ကျောက်ကပ်၊ အသည်းရောဂါခံစားနေရတဲ့ သူတွေကလည်း အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ကိုယ်ခံအားစနစ်အားနည်းတဲ့ရောဂါ၊ ဆီးချိုရောဂါတွေကလည်း ပြင်းထန်တဲ့ဖျားနာခြင်းတွေ ဖြစ်လာနိုင်ပါတယ်။

အသက် (၆၅) နှစ်အထက် လူတွေ

အသက်အရွယ်ရလာတာနဲ့ ကျွန်တော်တို့ခန္ဓာကိုယ်က ကိုယ်ခံအားစနစ်က လျော့ကျသွားပါတယ်။ ပြင်းထန်တဲ့ ဖျားနာခြင်းတွေဖြစ်စေတဲ့ အန္တရာယ်ရှိရောဂါပိုးမွှားတွေကို တိုက်ဖျက်ဖို့အတွက် ကိုယ်ခံအားစနစ်က သိပ်မစွမ်းဆောင်နိုင်တော့ပါဘူး။ အဲဒီအကြောင်းအရင်းကြောင့်ပဲ အသက်ကြီးတဲ့သူတွေက ပြင်းထန်တဲ့ဖျားနာမှုတွေ အလွယ်တကူခံစားရနိုင်ပါတယ်။

အသက် (၂) နှစ်အောက် ကလေးတွေ

အသက် (၂) နှစ်အောက်ကလေးတွေကလည်း အခြားကလေးတွေနဲ့ယှဉ်ရင် အလွယ်တကူဖျားနာနိုင်ပါတယ်။ သူတို့ရဲ့ကိုယ်ခံအားနစ်က ဖွံ့ဖြိုးနေဆဲဖြစ်ပြီး သူတို့ရဲ့ခန္ဓာကိုယ်က ရောဂါတွေကို ကာကွယ်မပေးနိုင်တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ အသက် (၆) နှစ်အောက် မွေးကင်းစကလေးတွေက ဖျားနာမှုကြောင့် မကြာခဏ ဆေးရုံတက်ရသလို တချို့အတွက် အသက်အန္တရာယ်ကျရောက်နိုင်တယ်လို့ CDCကဆိုထားပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ

အသက်တစ်ချောင်းကို လွယ်ထားရတာ လွယ်ကူတဲ့အရာတော့ မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက အရမ်းကျန်းမာသန်စွမ်းရင်တောင် ရောဂါတွေ အလွယ်တကူကူးစက်နိုင်ခြေရှိပါတယ်။ ကလေးမွေးထားတဲ့ အမျိုးသမီးတွေကလည်း မွေးဖွားပြီး (၂) ပတ်ကျော်တဲ့အထိ ခုခံနိုင်မှုအားနည်းတဲ့အတွက် ပြင်းထန်တဲ့ဖျားနာမှုတွေ ခံစားရနိုင်ပါတယ်။

Ref: 4 kinds of people who are more prone to serious flu-related complications

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top