ငယ်ငယ်ရွယ်ရွယ်နဲ့ သိပ္ပံစမ်းသပ်ချက်တွေ လုပ်နိုင်လို့ နာမည်ကြီးနေတဲ့ (၇) နှစ်သားလေး

190731_pika_chinadaily.jpg

တရုတ်ပြည်တောင်ပိုင်း ကွမ်တုန်းပြည်နယ်၊ ကွမ်ကျိုးမြို့က အသက် (၇) နှစ်အရွယ်ကလေးလေးဟာ သူ့ကိုယ်တိုင် သိပ္ပံစမ်းသပ်ချက်တွေ လုပ်ထားတဲ့ ဗီဒီယိုအသေးစားလေးတွေ တင်ရင်းနဲ့ follower (၂၃၀၀၀၀) ကျော်ရရှိထားပြီး ကြည့်ရှုသူတွေက သူ့ကို “Litttle Sheldon” လို့တောင် နာမည်ပြောင်ပေးထားကြပါတယ်။

အင်တာနက်ပေါ်မှာ ပီကာ (Pika) လို့ ခေါ်တဲ့ အဲဒီကောင်လေးက ကျောင်းက သိပ္ပံပွဲတစ်ခုမှာ သင်ယူခဲ့ရတဲ့ စမ်းသပ်ချက်တစ်ခုကို သူ့မိဘတွေကို ပြသရင်း အိမ်မှာ သိပ္ပံစမ်းသပ်ချက်တွေကိုယ်တိုင်လုပ်ရတာကို စိတ်အားထက်သန်လာခဲ့တယ်လို့ ဆိုပါတယ်။ သူ့ရဲ့မိခင်ကလည်း ထပ်ကြိုးစားကြည့်ပေးဖို့ တိုက်တွန်းအားပေးခဲ့ပါတယ်။

သူ မသိအောင် သူ့မိခင်ရိုက်ခဲ့တဲ့ ပထမဆုံးဗီဒီယိုကို ဧပြီလမှာ တင်ခဲ့တာပါ။ အဲဒီဗီဒီယိုက ပလတ်စတစ်ဗူးတစ်ခုထဲမှာ ဗင်နီဂါ နဲ့ မုန့်ဖုတ်ဆိုဒါတို့ ထုတ်လုပ်လိုက်တဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ ပူစီဖောင်းလေမှုတ်တာဖြစ်ပါတယ်။ သူ့ရဲ့ဗီဒီယိုက ပရိသတ်တွေကို ပိုပိုပြီး ဆွဲဆောင်လာခဲ့ပါတယ်။

သူ့ရဲ့မိခင်က သူ့အတွက် လက်တွေ့စမ်းသပ်ချက်တွေကို အွန်လိုင်းနဲ့ စာအုပ်တွေမှာ ရှာဖွေခဲ့ပြီး သူဟာ ဗီဒီယိုတွေမှာ ပါဝင်ချင်လာခဲ့ပါတယ်။ တစ်ခါတရံ ပီကာဟာ စမ်းသပ်ချက်တွေကို မလုပ်ချင်တဲ့အခါ သူ့မိခင်က အဲဒါတွေကို စိတ်ဝင်စားနေသေးတယ်ဆိုရင် မပြီးသေးဘဲ တစ်ဝက်တပျက်မထားနဲ့လို့ ပြောပါတယ်။

အင်တာနက်အသုံးပြုသူတွေဆီက အားပေးစကားတွေကလည်း ပီကာကို စမ်းသပ်ချက်တွေ ဆက်လက်ပြုလုပ်ဖို့ တွန်းအားဖြစ်စေပါတယ်။ “ကျွန်မ အင်တာနက်အသုံးပြုသူတွေဆီက ခွန်အားဖြစ်စေတဲ့စကားတွေကို သားလေးကို ပြောပါတယ်။ သူ ပျော်ရှာတယ်” လို့ ပီကာရဲ့မိခင်က ပြောပါတယ်။

ပီကာရဲ့မိခင်က သူ့ကလေးကို ဇွဲကောင်းကောင်းနဲ့ လေ့လာသင်ယူဖို့ မျှော်လင့်ထားပြီး တစ်ခါတရံ ပီကာ ကြိုက်နှစ်သက်တဲ့ ရုပ်ပုံအသစ်တွေနဲ့ သူ့ကို ဆုချပါတယ်။ သူ့မိခင်က ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်တယ်လို့ ပြနေမယ့်အစား ကလေးရဲ့သင်ယူနိုင်စွမ်းကို မှတ်တမ်းတင်ဖို့နဲ့ အခြားလူတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့အရာတွေကို မျှဝေဖို့ မျှော်လင့်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

Ref: AsiaOne “7-year-old Chinese boy’s science experiments make him a video star”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top