သွေးကင်ဆာပျောက်ကင်းအောင်ကုသနိုင်တဲ့ ကုထုံးသစ်တစ်မျိုးကို စမ်းသပ်တွေ့ရှိ

60353003_1338884682929941_2314111465503588352_n-1.jpg

ဩစတြေးလျဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာ ကန် မစ်က်လက်သ်ဝိတ် (Ken Micklethwaite) နဲ့ သူ့အဖွဲ့သားတွေဟာ သွေးကင်ဆာကို ရာနှုန်းပြည့်နီးပါး ပျောက်ကင်းအောင်ကုသနိုင်တဲ့ ကုထုံးတစ်မျိုကို စမ်းသပ်အောင်မြင်ခဲ့ကြပါပြီ။ ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်က ရှာဖွေဖျက်ဆီးဖို့မလွယ်တဲ့ကင်ဆာဆဲလ်တွေကို ရှာဖွေဖျက်ဆီးနိုင်ဖို့ ခုခံအားပြုပြင်ထားတဲ့ဆဲလ် (CAR T) ကို အသုံးပြုရမယ်ဆိုတဲ့နည်းလမ်းကို စမ်းသပ်တွေ့ရှိခဲ့ကြတာပါ။

ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်က ရှာဖွေဖျက်ဆီးဖို့မလွယ်တဲ့ကင်ဆာဆဲလ်တွေကို ရှာဖွေဖျက်ဆီးနိုင်ဖို့ ခုခံအားပြုပြင်ထားတဲ့ဆဲလ် (CAR T) ကို အသုံးပြုရမယ်ဆိုတဲ့နည်းလမ်းကို စမ်းသပ်တွေ့ရှိခဲ့

“ကင်ဆာရောဂါကိုရှာဖို့မလွယ်ဖြစ်နေတဲ့ ခုခံအားဆဲလ်တွေထဲကို ဗီဇမျိုးစေ့တစ်ခု ထည့်ပေးလိုက်တဲ့အခါ ကင်ဆာဆဲလ်တွေကိုရှာဖွေနိုင်လာပြီး တုံ့ပြန်မှုလည်းပြုလာနိုင်တယ်” လို့ ဒေါက်တာ ကန် (Ken) က ဆိုခဲ့ပါတယ်။

ဒီကုထုံးဟာ ဓာတ်ရောင်ခြည်ကုထုံးနဲ့ တိုင်းရင်းဆေးကုထုံးတွေကနေကွဲထွက်ပြီး ပြုပြင်ထားတဲ့ဆဲလ်တွေကို ထိုးဆေးအဖြစ်ထိုးပေးတဲ့ ကုထုံးသစ်တစ်ခု ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ လက်ရှိအသုံးပြုနေပြီး ကုသအောင်မြင်မှုရာခိုင်နှုန်းက (၇၀) ကနေ (၈၀) ရာခိုင်နှုန်းထိရှိကြောင်း FDA ကလည်း အသိအမှတ်ပြုပေးထားပါတယ်။

ဒီကုထုံးနဲ့ကုသမှု တစ်ကြိမ်ခံယူဖို့အတွက် ဒေါ်လာ (၅၀၀၀၀၀) နီးပါးကျသင့်နေတာမို့ ကင်ဆာဝေဒနာရှင်အများစု လက်လှမ်းမီဖို့ခက်တဲ့ ဈေးဖြစ်နေ

ဒီကုထုံးနဲ့ကုသမှု တစ်ကြိမ်ခံယူဖို့အတွက် ဒေါ်လာ (၅၀၀၀၀၀) နီးပါးကျသင့်နေတာမို့ ကင်ဆာဝေဒနာရှင်အများစု လက်လှမ်းမီဖို့ခက်တဲ့ ဈေးဖြစ်နေပါတယ်။ ဒါပေမဲ့ ဩစတြေးလျမှာတော့ ထိုးဆေးတစ်လုံးကို ဒေါ်လာ (၁၀၀၀၀) လောက်နဲ့ ရနိုင်ဖို့ ကြိုးပမ်းနေကြပါပြီ။

သွေးကင်ဆာရောဂါသည်တစ်ဦးဖြစ်တဲ့ (၁၉ ) နှစ်အရွယ် တော့ဒ် အိုရှေး (Todd O’Shea) ကတော့ ဒီဆေးနဲ့ကုသမှုခံယူပြီးတဲ့နောက် ရောဂါအခြေအနေသိသိသာသာ သက်သာကောင်းမွန်လာခဲ့

လတ်တလောမှာ သွေးနဲ့သက်ဆိုင်တဲ့ကင်ဆာကိုပဲ ကုသနိုင်သေးပေမဲ့ တခြား ကင်ဆာအမျိုးအစားတွေကိုပါကုသနိုင်ဖို့ ဒေါက်တာ ကန်က မျှော်လင့်ထားပါတယ်။ ဒီဆေးကို ထိုးပြီးတစ်လအတွင်းမှာ ရလဒ်ကိုသိရှိနိုင်ပြီး သွေးကင်ဆာရောဂါသည်တစ်ဦးဖြစ်တဲ့ (၁၉ ) နှစ်အရွယ် တော့ဒ် အိုရှေး (Todd O’Shea) ကတော့ ဒီဆေးနဲ့ကုသမှုခံယူပြီးတဲ့နောက် ရောဂါအခြေအနေသိသိသာသာ သက်သာကောင်းမွန်လာခဲ့တာကိုတွေ့ရပါတယ်။

Ref: dailymail “The simple injection that could ‘cure’ cancer: Australian doctor claims pioneering new treatment could eliminate blood cancer”
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply