မကြာခဏခေါင်းကိုက်ရခြင်းနောက်ကွယ်က အကြောင်းအရင်းတစ်ခု

yyl-016-7.jpg

အိမ်သန့်ရှင်းရေးပဲလုပ်လုပ် လေ့ကျင့်ခန်းပဲလုပ်လုပ် ဆံပင်မြှောက်ပြီးစည်းတဲ့ဆံပင်စတိုင်က သက်သောင့်သက်သာအဖြစ်ဆုံးနဲ့ အဆင်ပြေဆုံးပါပဲ။ အလုပ်လုပ်တဲ့အခါမှာလည်း ဆံပင်တွေမျက်နှာပေါ်ကျတာ၊ အနှောင့်အယှက်မဖြစ်အောင် ဆံပင်ကို စည်းရတာလွယ်ကူလှပါတယ်။ ဒါပေမဲ့ ဆံပင်ကို တင်းတင်းကျပ်ကျပ်စည်းတာက မကြာခဏခေါင်းကိုက်တာမျိုးတွေဖြစ်နိုင်တယ်ဆိုတာ သင်သိပါသလား။ ဒါက တကယ်မှန်ပါတယ်။ သင့်ရဲ့ဆံပင်စတိုင်က ခေါင်းကိုက်မှုကိုဖြစ်စေသလို သင့်ဆံပင်စည်းထားတဲ့အပေါ်မူတည်ပြီး အခြေအနေတွေက ဆိုးရွားလာနိုင်ပါတယ်။

ဆံပင်ကို ခေါင်းစည်းကြိုးနဲ့ တင်းတင်းကျပ်ကျပ်စည်းတာက သင့်ဦးရေပြားကို ဖိအားပေးတဲ့အပြင် မွေးညင်းပေါက်တွေကို ဆွဲထားသလိုဖြစ်ပြီး ခေါင်းကိုက်ခြင်းကို ဖြစ်စေပါတယ်။ မွေးညင်းပေါက်တွေက ထောက်ပံ့ပေးထားတဲ့ နဗ်ကြောအများကြီးရှိပါတယ်။ မွေးညင်းပေါက်ကို တင်းတင်းကျပ်ကျပ်ဆွဲလိုက်တဲ့အခါမှာ နာကျင်လာရပါတယ်။ မကြာခဏခေါင်းကိုက်တဲ့သူတွေက ဒီဆံပင်ပုံစံကြောင့် ခေါင်းကိုက်ရတာဖြစ်ပါတယ်။ ဦးရေပြား (သို့) အရေပြားကတွေ့ရတဲ့နာကျင်မှုကို cutaneous allodynia လို့ခေါ်ပါတယ်။ ဒီနာကျင်မှုကို ခေါင်းဖြီးတာ၊ ဆံပင်စည်းတာ၊ မျက်မှန်ဝတ်တာတွေနဲ့ ဖြစ်ပေါ်စေနိုင်ပါတယ်။ cutaneous allodynia က ဦးခေါင်းအနှံ့ပြန့်နှံ့နိုင်ပြီး သင့်ကို နေလို့ထိုင်လို့မရဖြစ်စေပါတယ်။

ဘယ်လိုလုပ်မလဲ

သင့်ဦးရေပြားကို အရမ်းဖိအားပေးတဲ့ ဆံပင်ပုံစံမျိုးကို ရှောင်သင့်ပါတယ်။ ဆံပင်ကို တင်းတင်းကျပ်ကျပ်စည်းမယ့်အစား ပြေပြေလျော့လျော့လေးစည်းပေးနိုင်ပါတယ်။ ခေါင်းကိုက်သလိုခံစားရရင် ဆံပင်စည်းထားတာကို ဖြည်လိုက်ပါ။ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်တဲ့အခါ ဆံပင်ကို လျော့လျော့လေးစည်းတာ၊ ဆံထုံး ထုံးတာတွေလုပ်ပေးလို့ရပါတယ်။

အခြားလက္ခဏာရပ်

ဆံပင်မြှောက်ပြီးစည်းတာက ခေါင်းကိုက်တာအမြဲတမ်းမဖြစ်နိုင်ပေမဲ့ ခဏခဏစည်းတာများလာရင်း နဖူးပေါ်က ဆံပင်စပ်တစ်လျှောက်က ဆံပင်တွေ ကျွတ်လာနိုင်ပါတယ်။ အချိန်တိုင်း ဆံပင်ပုံစံပြောင်းဖို့ကြိုးစားကြည့်ပါ။ ဆံပင်ခလယ်ခွဲကို အချိန်အကြာကြီးထားဖြစ်ရင် ဘေးခွဲပုံစံပြောင်းကြည့်သင့်ပါတယ်။

Ref: Your hairstyle can be the culprit behind your frequent headaches

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top