အသက် (၂၀) ထက် အသက် (၃၀) အရွယ်က ချစ်သူရည်စားထားဖို့ အသင့်တော်ဆုံးအချိန်

re1.png

အသက် (၂၀) အရွယ်က ကျွန်တော်တို့ဘဝရဲ့ အမှတ်တရအဖြစ်ဆုံး နုနယ်ပျိုမြစ်နေဆဲ အသက်အရွယ်ပါပဲ။ အဲဒီအသက်အရွယ်မှာ ကျွန်တော်တို့ဟာ ငယ်ရွယ်သွက်လက်ပြီး ဘာကိုမှ ဂရုမစိုက်ဘဲ ရှုပ်ထွေးလှတဲ့ကမ္ဘာကြီးထဲကို ခြေလှမ်းစတင်ပါပြီ။ ရှုပ်ထွေးလှတဲ့ ကမ္ဘာကြီးနဲ့အတူ ကျွန်တော်တို့ရဲ့ အချစ်ရေးမှာလည်း အတတ်၊ အကျတွေနဲ့ ပတ်သတ်ရပြန်ပါတယ်။ ဒါက ထူးဆန်းကောင်းထူးဆန်းနိုင်ပါတယ်။ ဒါပေမဲ့ အသက် (၂ဝ) အရွယ်ကစလို့ အသက် (၃၀) အထိ အကူးအပြောင်းမှာ အခြေအနေတွေကို ဘယ်လို မြင်အောင်ကြည့်မလဲ၊ အချစ်ရေးကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာတွေနဲ့ ပတ်သတ်ပြီး ကွဲပြားခြားနားသွားအောင် လုပ်လို့ရပါတယ်။ ချစ်သူရည်းစားထားသင့်တဲ့အရွယ်က အသက် (၂၀) ထက် အသက် (၃၀) အရွယ်က ပိုပြီး သင့်တော်ပါတယ်။ ဘာလို့ အဲဒီလိုပြောရလည်းဆိုရင် ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး အကြောင်းပြချက်အနည်းငယ်ရှိပါတယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာမယ်

အသက် (၃၀) အရွယ်ရောက်တဲ့ အချိန်မှာ လူတွေက သူတို့ရဲ့အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို ပိုပြီး ပုံဖော်လာနိုင်ပြီး ငွေရေးကြေးရေးမှာလည်း အဆင်ပြေလာပါပြီ။ ဒါ့အပြင် ကိုယ့်ကိုယ်တိုင်လုပ်နေတဲ့ အရာတွေကိုလည်း လက်ခံယုံကြည်လာပြီး နှစ်အနည်းငယ်ကြာတာနဲ့ သူတို့ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိလာပါတယ်။

ကိုယ် တကယ်လိုအပ်တဲ့အရာကို သိလာမယ်

အသက် (၂၀) အရွယ်မှာ ထားခဲ့ဖူးတဲ့သူတွေ၊ တွေ့ဆုံခဲ့ဖူးတဲ့သူတွေကို အသက် (၃၀) အရွယ်ရောက်တဲ့အချိန်မှာ ကျေးဇူးတင်လိုက်ပါ။ သူတို့တွေကြောင့် အတွေ့အကြုံရလာပြီး လက်တွဲဖော်ဆီကနေ သင် တကယ်လိုအပ်တဲ့အရာကို သိလာပါတယ်။ ဒီနှစ်အတွင်းမှာ ကိုယ် တကယ်လိုအပ်တာကို သိသွားတဲ့အခါ အဆင်ပြေတယ်ဆိုရင်တော့ မကြာခင် လက်ထပ်လို့ရပြီး ဒါမှမဟုတ်ရင် အပျိုကြီးဘဝနဲ့ အရိုးထုတ်လို့လည်း ရပါတယ်။ သင်ဟာ ပိုပြီး ပွင့်လင်းမြင်သာလာပြီး အသက် (၂ဝ) အရွယ်တုန်းက စိတ်ကူးတွေဟာ အနည်းငယ် ကွာခြားသွားမှာပါ။

ရင့်ကျက်လာမယ်

နှစ်တွေအများကြီး ကုန်ဆုံးသွားတာနဲ့ သင်ဟာ ပိုပြီး ရင့်ကျက်လာပြီး လက်ရှိဘဝကြီးကို ပျော်ရွှင်ဖို့ သင်ယူတတ်လာပါတယ်။ ကုန်ဆုံးသွားတဲ့နှစ်တိုင်း တည်ငြိမ်ရင်ကျက်လာပြီး စိတ်ရှည် သည်းခံတတ်တဲ့သူတစ်ယောက်ဖြစ်လာပါတယ်။

နှလုံးသားနာကျင်မှုက ကြံ့ခိုင်သန်မာလာစေပါတယ်

အသက် (၂၀) အရွယ်မှာ အနည်းဆုံး တစ်ခါလောက်တော့ အသည်းကွဲဖူးကြမှာပါ။ အသက် (၂၀ ) အရွယ်မှာ အသေအလဲ ခံစားခဲ့ရပြီး အသက် (၃၀) အရွယ်မှာတော့ ပိုပြီး ခံနိုင်ရည်ရှိသွားပြီး Relationship ကြောင့် တွေ့ကြုံရမယ့် အတတ်အကျတွေကို ရင်ဆိုင်သွားနိုင်ပါပြီ။

အချစ်တွေ နက်ရှိုင်းလာမယ်

အသက် (၃၀) အရွယ်မှာ သင်ဟာ အချစ်၊ ဘဝ၊ relationshipနဲ့ ပတ်သတ်ပြီး နားလည်မှုပိုရှိလာတာကြောင့် အပြန်အလှန်ချစ်ကြတဲ့လူနှစ်ယောက်ရဲ့အချစ်တွေကလည်း နက်ရှိုင်းလာပါတယ်။ Relationshipက လှည့်စားမှုများတယ်၊ လူတွေဟာ အချိန်နဲ့အတူ ဘယ်လိုပြောင်းလဲနိုင်တာလည်းဆိုတာကို သိလာမှာပါ။ ဒါပေမဲ့လည်း သင်ဟာ ဘယ်အသက်အရွယ်မှာပဲဖြစ်ဖြစ် အမှားနဲ့မကင်းနိုင်သေးတာကြောင့် မိမိရဲ့အမှားတွေကို သင်ယူနိုင်ဖို့တော့ လိုပါတယ်။

Ref: “Why dating in your 30s is easier and better than 20s”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top