ကမ္ဘာတစ်ဝှမ်းလုံးမှာ စီးကရက်တွေကို ဈေးနှုန်းနှစ်ဆမြှင့်ရောင်းချသွားဖို့ရှိနေ

nintchdbpict000324999261.jpg

သုတေသနအသစ်တစ်ခုကို ပြုလုပ်ဆန်းစစ်အပြီးမှာတော့ စီးကရက်တွေရဲ့ဈေးနှုန်းကို နှစ်ဆတိုးမြှင့်သင့်ကြောင်း ကျွမ်းကျင်သူတွေက တိုက်တွန်းလိုက်ပြီး ဒီကိစ္စကို မြန်မြန်အကောင်အထည်ဖော်နိုင်လေ ကျန်းမာရေးပြဿနာတွေကို မြန်မြန်လျှော့ချနိုင်လေပဲလို့ ဆိုလိုက်ပါတယ်။ ဒါဟာ ဝယ်ယူသောက်သုံးသူတွေအတွက် မလိုအပ်တဲ့ထွက်ငွေတစ်ရပ်ကို လျှော့ချပေးရာလည်းရောက်ပြီး ရောဂါဘယတွေကိုလည်း ကာကွယ်ပြီးသား ဖြစ်သွားစေမယ်လို့ ဆိုပါတယ်။

ဝယ်ယူသောက်သုံးသူတွေအတွက် မလိုအပ်တဲ့ထွက်ငွေတစ်ရပ်ကို လျှော့ချပေးရာလည်းရောက်

ကမ္ဘာတစ်ဝှမ်းမှာရှိနေကြတဲ့လူဦးရေသန်းချီဟာ စီးကရက်သောက်သုံးမှုကြောင့်ဖြစ်တဲ့ ဆိုးရွားတဲ့ရောဂါတွေကို ခံစားနေကြရ

ကျွန်တော်တို့အားလုံးသိတဲ့အတိုင်း ကမ္ဘာတစ်ဝှမ်းမှာရှိနေကြတဲ့လူဦးရေသန်းချီဟာ စီးကရက်သောက်သုံးမှုကြောင့်ဖြစ်တဲ့ ဆိုးရွားတဲ့ရောဂါတွေကို ခံစားနေကြရပါတယ်။ ဒါကြောင့် သုတေသနတွေရဲ့အဆိုအတိုင်းပဲ စီးကရက်ဈေးနှုန်းကို ထပ်မြှင့်လိုက်ခြင်းက ငွေကုန် လူပန်းအဖြစ်တွေအတွက် အကူအညီရစေနိုင်မှာပါ။

စီးကရက်ဈေးနှုန်းကို ထပ်မြှင့်လိုက်ခြင်းက ငွေကုန် လူပန်းအဖြစ်တွေအတွက် အကူအညီရစေနိုင်

တိုရွန်တို (Toronto) တက္ကသိုလ်နဲ့ စိန့် မိုက်ကယ် (St Michael’s) ဆေးရုံတွေက ကမ္ဘာ့နိုင်ငံ (၃၀) က စီးကရက်သောက်သုံးသူအမျိုးသားသန်း (၅၀၀) ကျော်ကို မေးမြန်းလ့လာခဲ့တဲ့မှတ်တမ်းတွေအရ စီးကရက်ဈေးနှုန်းတက်လာခြင်းဟာ သူတို့ရဲ့ဝင်ငွေအပေါ် အသက်အရွယ်အပိုင်းအခြားအလိုက် တော်တော်လေး သက်ရောက်မှုရှိနေတယ်လို့ သိခဲ့ရပါတယ်။

စီးကရက်ဈေးနှုန်းတက်လာခြင်းဟာ ဝင်ငွေအပေါ် အသက်အရွယ်အပိုင်းအခြားအလိုက် တော်တော်လေး သက်ရောက်မှုရှိနေ

“အဆိုးဘက်ကကြည့်မယ်ဆိုရင်တော့ စီးကရက်ဈေးမြင့်လာတာက အောက်ခြေလူတန်းစားတွေကြားမှာ တော်တော်လေးဂယက်ထစရာကိစ္စပါ။ အကောင်းဘက်ကပြန်ကြည့်ရင်တော့ ဒီလိုဈေးမြင့်လာတာကြောင့် ယတိပြတ်မဖြတ်လိုက်တောင်မှ များများမသောက်ဖြစ်တော့ဘဲ ကျန်းမာရေးဘေးဥပါဒ်တွေကို လျှော့ချလိုက်ပြီးသား ဖြစ်သွားပါလိမ့်မယ်” လို့ ကျွမ်းကျင်သူတွေက ဆိုခဲ့ပါတယ်။

Ref: Elitereaders “Cigarette Prices Should Be Doubled, According to Researchers”
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top