အမေ့လျော့ခံဖြစ်နေရဆဲ နိုင်ငံ့ဂုဏ်ဆောင်ချန်ပီယံများ

57649165_2325204291025165_7084145841438457856_n.jpg

မြန်မာနိုင်ငံမှာ အားကစားလို့ဆိုတာနဲ့ ဘောလုံးအားကစားနည်းကိုပဲ လူသိများ အာရုံစိုက်ကြတာကြောင့် အခုလို လူမသိသူမသိ နိုင်ငံ့ဂုဏ်ဆောင်ပေးနေကြတဲ့ ကျန်တဲ့အားကစားနည်းအများအပြားက အမေ့လျော့ခံဖြစ်နေကြရဆဲပါ။ သတင်းဌာနတွေကလည်း လူသိနည်းတဲ့အားကစားနည်းတွေအကြောင်းကို ဖော်ပြမှုနည်းကြတာကြောင့် အဲဒီအားကစားနည်းတွေဟာ တိမ်မြုပ်ရာကနေ ပျောက်ကွယ်လုနီးအနေအထားမှာ ရှိနေတာကိုတွေ့ရပါတယ်။

ဧပြီ (၂၁) ရက် နေ့လယ်ပိုင်းတုန်းက စင်ကာပူနိုင်ငံ၊ ချန်ဂီလေဆိပ် Terminal (2) Depature ထဲမှာ ချန်ပီယံဆုတံဆိပ်တစ်ခုကိုသယ်ဆောင်လာတဲ့ အားကစားအသင်းတစ်သင်းရှိနေခဲ့ပါတယ်

ပြီးခဲ့တဲ့ ဧပြီ (၂၁) ရက် နေ့လယ်ပိုင်းတုန်းက စင်ကာပူနိုင်ငံ၊ ချန်ဂီလေဆိပ် Terminal (2) Depature ထဲမှာ ချန်ပီယံဆုတံဆိပ်တစ်ခုကိုသယ်ဆောင်လာတဲ့ အားကစားအသင်းတစ်သင်းရှိနေခဲ့ပါတယ်။ သူတို့ကတော့ စင်ကာပူနိုင်ငံမှာ ဧပြီ (၁၇) ကနေ ဧပြီ (၂၀) အထိကျင်းပပြုလုပ်ခဲ့တဲ့ T20i International Series ခရစ်ကတ်ပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်ကြတဲ့ မြန်မာအမျိုးသမီးခရစ်ကတ်အသင်းသားတွေပါ။

အိမ်ရှင်စင်ကာပူအသင်းကိုအနိုင်ရကာ ချန်ပီယံဖလားကို ဆွတ်ခူးခဲ့တဲ့ မြန်မာအမျိုးသမီးခရစ်ကတ်အသင်း

နည်းပြ ၂ ဦး+ပြိုင်ပွဲဝင်အသင်းသား ၁၃ ဦး) ပါဝင်ပြီး ဒီပြိုင်ပွဲမှာ အိမ်ရှင်စင်ကာပူအသင်းကိုအနိုင်ရကာ ချန်ပီယံဖလားကို ဆွတ်ခူး

အသင်းမှာ စုစုပေါင်း လူ (၁၅) ယောက် (နည်းပြ ၂ ဦး+ပြိုင်ပွဲဝင်အသင်းသား ၁၃ ဦး) ပါဝင်ပြီး ဒီပြိုင်ပွဲမှာ အိမ်ရှင်စင်ကာပူအသင်းကိုအနိုင်ရကာ ချန်ပီယံဖလားကို ဆွတ်ခူးလာခဲ့ကြတာဖြစ်ပါတယ်။ အင်ဒိုနီရှားကပြိုင်ပွဲမှာလည်း နောက်ထပ် သွားရောက်ယှဉ်ပြိုင်ရဦးမယ်လို့ သိရပါတယ်။

သတင်းမီဒီယာတွေမှာ ဖော်ပြမှုမရှိခဲ့တာကြောင့်လည်း စင်ကာပူကမြန်မာလူမျိုးအများစုအနေနဲ့ လာရောက်အားပေးနိုင်ကြခြင်းမရှိခဲ့ဘဲ မြန်မာလူမျိုး အမျိုးသမီးတစ်ယောက်၊ အမျိုးသားတစ်ယောက်သာ လာရောက်အားပေးခဲ့

စင်ကာပူမှာ မြန်မာအမျိုးသမီးခရစ်ကတ်အသင်း အခုလိုလာရောက်ယှဉ်ပြိုင်တာကို သတင်းမီဒီယာမတွေမှာ ဖော်ပြမှုမရှိခဲ့တာကြောင့်လည်း စင်ကာပူကမြန်မာလူမျိုးအများစုအနေနဲ့ လာရောက်အားပေးနိုင်ကြခြင်းမရှိခဲ့ဘဲ မြန်မာလူမျိုး အမျိုးသမီးတစ်ယောက်၊ အမျိုးသားတစ်ယောက်သာ လာရောက်အားပေးခဲ့တာတွေ့ရတယ်လို့ အသင်းသားတစ်ဦးက ပြောပြခဲ့ပါတယ်။

လူစိတ်ဝင်စားအားပေးမှုကိုမရရှိပေမဲ့လည်း အကောင်းဆုံးကြိုးစားပြီး ချန်ပီယံဆုတွေယူလို့ နိုင်ငံ့ဂုဏ်ဆောင်ပေးနေ

ဒါကြောင့် လူစိတ်ဝင်စားအားပေးမှုကိုမရရှိပေမဲ့လည်း အကောင်းဆုံးကြိုးစားပြီး ချန်ပီယံဆုတွေယူလို့ နိုင်ငံ့ဂုဏ်ဆောင်ပေးနေတဲ့ ဒီလိုအားကစားအသင်းတွေအတွက် စိတ်ဓာတ်ခွန်အားရရှိအောင် ဝိုင်းဝန်းအားပေးပံ့ပိုးကြဖို့ မဖြစ်မနေလိုအပ်လှပါတယ်။

Ref: Myanmar Criket Fedration, Htike Htike Htun’s FB
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top