အကြောပြတ်ရာတွေကို လျော့ပါးသွားစေမယ့် အိမ်တွင်းနည်းလမ်းတွေ

22-10-2020-yyl-001.jpg

ပေါင်၊ ဒူးနဲ့ ခန္ဓာကိုယ်တချို့နေရာတွေမှာ အကြောပြတ်ရာတွေရှိနေလို့ စိတ်ညစ်နေလား။ ခြေသလုံးမှာ အကြောပြတ်ရာရှိနေလို့ စကတ်တို၊ ဘောင်းဘီတိုဝတ်ရမှာ ရှက်နေရလား။ ဒီပြဿနာကို ကြုံတွေ့နိုင်တာ သင် တစ်ယောက်တည်းမဟုတ်ပါဘူးနော်။ အရေပြားမှာ ဖြစ်တဲ့ အကြောပြတ်ရာတွေက အသက်အရွယ်မရွေးဖြစ်လာနိုင်ပါတယ်။ သင့်အရေပြားက မြန်မြန်ဆန်ဆန်ကြီး ပုံစံပြောင်းလဲတဲ့အခါ ဒူးခေါင်းတစ်ဝိုက် (သို့) လက်မောင်းတစ်ဝိုက်မှာ အကြောပြတ်ရာကို တွေ့ရတတ်ပါတယ်။ အမျိုးသားရော၊ အမျိုးသမီးရောပါ အဖြစ်များကြပါတယ်။ ဒီအကြောပြတ်ရာတွေ ခန္ဓာကိုယ်မှာ တွေ့နေရလို့ သင် တစ်ခုခုဖြစ်နေတယ်လို့ ဆိုလိုတာမဟုတ်ပါဘူးနော်။

အရေပြားမှာ အကြောပြတ်ရာလို အဆင်းရာတွေဖြစ်လာတဲ့အခါ အရေပြားကိုလာဂျင်က အားနည်းလာပြီး အရေပြားအပေါ်လွှာအောက်မှာ ဒီအကြောပြတ်ရာတွေဖြစ်စေတဲ့ အရေးအကြောင်းတွေပေါ်လာရပါတယ်။ အကြောပြတ်ရာတွေက ဘယ်လိုအခြေအနေမျိုးတွေမှာပေါ်လာနိုင်လဲဆိုရင်

  • ပျိုဖော်ဝင်လို့ လူကောင်ထွားလာတဲ့အခါ
  • ကိုယ်အလေးချိန်အတက်အကျမြန်တဲ့အခါ
  • ကြွက်သားတက်စေတဲ့ လေ့ကျင့်ခန်းတွေလုပ်တဲ့အခါ
  • ကိုယ်ဝန်ရှိတဲ့အခါမျိုးမှာဖြစ်တတ်ပါတယ်။
    အရေပြားမှာ အကြောပြတ်ရာတွေဖြစ်လို့ မစိုးရိမ်ပါနဲ့။ အကြောပြတ်ရာတွေကို လျော့ပါးသွားစေနိုင်တဲ့၊ ဖြစ်မလာအောင် ကာကွယ်နိုင်တဲ့ အိမ်တွင်းနည်းလမ်းတွေ ရှိပါတယ်နော်..။ အဲဒီနည်းလမ်းတွေကို တစ်ချက်လောက် မျှဝေပေးပါမယ်။

အုန်းဆီနဲ့ ကုသတာ

အုန်းဆီက အကြောပြတ်ရာတွေကို မြန်မြန်ဆန်ဆန်လျော့ပါးသွားအောင် ကူညီပေးနိုင်ပါတယ်။ အုန်းဆီက အနာတရတွေကို ကုသပေးနိုင်တဲ့ဂုဏ်သတ္တိရှိပြီး အရေပြားက ဒဏ်ရာတွေကို ကုသဖို့အတွက် အချိန်အနည်းငယ်သာယူရတယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။ ဘယ်လိုအသုံးပြုရမလဲဆိုရင် အကြောပြတ်ရာတွေမှာ အုန်းဆီကို တစ်နေ့ (၂) ကြိမ် လိမ်းပေးရုံပါပဲ။

ရှားစောင်းလက်ပက် နဲ့ကုသတာ

သန့်စင်တဲ့ရှားစောင်းလက်ပက်က ဒဏ်ရာတွေကိုလည်း ကုသပေးရုံသာမက အသားရေကိုလည်း ချောမွေစေပါတယ်။ ရှားစောင်းလက်ပက်ဂျယ်လ်က ကိုလာဂျင်ဓာတ်ကို တိုးလာစေတဲ့၊ အကြောပြတ်ရာတွေကို မှေးမိန်သွားစေနိုင်တဲ့ဓာတ်တွေ ပါဝင်ပါတယ်။ ဘယ်လိုအသုံးပြုရမလဲဆိုရင် ရှားစောင်းလက်ပတ်ပင်ကနေဂျယ်လ်ကို ထုတ်ယူပြီး ဗီတာမင်အေနဲ့ အီအဆီတွေနဲ့ ရောစပ်လိုက်ပါ။ သမအောင်မွှေပြီး အကြောပြတ်ရာပေါ်မှာ လိမ်းလိုက်ရုံပါပဲ။

သကြားနဲ့ ကုသတာ

သကြားကိုလည်း အကြောပြတ်ရာတွေကို လျော့ပါးသွားစေနိုင်ဖို့အတွက် အသုံးပြုလို့ရပါတယ်။ ဘယ်လိုအသုံးပြုရမလဲဆိုရင် သကြား ခွက်(၁) ခွက်ထဲကို အယ်မွန်ဆီ (သို့) အုန်းဆီတို့ကို ခွက်ရဲ့ လေးပုံတစ်ပုံလောက် ရောစပ်လိုက်ပါ။ ပြီးရင် သံပုရာရည်အနည်းငယ်ထည့်လိုက်ပြီး သမအောင် ရောစပ်ကာ အကြောပြတ်ရာမှာ လိမ်းကာ နှိပ်နယ်ပေးပါ။ ဒီနည်းကို ရေမချိုးခင် တစ်ပတ် (၂) ကြိမ် (၃) ကြိမ်လောက် လုပ်ပေးပါ။ အကြောပြတ်ရာမှာ ဒီအရောအနှောကို (၈-၁၀) မိနစ်လောက် သေချာ ပွတ်လိမ်းပေးဖို့လိုပါတယ်နော်။

ကြက်ဆူဆီ

ကြက်ဆူဆီက အကြောပြတ်ရာတွေကို လျော့ပါးသွားစေနိုင်တဲ့ Ricinoleic acid ပါဝင်ပါတယ်။ ဒါက အသားရေအတွက်ရော ဆံပင်ကျွတ်တာအတွက်ပါ အစွမ်းထက်ပါတယ်။ ဘယ်လိုအသုံးပြုရမလဲဆိုရင် ကြက်ဆူဆီကို နည်းနည်းအပူပေးပြီး နွေးသွားတဲ့အခါ အကြောပြတ်ရာမှာ (၁၅-၂၀) မိနစ်လောက် နှိပ်နယ်ပြီး လိမ်းပေးရုံပါပဲ။

Ref:Remove your stubborn stretch marks with these home ingredients

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top