အရွယ်ရောက်လာပြီဖြစ်တဲ့ ကမ္ဘာ့အလှဆုံးကောင်မလေး

yyl-020-5.jpg

၂၀၁၇ခုနှစ်က ကမ္ဘာ့အလှဆုံးကောင်မလေးအဖြစ် အန်နက်တက်ဆီယား ကာယားဇီဗာဆိုတဲ့ ကလေးမော်ဒယ်ကို သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ သူ့ကို မော်ဒယ်အီရီနာရှက်ခ် (Irina Shayk) အသေးစားလေးလို့လည်းခေါ်ခဲ့ကြပါတယ်။ သူဟာ Vogue မဂ္ဂဇင်းမှာ ပါဝင်ခဲ့ရတဲ့ အငယ်ဆုံးမော်ဒယ်လည်းဖြစ်ခဲ့ပါတယ်။ သူ့ရဲ့လှပတဲ့အပြာရောင်မျက်လုံးတွေ၊ အညိုရောင်ဆံပင်ရှည်၊ နတ်သမီးမျက်နှာလေးတို့ပေါင်းစပ်လိုက်တဲ့အခါမှာ လူတော်တော်များများရဲ့နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပါတယ်။ အခုထိ သူဟာ အင်စတာဂရမ်မှာ follower (၁.၄) သန်းနဲ့ နာမည်ကြီးနေတုန်းပါပဲ။

အန်နက်တက်ဆီယားဟာ ကမ္ဘာ့အလှဆုံးကောင်မလေးအဖြစ် သတ်မှတ်ခံရတုန်းက သူ့အသက်က (၆) နှစ်ပဲရှိပါသေးတယ်။ အခုတော့ အရွယ်ရောက်လို့နေပါပြီ။ ကလေးမော်ဒယ်အဖြစ်စလုပ်ကိုင်ခဲ့တဲ့အချိန်ကစပြီး အခုအချိန်ထိ သူ့ရဲ့အကြောင်းတွေကို စာဖတ်ပရိသတ်တွေကို မျှဝေပေးလိုက်ရပါတယ်။

အန်နက်တက်ဆီယားက အသက် (၂) နှစ်ခွဲကတည်းက မော်ဒယ်အလုပ်ကို စလုပ်ခဲ့ပြီး အသက် (၄) နှစ်မှာ အတော်လေးနာမည်ကြီးခဲ့ပါတယ်။ သူက ကင်မရာရှေ့မှာ သဘာဝအတိုင်းဟန်ပန်တွေလုပ်ပြီး ပေါ့ပေါ့ပါးပါးလေး သရုပ်ဆောင်တက်တဲ့အတွက် ကုန်ပစ္စည်းတံဆိပ်တော်တော်များများက သူ့ကိုမျက်စိကျခဲ့ကြပါတယ်။ ၂၀၁၅ခုနှစ်မှာ သူ့ရဲ့အမေက သူ့အတွက် အင်စတာဂရမ်အကောင့်ဖွင့်ပေးခဲ့တာပါ။

၂၀၁၇ခုနှစ်မှာ အန်နက်တက်ဆီယားဟာ ကမ္ဘာ့အလှဆုံးကောင်မလေးဖြစ်လာခဲ့ပါတယ်။ ပြည်သူတွေကလည်း သူ့ရဲ့အလှနဲ့ထူးခြားတဲ့အပြာရောင်မျက်လုံးကြောင့် အံ့သြမင်သက်ခဲ့ရပါတယ်။ ၂၀၁၈ခုနှစ်မှာတော့ ကမ္ဘာ့အလှဆုံးကလေးစာရင်းမှာ နံပါတ် (၅) နေရာကိုရောက်ရှိခဲ့ပြီး အဝတ်အထည်ကုန်ပစ္စည်းတံဆိပ်တော်တော်များများနဲ့ လက်တွဲလုပ်ကိုင်ခဲ့သလို တီဗီရှိုးတွေမှာလည်း တွဲဖက်အစီအစဉ်တင်ဆက်သူဖြစ်ခဲ့သလို ရုပ်ရှင်ကားတွေမှာလည်း ပါဝင်လာခဲ့ပါတယ်။

သူဟာ သာမန်ကလေးတစ်ယောက်လိုလည်းနေတုန်းပါပဲ။ အစိုးရကျောင်းတက်ခဲ့ပြီး သူ ဘယ်လောက်နာမည်ကြီးလဲဆိုတာကို သူနားမလည်ခဲ့ပါဘူး။ ကျောင်းမှာခဏနားနေတုန်း အခြားကျောင်းကလူတွေက သူ့ကိုတွေ့ဖို့လာရင် တကယ်အံ့သြခဲ့ရပါတယ်။ သူ့ရဲ့မိဘတွေက သူ့ကို သာမန်ကလေးတစ်ယောက်အနေနဲ့ ပြုစုပျိုးထောင်ပေးဖို့ ကြိုးစားနေခဲ့တာပါ။ သူက မော်ဒယ်အလုပ်နဲ့ ပညာရေးကို balanceဖြစ်အောင်လုပ်ပါတယ်။ သူက အင်္ဂလိပ်စာသင်တန်းတွေ၊ အကသင်တန်းတွေကို သင်ယူပါတယ်။ သူ့ရဲ့ဝါသနာတွေထဲကတစ်ခုက သီချင်းဆိုတာဖြစ်ပါတယ်။

လက်ရှိမှာတော့ သူ အရွယ်ရောက်လာတဲ့အခါမှာ စားဖိုမှူးတစ်ယောက်ဖြစ်ချင်တာပါ။
အန်နက်တက်ဆီယားရဲ့မိဘတွေက ဖက်ရှင်လောက၊ မော်ဒယ်လောကတို့နဲ့အဆက်စပ်မရှိပါဘူး။ သူ့ရဲ့အမေက စီးပွားရေးပါရဂူဖြစ်ပြီး သူ့အဖေက ကားလုပ်ငန်းကို လုပ်ကိုင်နေတာဖြစ်ပါတယ်။ သူ့မှာ သူ့ထက် (၇) နှစ်ကြီးတဲ့အစ်ကိုတစ်ယောက်လည်းရှိပါတယ်။ သူ့မိသားစုကတော့ အန်နက်တက်ဆီယားရဲ့အလုပ်တွေ အောင်မြင်လာဖို့အတွက် တက်နိုင်သလောက်လုပ်ပေးခဲ့ပါတယ်။

Ref: The Most Beautiful Girl in the World Has Grown Older. Here’s What She Looks Like Today

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top