အင်ဒိုနီးရှားနိုင်ငံရဲ့ ရွာတစ်ရွာမှာ အင်ဒိုနီးရှားလူမျိုးတွေကို အိမ်ထဲကနေ အိမ်ပြင်မထွက်အောင် သရဲတွေနဲ့ ခြောက်လှန့်

20-4-20202-yyl-001.jpg

အင်ဒိုနီးရှားနိုင်ငံက Kepuh ရွာမှာ နေထိုင်တဲ့သူတွေကို ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကနေ ရှောင်ရှားနိုင်ဖို့အတွက် သရဲတွေနဲ့ ခြောက်လှန့်တဲ့နည်းကို သုံးခဲ့ကြပါတယ်။ အိမ်အပြင်ထွက်လာတဲ့သူတွေကို အဖြူရောင်ဝတ်ရုံနဲ့သရဲတွေက ခြောက်လှန့်နေတာဖြစ်ပါတယ်။ Kepuh ရွာက ဂျာဗာကျွန်းပေါ်မှာ တည်ရှိပြီး ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကနေ လူတွေကို ဝေးဝေးနေဖို့နဲ့ အိမ်အပြင်မထွက်ဖို့အတွက် ရွာလမ်းမထက်မှာ သရဲပုံစံဝတ်ဆင်ထားတဲ့လူတွေကို ရှိနေစေခဲ့တာဖြစ်ပါတယ်။ “အဝတ်စမှာရှိနေတဲ့သေလူရဲ့ဝိညာဉ်တွေက ကြောက်ဖို့ကောင်းတဲ့အတွက် အဟန့်အတားတစ်ခုအနေနဲ့ ဖန်တီးချင်ခဲ့တာပါ” လို့ ရွာလူကြီးက ပြောပါတယ်။ ရွာလူကြီးက ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ဖို့အတွက် ရဲတပ်ဖွဲ့နဲ့ တိုင်ပင်ပြီး လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အင်ဒိုနီးရှားသရဲလိုလိုဖြစ်အောင် သေလူရဲ့ဝိညာဉ်ခိုအောင်းနေတဲ့အဝတ်စနဲ့ပတ်ပြီး မျက်နှာမှာ ပေါင်ဒါမှုန့်လိမ်းကာ မျက်လုံးကို မဲနက်အောင် ခြယ်သထားရပါတယ်။ အင်ဒိုနီးရှားလူမျိုးတွေရဲ့ ဓလေ့ထုံးစံမှာ အဲဒီလိုလူတွေကို သေလူတွေရဲ့ဝိညာဉ်တွေကပ်ညှိနေတဲ့သူတွေအဖြစ် ကိုယ်စားပြုကြပါတယ်။ အယူသီးတဲ့အင်ဒိုနီးရှားလူမျိုးတွေက လမ်းမထက်မှာ အဲဒီသရဲတွေကို တွေ့ရင် သေချာပေါက် ကြောက်လန့်ကြမှာဖြစ်ပါတယ်။

ဒါပေမဲ့ လူတွေကို ဝေးဝေးနေစေသလို မဖြစ်စေဘဲ သရဲကို သေချာအနီးကပ်မြင်တွေ့ရဖို့ အင်ဒိုနီးရှားလူတွေက ကြိုးစားခဲ့ကြပါတယ်။ အဲဒါကြောင့် စေတနာ့ဝန်ထမ်းတွေကို သရဲအနေနဲ့ ရုတ်တရက်ခြောက်လှန့်ဖို့ လုပ်ဆောင်ခဲ့ကြရပါတယ်။ သမ္မတ ဂျိုကို ဝီဒိုဒိုက လူတွေကို လူတွေနဲ့ ခပ်ဝေးဝေးနေဖို့နဲ့ တစ်ကိုယ်ရည်သန့်ရှင်းဖို့ တိုက်တွန်းနေမယ့်အစား Lockdown ချပစ်ခဲ့ပါတယ်။

ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနှုန်းများလာတဲ့အတွက် တချို့အဖွဲ့အစည်းတွေက သူတို့နည်းသူတို့ဟန်နဲ့ လူတွေကို အဟန့်အတားတွေပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ရွာတွေက ရွာသူရွာသားတွေကို အိမ်အပြင်မထွက်ဖို့ Lockdown ချတာ၊ သရဲတွေနဲ့ ခြောက်လှန့်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။ “ရွာသူရွာသားတွေက ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာနဲ့ပတ်သက်ပြီး သိမြင်မှုတွေနည်းနေပါတယ်။ အိမ်မှာ နေပါဆိုတဲ့ လမ်းညွှန်ချက်ကို လိုက်နာဖို့ သူတို့အတွက် အရမ်းခက်ခဲပါတယ်။ သူတို့က သာမန်လိုပဲ နေထိုင်ချင်ကြတာပါ” လို့ ရွာသူကြီးက ပြောပါတယ်။

သတင်းဌာနတစ်ခုက Kepuh ရွာကို မကြာသေးခင်က သွားလည်တဲ့အခါမှာ ရွာသူရွာသားတွေက သရဲတွေ ပေါ်လာရင် ကြောက်လန့်တကြီးနဲ့ ထွက်ပြေးကြတဲ့အတွက် ဒီနည်းက အလုပ်ဖြစ်တဲ့ပုံပဲလို့ သိရပါတယ်။ “အင်ဒိုနီးရှားသရဲတွေ ပေါ်လာကတည်းက မိဘတွေနဲ့ ကလေးတွေက သူတို့ရဲ့အိမ်ကနေ မထွက်တော့ဘူး။ လမ်းမပေါ်တွေမှာလည်း လူတွေက စုစုဝေးဝေးမနေတော့ပါဘူး”လို့ နေထိုင်သူတစ်ဦးက ပြောပါတယ်။

လက်ရှိ အင်ဒိုနီးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ (၆,၅၇၅) ဦး နဲ့ သေဆုံးသူ (၅၈၂) ဦးရှိနေပါတယ်။

ဗီဒီယိုကြည့်ရှုရန် 

Ref: Coronavirus: in Indonesia, ‘ghosts’ volunteer to keep people indoors

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top